Wednesday, April 1, 2020

ဒုတိယကမ္ဘာစစ်နောက်ပိုင်း Coronavirus သည် ကမ္ဘာ့အဆိုးရွားဆုံး အကျပ်အတည်းတစ်ခု ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား


Image may contain: 1 person, closeup
ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် coronavirus ကူးစက်ရောဂါသည် ကမ္ဘာ့အဆိုးရွားဆုံးအကျပ်အတည်းတစ်ခုဖြစ်လာကြောင်းကုလသမဂ္ဂအတွေင်းရေးမှူချုပ် Antonio Guterres က မတ်လ ၃၁ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် coronavirus ကူးစက်ရောဂါသည် ကမ္ဘာတစ်ဝှမ်း ပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်သောကြောင့် စိုးရိမ်မိကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

coronavirus ကြောင့်ဖြစ်ပေါ်လာသော စီပွားရေးကျဆင်းမှု အကျပ်အတည်းသည် ကမ္ဘာပေါ်ရှိ လူသားအားလုံးကို ခြိမ်းခြောက်နေကြောင်း Guterresမှ ပြောကြားထားသည်။

COVID-19 နှင့် စီးပွားရေးကျဆင်းမှုအန္တရာယ်သည် ဆူပူအုံကြွမှုနှင့် ပဋိပက္ခများကို တိုးပွားစေနိုင်ကြောင်းနှင့်ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာမှရင်ဆိုင်နေရသော အကျပ်အတည်းများတွင် အခက်ခဲဆုံးတစ်ခု ဖြစ်ကြောင်း Guterres မှ သတင်းထောက်များအား ပြောကြားခဲ့သည်။

နယူးယောက်အခြေဆိုက် ကုလသမဂ္ဂကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

“ကျွန်တော်တို့ဟာ နိုင်ငံရေးကစားပွဲတွေကိုမေ့ထားပြီး COVID-19 ဟာ လူသားတိုင်းအတွက်အန္တရာယ်ရှိတယ်ဆိုတာကိုနားလည်သဘောထားမယ်။ ပြီးတော့ လူတိုင်းစည်းစည်းလုံးလုံးနဲ့ တုန့်ပြန်ဖြေရှင်းမယ်ဆိုရင် ထိရောက်ကောင်းမွန်တဲ့ရလဒ်တွေ ရလာနိုငျပါတယျ” ဟု Guterres မှ ထပျလောငျးပွောကွားခဲ့ပါသညျ။

COVID-19 ရောဂါသည် ကမ္ဘာတစ်လွှားပျံ့နှံ့နေသောကြောင့် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ကာ စီးပွားရေးယိုယွင်းမှုများလည်း ဖြစ်ပေါ်လျှက်ရှိသည်။

COVID-19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများ၊ ပြိုလဲသွားသော အသေးစားကုမ္ပဏီများနှင့် အခြေခံလုပ်သားများအား ရည်ညွှန်းလျက် Guterres မှ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ကမ္ဘာလုံးဆိုင်ရာရောဂါနှိမ်နင်းရေးနှင့် ထူးခြားကောင်မွန်သော အကျိုးဆက်ရရှိစေရေး ဖန်တီးပေးရန်အလှမ်းဝေးလျှက်ရှိကြောင်း သတိပေးပြောကြားခဲ့သည်။

“ကျွန်တော်တို့က လမ်းကြောင်းမှန်အတိုင်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင် နေပါတယ်။ ဒါပေမယ့် ဗိုင်းရက်စ်ကို အပြီးသတ်ဖယ်ရှားဖို့ဆိုရင် ကျွန်တော်တို့ မြန်မြန်ဆန်ဆန်နဲ့ အများကြီးလုပ်ဖို့လိုပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။

ဆင်းရဲနွမ်းပါးပြီး ပဋိပက္ခများနှင့်ရင်ဆိုင်နေရသောနိုင်ငံများအတွက်အလှူငွေတောင်ခံခဲ့သည့်ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီရန်ကုလသမဂ္ဂသည် ရန်ပုံငွေအသစ်တစ်ခုကို မတ်လ ၃၁ရက်နေ့တွင် ဖန်တီးခဲ့ပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် COVID-19 အကျပ်အတည်းကို ဖြေရှင်းနိုင်စေရန်အတွက် ချမ်းသာသောနိုင်ငံများ၏ ပုံမှန်အကူအညီများအပြင် ငွေကြေးဆိုင်ရာစာချုပ်စာတမ်းအသစ်ရှိရန်လိုအပ်ကြောင်း Guterres က ပြောကြားခဲ့သည်။

Coronavirus ကူးစက်ရောဂါသည် ဆင်းရဲနွမ်းပါးသောနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများမှ ချမ်းသာကြွယ်ဝသောနိုင်ငံများသို့ တဖန် ပြန်လည်ကူးစက်လာနိုင်ပြီး လူပေါင်းသန်းနှင့်ချီ၍ သေဆုံးနိုင်ကြောင်း Guterres မှ သတိပေးပြောကြားခဲ့ပါသည်။
Source-Channel NewsAsia #Myanmar_Online_News

>>zawgyi<<

ဒုတိယကမ္ဘာစစ်နောက်ပိုင်း Coronavirus သည် ကမ္ဘာ့အဆိုးရွားဆုံး အကျပ်အတည်းတစ်ခု ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောကြား
Wednesday, April 1, 2020

ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် coronavirus ကူးစက်ရောဂါသည် ကမ္ဘာ့အဆိုးရွားဆုံးအကျပ်အတည်းတစ်ခုဖြစ်လာကြောင်းကုလသမဂ္ဂအတွေင်းရေးမှူချုပ် Antonio Guterres က မတ်လ ၃၁ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် coronavirus ကူးစက်ရောဂါသည် ကမ္ဘာတစ်ဝှမ်း ပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်သောကြောင့် စိုးရိမ်မိကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

coronavirus ကြောင့်ဖြစ်ပေါ်လာသော စီပွားရေးကျဆင်းမှု အကျပ်အတည်းသည် ကမ္ဘာပေါ်ရှိ လူသားအားလုံးကို ခြိမ်းခြောက်နေကြောင်း Guterresမှ ပြောကြားထားသည်။

COVID-19 နှင့် စီးပွားရေးကျဆင်းမှုအန္တရာယ်သည် ဆူပူအုံကြွမှုနှင့် ပဋိပက္ခများကို တိုးပွားစေနိုင်ကြောင်းနှင့်ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာမှရင်ဆိုင်နေရသော အကျပ်အတည်းများတွင် အခက်ခဲဆုံးတစ်ခု ဖြစ်ကြောင်း Guterres မှ သတင်းထောက်များအား ပြောကြားခဲ့သည်။

နယူးယောက်အခြေဆိုက် ကုလသမဂ္ဂကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

“ကျွန်တော်တို့ဟာ နိုင်ငံရေးကစားပွဲတွေကိုမေ့ထားပြီး COVID-19 ဟာ လူသားတိုင်းအတွက်အန္တရာယ်ရှိတယ္ဆိုတာကိုနားလည္သေဘာထားမယ်။ ပြီးတော့ လူတိုင်းစည်းစည်းလုံးလုံးနဲ့ တုန့်ပြန်ဖြေရှင်းမယ်ဆိုရင် ထိရောက်ကောင်းမွန်တဲ့ရလဒ်တေွ ရလာနိုင်ပါတယ်” ဟု Guterres မှ ထပ်လောင်းပြောကြားခဲ့ပါသည်။

COVID-19 ရောဂါသည် ကမ္ဘာတစ်လွှားပျံ့နှံ့နေသောေြကာင့် လူပေါင်း ၄၀,၀၀၀ ကျော် သေဆုံးခဲ့ကာ စီးပွားရေးယိုယွင်းမှုများလည်း ဖြစ်ပေါ်လျှက်ရှိသည်။

COVID-19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများ၊ ပြိုလဲသွားသော အသေးစားကုမ္ပဏီများနှင့် အခြေခံလုပ်သားများအား ရည်ညွှန်းလျက် Guterres မှ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ကမ္ဘာလုံးဆိုင်ရာရောဂါနှိမ်နင်းရေးနှင့် ထူးခြားကောင်မွန်သော အကျိုးဆက်ရရှိစေရေး ဖန်တီးပေးရန်အလှမ်းဝေးလျှက်ရှိကြောင်း သတိပေးပြောကြားခဲ့သည်။

“ကျွန်တော်တို့က လမ်းကြောင်းမှန်အတိုင်းဖြည်းဖြည်းမှန်မှန်လုပ်ဆောင် နေပါတယ်။ ဒါပေမယ့် ဗိုင်းရက်စ်ကို အပြီးသတ်ဖယ်ရှားဖို့ဆိုရင် ကျွန်တော်တို့ မြန်မြန်ဆန်ဆန်နဲ့ အများကြီးလုပ်ဖို့လိုပါတယ်” ဟု ထပ်မံပြောကြားခဲ့သည်။

ဆင်းရဲနွမ်းပါးပြီး ပဋိပက္ခများနှင့်ရင်ဆိုင်နေရသောနိုင်ငံများအတွက်အလှူငွေေတာင်ခံခဲ့သည့်ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီရန်ကုလသမဂ္ဂသည် ရန်ပုံငွေအသစ်တစ်ခုကို မတ်လ ၃၁ရက်နေ့တွင် ဖန်တီးခဲ့ပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် COVID-19 အကျပ်အတည်းကို ဖြေရှင်းနိုင်စေရန်အတွက် ချမ်းသာသောနိုင်ငံများ၏ ပုံမှန်အကူအညီများအပြင် ငွေကြေးဆိုင်ရာစာချုပ်စာတမ်းအသစ်ရှိရန်လိုအပ်ကြောင်း Guterres က ပြောကြားခဲ့သည်။

Coronavirus ကူးစက်ရောဂါသည် ဆင်းရဲနွမ်းပါးသောနိုင်ငံများ အထူးသဖြင့် အာဖရိကနိုင်ငံများမှ ချမ်းသာကြွယ်ဝသောနိုင်ငံများသို့ တဖန် ပြန်လည်ကူးစက်လာနိုင်ပြီး လူပေါင်းသန်းနှင့်ချီ၍ သေဆုံးနိုင်ကြောင်း Guterres မှ သတိပေးပြောကြားခဲ့ပါသည်။
Source-Channel NewsAsia #Myanmar_Online_News

0 comments:

Post a Comment