Sunday, April 5, 2020

မန္တလေး၌ တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသားလေးဦးကို ကျပ်ငါသိန်း ဒဏ်ရိုက်ကာ ပြည်နှင်ဒဏ်ပေး

Image may contain: 3 people, text

မန္တလေးမြို၌နိုင်ငံခြားသားများ ဗီဇာစည်းကမ်းနှင့်အညီ နေထိုင်ခြင်းရှိ၊မရှိ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မတ်လ (၃၁)ရက်ညပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ နေအိမ်တိုက်ခန်းတစ်ခန်း၌ တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား (၄)ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တရုတ်နိုင်ငံသားများ တရားမဝင် နေထိုင်မှုနှင့် ပတ်သက်၍ အသက်(၄၀)အရွယ် အိမ်ရှင်အမျိုးသား အပါအဝင် တရုတ်နိုင်ငံသား လေးဦးကို တရားစွဲဆိုခဲ့ပြီး ချမ်းအေးသာစံမြိုကနယ် တရားရုံးက ဒဏ်ငွေကျပ်ငါးသိန်းစီနှင့် ပြည်နှင်ဒဏ် ပြစ်ဒဏ်များ ချမှတ်အရေးယူခဲ့သည်ဟု ချမ်းအေးသာစံမြို့နယ် ကဉ္ဓနမဟီရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္ဓနမဟီရပ်ကွက်၊ (၃၃)လမ်းနှင့် (၇၇)လမ်းအနီးရှိ နေအိမ်တိုက်ခန်း ၌ တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းရသဖြင့် မတ်(၃၁)ရက်၊ ညပိုင်းက မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ရပ် ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် နေ ထိုင်သည့် တရုတ်နိုင်ငံသား လေးဦးကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တရုတ်နိုင်ငံသားများသည် မန္တလေးမြို့သို့ လာရောက်ကာ ကျောက်စိမ်းကျောက်မျက် အရောင်းအ ဝယ် လုပ်ကိုင်သူများဖြစ်ကြောင်းနှင့် ၎င်းတို့ကို COVID-19 နှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးရာတွင် ရောဂါလက္ခဏာများ မတွေ့ရဘဲ ကျန်းမာကြောင်း ရပ်ကွက်အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ပြော သည်။
သို့သော် ဥပဒေနှင့် အညီ နေထိုင်ခြင်း မဟုတ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဆိုပါ တရုတ်နိုင်ငံသားများကို အရေးယူပေးရန် မြို့နယ် လ.ဝ.က ဦးစီးမှူးက တရားလိုပြုလုပ်၍ ချမ်းအေးသာစံမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်ဟု ဆိုသည်။ ထို့အပြင် နိုင်ငံခြားသားများ နေအိမ်၌ လာရောက် တည်ခိုနေထိုင်သည်ကို သက်ဆိုင်ရာ ဌာနသို့ သတင်းပို့ရန် ပျက်ကွက်သည့် အိမ်ရှင် အမျိုးသားကိုပါ အမှုဖွင့် တရာစွဲဆိုခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား လေးဦးနှင့် အိမ်ရှင်အမျိုးသားကို ၁၉၄၀ နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပေဒ ပုဒ်မ-၅(၁)အရ ချမ်းအေးသာစံမြို့နယ် တရားရုံးက ဧပြီ(၂)ရက်တွင် ပြည်နှင်ဒဏ်နှင့် ဒဏ်ငွေ ကျပ်ငါးသိန်းစီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့၌ တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသားများ မကြာခန ဖမ်းဆီးရမိနေပြီး ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေး မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့် လမ်း၈၀အနီးရှိ နေအိမ်တစ်အိမ်တွင် တရားမဝင် နေ ထိုင်သည်ကို တရုတ်နိုင်ငံသား(၁၂)ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ဒဏ်ငွေတပ်ရိုက်ကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။
ထို့အပြင် မတ်လ(၂၄)ရက်ညပိုင်းကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ရှိ အိမ်ရာတိုက်ခန်းများ အပါအဝင် မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်များ၌ နိုင်ငံခြားသား တရားမဝင် နေထိုင်ခြင်း ရှိ၊မရှိနှင့် ဗီဇာစည်းကမ်းနှင့်အညီ နေထိုင်ခြင်း ရှိ၊မရှိ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က)၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများမှ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ မဟာအောင် မြေမြို့နယ်၊ ၃၅လမ်း၊ ၈၂လမ်းနှင့် ၈၃လမ်းကြားရှိ စားသောက်ဆိုင် နေအိမ်၌ တရုတ်နိုင်ငံသား (၁၀)ဦးခန့် တွေ့ရှိခဲ့ပြီး တရားဝင်နေထိုင်းခြင်း ဟုတ် မဟုတ်နှင့် ဗီဇာသက်တမ်း ရှိ၊မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
Ref ; Mandalay Indepth News
<zawgyi>
မန္တလေး၌ တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသားလေးဦးကို ကျပ်ငါသိန်း ဒဏ်ရိုက်ကာ ပြည်နှင်ဒဏ်ပေး
Monday, April 6, 2020

