Tuesday, April 7, 2020

Covid-19 စတင်ကူးစက်ရောဂါ စတင်ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံ ဝူဟန်မြို့ lockdown ရုပ်သိမ်းပြီ

Image may contain: night, skyscraper and outdoor

၇၆ ရက်ကြာ ကမ္ဘာနှင့်အဆက်အသွယ်ဖြတ်ခဲ့သော ဝူဟန်မြို့သည် ယခုအခါ lockdown ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။

ဇန်နဝါရီ ၂၃ ရက်မှ စတင်၍ lockdown ချခြင်းခံထားရသည့် ဝူဟန်မြို့မှ ပြည်သူများအား မိမိတို့မြို့မှနေ၍ အခြားဒေသများဆီသို့ သွားခွင့်ပြုပြီဖြစ်ကြောင်းကို တရုတ်အာဏာပိုင်များက ဗုဒ္ဓဟူးနေ့(ဧပြီ ၇)ရက်ည သန်းခေါင်အချိန်က ကြေညာခဲ့ခြင်းဖြစ်သည်။
”လွတ်လပ်ရေးရလိုက်သလိုပါပဲ”ဟု ဝူဟန်မြို့နေ အသက် ၅၁ နှစ်အရွယ်ရှိ ကျန်ခိုင်းကျုံကပြောသည်။ သူ၏ မော်တော်ယာဉ်အပါအဝင် မော်တော်ယာဉ်တန်းကြီးသည် ဝူဟန်မြို့အရှေ့ဖက်သို့ ဦးတည်သော အဝေးပြေလမ်းမထွက်ပေါက်မှ မြို့ပြင်သို့တွက်၍ ကျန်စုပြည်နယ်ဆီသို့သွားရန် တန်းစီစောင့်ဆိုင်းလျှက်ရှိကြသည်။
ဝူဟန်မြို့တာဝန်ရှိသူများကလည်း မြို့တော် ပြန်လည်ဖွင့်လှစ်ခြင်းကို အထပ်မြင့်တိုက်ကြီးများဝယ် မီးရောင်စုံများထွန်း၍ အခမ်းအနားတစ်ရပ်သဖွယ်ဖွင့်လှစ်ပေးခဲ့သည်။ ဝူဟန်ပြည်သူများကလည်း လူမှုကွန်ရက်အမျိုးမျိုးတွင် ဝူဟန်မြို့ lockdown ရုပ်သိမ်းပြီဖြစ်ကြောင်းကို ပျော်ရွှင်စွာ ရေးသားခဲ့ကြသည်။
အမျိုးသမီးငယ်တစ်ဦးကမူ " ဝူဟန်မြို့ lockdown ကျနေချိန်မှာ ကိုယ်လေးချိန် ၁၀ ကီလို ဝိတ်တက်သွားတယ်။ စာအုပ် ၂ အုပ်ဖတ်ဖြစ်တယ်။ တစ်သက်လုံး တစ်ခါမှ မကြိုးစားခဲ့တဲ့ ကိုယ့်ကိုယ်ကို ဆံပင်ညှပ်ဖြစ်သွားတယ်။တစ်နေ့ကို ၈ နာရီ အိပ်ဖြစ်တယ်။ ခုတော့ ပြင်ကမ္ဘာနဲ့ ပြန်ဆက်သွယ်ဖို့ အာရုံပဲရှိတော့တယ်" ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
Image may contain: night, sky and outdoor
Image may contain: one or more people, night and outdoor
Image may contain: one or more people and people sitting
Image may contain: one or more people, people standing, car, night and outdoor
Image may contain: sky, night, cloud and outdoor
Source - Popular
<zawgyi>
Covid-19 စတင်ကူးစက်ရောဂါ စတင်ဖြစ်ပွားခဲ့သော တရုတ်နိုင်ငံ ဝူဟန်မြို့ lockdown ရုပ်သိမ်းပြီ
Wednesday, April 8, 2020

၇၆ ရက်ကြာ ကမ္ဘာနှင့်အဆက်အသွယ်ဖြတ်ခဲ့သော ဝူဟန်မြို့သည် ယခုအခါ lockdown ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
ဇန်နဝါရီ ၂၃ ရက်မှ စတင်၍ lockdown ချခြင်းခံထားရသည့် ဝူဟန်မြို့မှ ပြည်သူများအား မိမိတို့မြို့မှနေ၍ အခြားဒေသများဆီသို့ သွားခွင့်ပြုပြီဖြစ်ကြောင်းကို တရုတ်အာဏာပိုင်များက ဗုဒ္ဓဟူးနေ့(ဧပြီ ၇)ရက်ည သန်းခေါင်အချိန်က ကြေညာခဲ့ခြင်းဖြစ်သည်။
”လွတ်လပ်ရေးရလိုက်သလိုပါပဲ”ဟု ဝူဟန်မြို့နေ အသက် ၅၁ နှစ်အရွယ်ရှိ ကျန်ခိုင်းကျုံကပြောသည်။ သူ၏ မော်တော်ယာဉ်အပါအဝင် မော်တော်ယာဉ်တန်းကြီးသည် ဝူဟန်မြို့အရှေ့ဖက်သို့ ဦးတည်သော အဝေးပြေလမ်းမထွက်ပေါက်မှ မြို့ပြင်သို့တွက်၍ ကျန်စုပြည်နယ်ဆီသို့သွားရန် တန်းစီစောင့်ဆိုင်းလျှက်ရှိကြသည်။
ဝူဟန်မြို့တာဝန်ရှိသူများကလည်း မြို့တော် ပြန်လည်ဖွင့်လှစ်ခြင်းကို အထပ်မြင့်တိုက်ကြီးများဝယ် မီးရောင်စုံများထွန်း၍ အခမ်းအနားတစ်ရပ်သဖွယ်ဖွင့်လှစ်ပေးခဲ့သည်။ ဝူဟန်ပြည်သူများကလည်း လူမှုကွန်ရက်အမျိုးမျိုးတွင် ဝူဟန်မြို့ lockdown ရုပ်သိမ်းပြီဖြစ်ကြောင်းကို ပျော်ရွှင်စွာ ရေးသားခဲ့ကြသည်။
အမျိုးသမီးငယ်တစ်ဦးကမူ " ဝူဟန်မြို့ lockdown ကျနေချိန်မှာ ကိုယ်လေးချိန် ၁၀ ကီလို ဝိတ်တက်သွားတယ်။ စာအုပ် ၂ အုပ်ဖတ်ဖြစ်တယ်။ တစ်သက်လုံး တစ်ခါမှ မကြိုးစားခဲ့တဲ့ ကိုယ့်ကိုယ်ကို ဆံပင်ညှပ်ဖြစ်သွားတယ်။တစ်နေ့ကို ၈ နာရီ အိပ်ဖြစ်တယ်။ ခုတော့ ပြင်ကမ္ဘာနဲ့ ပြန်ဆက်သွယ်ဖို့ အာရုံပဲရှိတော့တယ်" ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
Source - Popular

0 comments:

Post a Comment