Wednesday, April 1, 2020

COVID-19 ကူးစက်ပြန့်ပွားမှု မြင့်မားလျှက်ရှိနေသေ အီရန်တွင် ရေကြီးရေလျှံမှုများဖြစ်ပွား


COVID-19 ကူးစက်ပြန့်ပွားမှု မြင့်မားလျှက်ရှိနေသော အီရန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ သိရသော သတင်းများအရ ၂၁ ဦးသေဆုံးပြီး၊ ၁ ဦးပျောက်ဆုံးနေကြောင်း အီရန်နိုင်ငံ အရေးပေါ်ဝန်ဆောင်မှုဌာနတစ်ခုမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဗုဒ္ဓဟူးနေ့ကပြောသည်။

ထို့အပြင် အခြားသူ ၂၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အများစုမှာ အီရန်တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့တွင်ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သေရာ ၁၂ ဦးသေဆုံးခဲ့ပြီး၊ မိုးသည်း ထန်မှု ထပ်မံဖြစ်ပွားဦးမည်ဟု သက်ဆိုင်ရာက သတိပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လနှင့် ဧပြီလများကလည်း အီရန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လူ ၇၆ ဦးသေဆုံးခဲ့သည်။
လက်ရှိအချိန်တွင် အီရန်နိုင်ငံဝယ် COVID-19 ကူးစက်ပြန့်ပွားမှုများဖြစ်ပွားနေလျှက်ရှိကာ ကူးစက်သူ စုစုပေါင်း ၄၇၅၉၃ ဦးရှိပြီး၊ ၃၀၃၆ ဦးသေဆုံးခဲ့ကာ ၁၅၄၇၃ ဦး ကုသပျောက်ကင်းခဲ့ကြောင်းသိရသည်။ အီရန်နိုင်ငံသည် COVID-19 ကူးစက်မှုအများဆုံး ၁၀ နိုင်ငံတွင် နံပါတ် ၇ နေရာဝယ်ရှိနေသည်။
Image may contain: sky and outdoor
Ref ; Popular
<zawgyi>
COVID-19 ကူးစက်ပြန့်ပွားမှု မြင့်မားလျှက်ရှိနေသေ အီရန်တွင် ရေကြီးရေလျှံမှုများဖြစ်ပွား
Thursday, April 2, 2020

COVID-19 ကူးစက်ပြန့်ပွားမှု မြင့်မားလျှက်ရှိနေသော အီရန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ သိရသော သတင်းများအရ ၂၁ ဦးသေဆုံးပြီး၊ ၁ ဦးပျောက်ဆုံးနေကြောင်း အီရန်နိုင်ငံ အရေးပေါ်ဝန်ဆောင်မှုဌာနတစ်ခုမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဗုဒ္ဓဟူးနေ့ကပြောသည်။
ထို့အပြင် အခြားသူ ၂၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အများစုမှာ အီရန်တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသတို့တွင်ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သေရာ ၁၂ ဦးသေဆုံးခဲ့ပြီး၊ မိုးသည်း ထန်မှု ထပ်မံဖြစ်ပွားဦးမည်ဟု သက်ဆိုင်ရာက သတိပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လနှင့် ဧပြီလများကလည်း အီရန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ လူ ၇၆ ဦးသေဆုံးခဲ့သည်။
လက်ရှိအချိန်တွင် အီရန်နိုင်ငံဝယ် COVID-19 ကူးစက်ပြန့်ပွားမှုများဖြစ်ပွားနေလျှက်ရှိကာ ကူးစက်သူ စုစုပေါင်း ၄၇၅၉၃ ဦးရှိပြီး၊ ၃၀၃၆ ဦးသေဆုံးခဲ့ကာ ၁၅၄၇၃ ဦး ကုသပျောက်ကင်းခဲ့ကြောင်းသိရသည်။ အီရန်နိုင်ငံသည် COVID-19 ကူးစက်မှုအများဆုံး ၁၀ နိုင်ငံတွင် နံပါတ် ၇ နေရာဝယ်ရှိနေသည်။
Ref ; Popular

0 comments:

Post a Comment