Wednesday, April 1, 2020

အမေရိကန်လေယာဉ်တင်သင်္ဘောတွင် အမှုထမ်းများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ၍ ပင်တဂွန်စစ်ဌာနချုပ်ထံ အကူအညီ တောင်း

Image may contain: ocean, sky, outdoor, water and nature

အမေရိကန်လေယာဉ်တင်သင်္ဘော Theodore Roosevelt ပေါ်က အမှုထမ်းအများအပြားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလို့ သင်္ဘောကတ်ပတိန်က ပင်တဂွန်စစ်ဌာနချုပ်ထံ အကူအညီ တောင်းထားတယ်လို့ သိရပါတယ်။

ဝန်ထမ်းအင်အား (၄)ထောင်ကျော် လိုက်ပါလာတဲ့ ဒီလေယာဉ်တင် သင်္ဘောပေါ်က လူအများအပြားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာပါ။ “ကျွန်တော်တို့ စစ်ဖြစ်နေတာမဟုတ်တဲ့အတွက် အမှုထမ်းတွေဟာ မသေသင့်သေးပါဘူး” လို့ ကတ်ပတိန် Brett Crozier က ပင်တဂွန်စစ်ဌာနချုပ်ထံ စာပို့ခဲ့တယ်လို့ ဆိုပါတယ်။
သင်္ဘောပေါ်က လူအများအပြားဟာ နေရာအကန့်အသတ်နဲ့ နေရပြီး၊ ကူးစက်ခံထားရသူတိုင်းကို သီးခြားခွဲထားဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှုဟာ အခုဆိုရင် ပိုမြန်လာကြောင်း၊ တိကျပြတ်သားတဲ့ လုပ်ဆောင်ချက် လိုအပ်နေပြီဖြစ်ကြောင်းလည်း စာထဲမှာ ထည့်သွင်းရေးသားထားတယ်လို့ဆိုပါတယ်။
သင်္ဘောပေါ်က အမှုထမ်းတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို အမြန်ဆုံး ဆောင်ရွက်သွားမယ်လို့တော့ အမေရိကန်ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါတယ်။
Image may contain: sky, ocean, outdoor and water
Source-reuters #Myanmar_Online_News

>>zawgyi<<
အမေရိကန်လေယာဉ်တင်သင်္ဘောတွင် အမှုထမ်းများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ၍ ပင်တဂွန်စစ်ဌာနချုပ်ထံ အကူအညီ တောင်း
Wednesday, April 1, 2020

အမေရိကန်လေယာဉ်တင်သင်္ဘော Theodore Roosevelt ပေါ်က အမှုထမ်းအများအပြားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလို့ သင်္ဘောကတ်ပတိန်က ပင်တဂွန်စစ်ဌာနချုပ်ထံ အကူအညီ တောင်းထားတယ်လို့ သိရပါတယ်။
ဝန်ထမ်းအင်အား (၄)ထောင်ကျော် လိုက်ပါလာတဲ့ ဒီလေယာဉ်တင် သင်္ဘောပေါ်က လူအများအပြားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာပါ။ “ကျွန်တော်တို့ စစ်ဖြစ်နေတာမဟုတ်တဲ့အတွက် အမှုထမ်းတွေဟာ မသေသင့်သေးပါဘူး” လို့ ကတ်ပတိန် Brett Crozier က ပင်တဂွန်စစ်ဌာနချုပ်ထံ စာပို့ခဲ့တယ်လို့ ဆိုပါတယ်။
သင်္ဘောပေါ်က လူအများအပြားဟာ နေရာအကန့်အသတ်နဲ့ နေရပြီး၊ ကူးစက်ခံထားရသူတိုင်းကို သီးခြားခွဲထားဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ သင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်မှုဟာ အခုဆိုရင် ပိုမြန်လာကြောင်း၊ တိကျပြတ်သားတဲ့ လုပ်ဆောင်ချက် လိုအပ်နေပြီဖြစ်ကြောင်းလည်း စာထဲမှာ ထည့်သွင်းရေးသားထားတယ်လို့ဆိုပါတယ်။
သင်္ဘောပေါ်က အမှုထမ်းတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ လုပ်ဆောင်ချက်တွေကို အမြန်ဆုံး ဆောင်ရွက်သွားမယ်လို့တော့ အမေရိကန်ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါတယ်။
Source-reuters #Myanmar_Online_News

0 comments:

Post a Comment