မန္တလေးမြို၌ နိုင်ငံခြားသားများ ဗီဇာစည်းကမ်းနှင့်အညီ နေထိုင်ခြင်း ရှိ၊မရှိ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မတ်လ(၃၁)ရက် ညပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ နေအိမ်တိုက်ခန်းတစ်ခန်း၌ တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား (၄)ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ တရုတ်နိုင်ငံသားများ တရားမဝင် နေထိုင်မှုနှင့် ပတ်သက်၍ အသက်(၄၀)အရွယ် အိမ်ရှင်အမျိုးသား အပါအဝင် တရုတ်နိုင်ငံသား လေးဦးကို တရားစွဲဆိုခဲ့ပြီး ချမ်းအေးသာစံမြိုကနယ် တရားရုံးက ဒဏ်ငွေကျပ်ငါးသိန်းစီနှင့် ပြည်နှင်ဒဏ် ပြစ်ဒဏ်များ ချမှတ်အရေးယူခဲ့သည်ဟု ချမ်းအေးသာစံမြို့နယ် က ဉ္ဓနမဟီရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ က ဉ္ဓနမဟီရပ်ကွက်၊ (၃၃)လမ်းနှင့် (၇၇)လမ်းအနီးရှိ နေအိမ်တိုက်ခန်း ၌ တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းရသဖြင့် မတ်(၃၁)ရက်၊ ညပိုင်းက မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ရပ် ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် နေ ထိုင်သည့် တရုတ်နိုင်ငံသား လေးဦးကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တရုတ်နိုင်ငံသားများသည် မန္တလေးမြို့သို့ လာရောက်ကာ ကျောက်စိမ်းကျောက်မျက် အရောင်းအ ဝယ် လုပ်ကိုင်သူများဖြစ်ကြောင်းနှင့် ၎င်းတို့ကို COVID-19 နှင့်ပတ်သက်၍ ကျန်းမာရေး စစ်ဆေးရာတွင် ရောဂါလက္ခဏာများ မတွေ့ရဘဲ ကျန်းမာကြောင်း ရပ်ကွက်အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ပြော သည်။
သို့သော် ဥပဒေနှင့် အညီ နေထိုင်ခြင်း မဟုတ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဆိုပါ တရုတ်နိုင်ငံသားများကို အရေးယူပေးရန် မြို့နယ် လ.ဝ.က ဦးစီးမှူးက တရားလိုပြုလုပ်၍ ချမ်းအေးသာစံမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်ဟု ဆိုသည်။ ထို့အပြင် နိုင်ငံခြားသားများ နေအိမ်၌ လာရောက် တည်ခိုနေထိုင်သည်ကို သက်ဆိုင်ရာ ဌာနသို့ သတင်းပို့ရန် ပျက်ကွက်သည့် အိမ်ရှင် အမျိုးသားကိုပါ အမှုဖွင့် တရာစွဲဆိုခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား လေးဦးနှင့် အိမ်ရှင်အမျိုးသားကို ၁၉၄၀ နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပေဒ ပုဒ်မ-၅(၁)အရ ချမ်းအေးသာစံမြို့နယ် တရားရုံးက ဧပြီ(၂)ရက်တွင် ပြည်နှင်ဒဏ်နှင့် ဒဏ်ငွေ ကျပ်ငါးသိန်းစီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့၌ တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသားများ မကြာခန ဖမ်းဆီးရမိနေပြီး ဖေဖေါ်ဝါရီလဆန်းပိုင်းက မန္တလေး မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့် လမ်း၈၀အနီးရှိ နေအိမ်တစ်အိမ်တွင် တရားမဝင် နေ ထိုင်သည်ကို တရုတ်နိုင်ငံသား(၁၂)ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ဒဏ်ငွေတပ်ရိုက်ကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။
ထို့အပြင် မတ်လ(၂၄)ရက်ညပိုင်းကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ရှိ အိမ်ရာတိုက်ခန်းများ အပါအဝင် မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်များ၌ နိုင်ငံခြားသား တရားမဝင် နေထိုင်ခြင်း ရှိ၊မရှိနှင့် ဗီဇာစည်းကမ်းနှင့်အညီ နေထိုင်ခြင်း ရှိ၊မရှိ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က)၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများမှ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ မဟာအောင် မြေမြို့နယ်၊ ၃၅လမ်း၊ ၈၂လမ်းနှင့် ၈၃လမ်းကြားရှိ စားသောက်ဆိုင် နေအိမ်၌ တရုတ်နိုင်ငံသား (၁၀)ဦးခန့် တွေ့ရှိခဲ့ပြီး တရားဝင်နေထိုင်းခြင်း ဟုတ် မဟုတ်နှင့် ဗီဇာသက်တမ်း ရှိ၊မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
Ref ; Mandalay Indepth News

0 comments:

Post a Comment