Worldometer ဝဘ်ဆိုဒ်တွင် ဖော်ပြသော နိုင်ငံတကာကူးစက်ရောဂါဆိုင်ရာ အချက်အလက်များအရ လူဦးရေသန်း ၅၀ နှင့်အထက်ရှိသောနိုင်ငံများတွင် အင်ဒိုနီးရှားသည် လူဦးရေ ၁- သန်းလျှင် ၃၆ ယောက်သာ ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်ခြင်း ရှိ- မရှိ စစ်နေသည်။ အဆိုပါစာရင်းတွင် ကမ္ဘာ့အဆိုးရွားဆုံး ၄-နိုင်ငံကိုဖော်ပြထားပြီး အင်ဒိုနီးရှား၊ အီသီယိုပီးယား၊ နိုင်ဂျီးရီးယားနှင့် ဘင်္ဂလားဒက်ရှ်တို့ပါဝင်ကြောင်း သိရသည်။
လူဦးရေ ၁-သန်းလျှင် အီသီယိုပီးယားသည် ၁၆-ယောက်နှုန်းဖြင့် အဆိုးရွားဆုံးတွင် ပထမ၊ ဘင်္ဂလားဒက်ရှ် ၁၈-ယောက်၊ နိုင်ဂျီးရီးယား ၁၉-ယောက်၊ အင်ဒိုနီးရှားသည် ၃၆-ယောက်ဖြင့် စတုတ္ထနေရာ၌ တည်ရှိနေသည်ဟု The Straight Time က ဆိုပါသည်။
အလားတူ နှိုင်းယှဉ်ကြည့်ရလျှင် လူ၁- သန်းလျှင် တောင်ကိုရီးယား၌ ၈,၉၉၆ -ယောက်၊ စင်ကာပူ ၆,၆၆၆ -ယောက်နှင့် မလေးရှား ၁,၆၀၅ ယောက်တို့ကို စမ်းသပ်စစ်ဆေးလျှက်ရှိကြသည်။
အင်ဒိုနီးရှားသည် အီသီယိုးပီးယားကဲ့သို့ နိုင်ငံများကြားတွင် အဆင့်သတ်မှတ်ချက် လျှောကျလျှက် ပါဝင်နေခြင်းမှာ အံ့အားသင့်စရာဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် အင်ဒိုနီးရှားတွင် အရှေ့တောင်အာရှ၏ အကြီးမားဆုံး စီးပွားရေးတည်ရှိနေသည်။ GDP အနေဖြင့်ကြည့်လျှင်လည်း တန်းတူအဆိုးရွားဆုံးဟု ဆိုသော ကျန် ၃- နိုင်ငံတွင် မည်သည့်နိုင်ငံနှင့်မဆို ၃-ဆကျော် ပိုများသည်။
အင်ဒိုနီးရှားနိုင်ငံသည် နေထိုင်သူ သန်း ၂၇၀ ကျော်အနက် ကိုရိုနာဗိုင်းရပ်စ်ပိုး စွဲကပ်ကြောင်း သံသယရှိသူ အရေအတွက်အနည်းငယ်ကိုသာလျှင် စစ်ဆေးနေသည်။
ဤတွင် ဗိုင်းရပ်စ်ပိုးစွဲကပ်မှုကို လုံလောက်စွာ မပြုလုပ်ပဲ ကူးစက်ကပ်ရောဂါကို ရပ်တန့်နိုင်လိမ့်မည်မဟုတ်ကြောင်း၊ အထူးသဖြင့် ရောဂါပျံ့ပွားပုံကိုလည်း ရှင်းလင်းစွာ မမြင်နိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးပါသည်။
လွန်ခဲ့သည့် မတ်လ ၁၆-ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ” မျက်စိ စုံမှိတ်ပြီး မီးငြိမ်းသတ်လို့မရဖူးလို့ စကားပုံရှိပါတယ်။ ဘယ်သူဘယ်ဝါတွေ ကူးစက်ခံနေရလဲဆိုတာ အသေအချာမသိပဲ ကူးစက်ကပ်ရောဂါဆိုတာကို ရပ်တန့်ပစ်ဖို့ မဖြစ်နိုင်ပါဘူး၊ နိုင်ငံအားလုံးအတွက် ရိုးရိုးရှင်းရှင်း တိုက်တွန်းရရင် သံသယဖြစ်ဖွယ်ကိစ္စတိုင်းကို စစ်ဆေးပါ၊ စစ်ဆေးပါ၊ စစ်ဆေးပါ ဆိုတာကိုပါပဲ .. “ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
Credit: Mal Nyeinn via-HtayOung #Myanmar_Online_News
>>zawgyi<<
ကိုရိုနာဗိုင်းရပ်စမ်းသပ်စစ်ဆေးနှုန်း ကမ္ဘာ့အဆိုးရွားဆုံး ( ၄ ) နိုင်ငံ
Wednesday, April 8, 2020

0 comments:
Post a Comment