Wednesday, April 1, 2020

ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးခဲ့ပြီ ဝူဟမ်မြို့က ဆရာဝန်မတစ်ဦး ပျောက်ဆုံးနေ

Image may contain: one or more people and indoor

ကူးစက်မြန်ကိုဗစ်-၁၉ဗိုင်းရပ်စ် စတင်ပျံ့နှံ့ခါစက နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးခဲ့ပြီး ဝူဟမ်ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ဦးဆောင်ကုသပေးခဲ့တဲ့ ဝူဟမ်မြို့က ဆရာဝန်မ တစ်ဦးဟာ ပျောက်ဆုံးနေကြောင်း သိရပါတယ်။

အစောပိုင်းကတော့ ကိုဗစ်- ၁၉ မှန်းမသိသေးလို့ ဆားစ်ရောဂါကူးစက်လူနာအဖြစ်ပဲထင်ပြီး လူနာပုံမှာ ”ဆားစ်ကိုရိုနာဗိုင်းရပ်စ်”ဆိုတဲ့စာနဲ့ပဲရေးတင်ခဲ့ပါတယ်။ ဒီလိုလုပ်ရပ်ကြောင့် ဒေါက်တာအိုင့်ဖန်းဟာ ဝူဟမ်ဗဟိုဆေးရုံက တာဝန်ရှိသူတွေအရဲ့ ဆူပူကြိမ်းမောင်းတာကိုရော အပြစ်ပေးတာကိုပါ ခံခဲ့ရပါတယ်။
ဒေါက်တာ အိုင့်ဖန်းနဲ့အတူ ကူးစက်မြန်ရောဂါအကြောင်းကို အရင်ဆုံးအသိပေးခဲ့တဲ့ ဒေါက်တာလီကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်ပဲ သေဆုံးခဲ့တယ်လို့တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခု ဒေါက်တာ အိုင့်ဖန်းကလည်း တရုတ်မဂ္ဂဇင်းတစ်စောင်နဲ့အင်တာဗျူးတစ်ခုမှာ ဆေးရုံအုပ်ချုပ်ရေးမှူးတွေရဲ့ အားနည်းချက်တွေကို ထုတ်ပြောခဲ့ပြီးနောက်ပိုင်း လုံးဝပျောက်ဆုံးနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပျံ့နှံ့ခါစအခြေအနေတွေကို သတင်းထိမ်ချန်ဖို့ကြိုးစားနေတယ် လို့ တရုတ်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်နေကြချိန်မှာ ဒေါက်တာအိုင့်ဖန်း ပျောက်ဆုံးနေမှုက ပိုပြီးသံသယဝင်စရာဖြစ်နေတယ်လို့ သိရပါတယ်။
Image may contain: one or more people, people sitting, motorcycle and outdoor
Image may contain: one or more people
Image may contain: 1 person, closeup
Image may contain: one or more people
Image may contain: one or more people and people standing
Image may contain: one or more people and outdoor
Source-ဒေးလီးမေးလ် #Myanmar_Online_News

>>zawgyi<<
ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးခဲ့ပြီ ဝူဟမ်မြို့က ဆရာဝန်မတစ်ဦး ပျောက်ဆုံးနေ
Thursday, April 2, 2020

ကူးစက်မြန်ကိုဗစ်-၁၉ဗိုင်းရပ်စ် စတင်ပျံ့နှံ့ခါစက နိုင်ငံတကာအသိုင်းအဝိုင်းကို သတိပေးခဲ့ပြီး ဝူဟမ်ဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ဦးဆောင်ကုသပေးခဲ့တဲ့ ဝူဟမ်မြို့က ဆရာဝန်မ တစ်ဦးဟာ ပျောက်ဆုံးနေကြောင်း သိရပါတယ်။
အစောပိုင်းကတော့ ကိုဗစ်- ၁၉ မှန်းမသိသေးလို့ ဆားစ်ရောဂါကူးစက်လူနာအဖြစ်ပဲထင်ပြီး လူနာပုံမှာ ”ဆားစ်ကိုရိုနာဗိုင်းရပ်စ်”ဆိုတဲ့စာနဲ့ပဲရေးတင်ခဲ့ပါတယ်။ ဒီလိုလုပ်ရပ်ကြောင့် ဒေါက်တာအိုင့်ဖန်းဟာ ဝူဟမ်ဗဟိုဆေးရုံက တာဝန်ရှိသူတွေအရဲ့ ဆူပူကြိမ်းမောင်းတာ ကိုရော အပြစ်ပေးတာကိုပါ ခံခဲ့ရပါတယ်။
ဒေါက်တာ အိုင့်ဖန်းနဲ့အတူ ကူးစက်မြန်ရောဂါအကြောင်းကို အရင်ဆုံးအသိပေးခဲ့တဲ့ ဒေါက်တာလီကတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်ပဲ သေဆုံးခဲ့တယ်လို့တရုတ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခု ဒေါက်တာ အိုင့်ဖန်းကလည်း တရုတ်မဂ္ဂဇင်းတစ်စောင်နဲ့အင်တာဗျူးတစ်ခုမှာ ဆေးရုံအုပ်ချုပ်ရေးမှူးတွေရဲ့ အားနည်းချက်တွေကို ထုတ်ပြောခဲ့ပြီးနောက်ပိုင်း လုံးဝပျောက်ဆုံးနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ပျံ့နှံ့ခါစအခြေအနေတွေကို သတင်းထိမ်ချန်ဖို့ကြိုးစားနေတယ် လို့ တရုတ်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်နေကြချိန်မှာ ဒေါက်တာအိုင့်ဖန်း ပျောက်ဆုံးနေမှုက ပိုပြီးသံသယဝင်စရာဖြစ်နေတယ်လို့ သိရပါတယ်။
Source-ဒေးလီးမေးလ် #Myanmar_Online_News

0 comments:

Post a Comment