Sunday, April 5, 2020

တမာရွက်က COVID-19ကို ကာကွယ်နိုင်မှု သိပ္ပံနည်းကျ လက်ခံအတည်ပြုထားခြင်းမဟုတ်ဟု ဒေါက်တာသာထွန်းကျော်ဆို


Image may contain: drink and plant
တမာရွက်ဟာ COVID-19ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာသိပ္ပံနည်းကျ လက်ခံအတည်ပြုထားခြင်းမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်ကပြောပါတယ်။
လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တမာရွက်စားရင် COVID-19ရောဂါ ပျောက်တယ်ဆိုတဲ့ အသံဖိုင်တစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ အဲ့ဒီအသံဖိုင်ကြောင့် လူအချို့ဟာ တမာရွက်တွေကိုခူးပြီး ပြုတ်သောက်တာမျိုး၊ တို့စားတာမျိုးတွေ ပြုလုပ်လာကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာ သာထွန်းကျော်က အခုလိုပြောပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဟာ ဗိုင်းရပ်စ်အသစ်ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ သိပ္ပံပညာရပ်နဲ့ဆိုင်ရာ အချက်အလက်တွေ အားလုံး တော်တော်များများကို တစ်ကမ္ဘာလုံးက ပညာရှင်တွေက လေ့လာဆဲပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တမာရွက်သောက်လို့ ပျောက်တယ်ဆိုတာကလည်း သိပ္ပံနည်းကျ ကျွန်တော်တို့ လက်ခံပြီးတော့ အတည်ပြုထားတာ မဟုတ်ဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်"

တမာရွက်ဟာ တကယ်ပျောက်ကင်းနိုင်တယ်ဆိုပြီး ပြည်သူအချို့ရဲ့ ယုံကြည်မှုကြောင့် ဈေးတွေမှာ တမာရွက်တစည်း ၅၀၀ဆိုပြီး ရောင်းချနေတာတွေလည်း ရှိပါတယ်။COVID-19ကို ကာကွယ်နိုင်မယ့်ဆေးဝါးဟာလည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ မတွေ့ရှိသေးဘူးလို့ သိရပါတယ်။

ဒေါက်တာသာထွန်းကျော်က "အခုထက်ထိတော့ ကျွန်တော်တို့က တိတိကျကျ သိပ္ပံနည်းကျကျ လေ့လာထားချက်တွေ မရှိသေးပါဘူး။ သိပ္ပံ ပညာရှင်တွေက ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့အခုထက်ထိလေ့လာ ဆဲပဲဖြစ်ပါတယ်။''

ပြည်သူတွေအနေနဲ့ သတင်းအမှား၊ သတင်းအတုတွေကို မယုံကြဖို့နဲ့ ရောဂါပိုးကူးစက်မခံရအောင်ဖြစ်နိုင်ရင် အိမ်မှာပဲနေပြီး လက်ကို မကြာခဏ အမြဲဆေးကြောပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ် ထုတ်ပြန်ပါတယ်။
Ref ; Mizzima
<zawgyi>
တမာရွက်က COVID-19ကို ကာကွယ်နိုင်မှု သိပ္ပံနည်းကျ လက်ခံအတည်ပြုထားခြင်းမဟုတ်ဟု ဒေါက်တာသာထွန်းကျော်ဆို
Monday, April 6 , 2020

တမာရွက်ဟာ COVID-19ရောဂါကို ကာကွယ်နိုင်တယ်ဆိုတာသိပ္ပံနည်းကျလက်ခံအတည်ပြုထားခြင်းမ ဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်ကပြောပါတယ်။

လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တမာရွက်စားရင် COVID-19ရောဂါ ပျောက်တယ်ဆိုတဲ့ အသံဖိုင်တစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ အဲ့ဒီအသံဖိုင်ကြောင့် လူအချို့ဟာ တမာရွက်တွေကို ခူးပြီး ပြုတ်သောက်တာမျိုး၊ တို့စားတာမျိုးတွေ ပြုလုပ်လာကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာ သာထွန်းကျော်က အခုလိုပြောပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဟာ ဗိုင်းရပ်စ်အသစ်ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နည်းပညာပိုင်းဆိုင်ရာ သိပ္ပံပညာရပ်နဲ့ဆိုင်ရာ အချက်အလက်တွေ အားလုံး တော်တော်များများကို တစ်ကမ္ဘာလုံးက ပညာရှင်တွေက လေ့လာဆဲပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တမာရွက်သောက်လို့ ပျောက်တယ်ဆိုတာကလည်း သိပ္ပံနည်းကျ ကျွန်တော်တို့ လက်ခံပြီးတော့ အတည်ပြုထားတာ မဟုတ်ဘူးလို့ပဲ ကျွန်တော်ပြောချင်ပါတယ်"

တမာရွက်ဟာ တကယ်ပျောက်ကင်းနိုင်တယ်ဆိုြပီး ပြည်သူအချို့ရဲ့ ယုံကြည်မှုကြောင့် ဈေးတွေမှာ တမာရွက်တစည်း ၅၀၀ဆိုပြီး ရောင်းချနေတာတွေလည်း ရှိပါတယ်။COVID-19ကို ကာကွယ်နိုင်မယ့်ဆေးဝါးဟာလည်း တစ်ကမ္ဘာလုံးအတိုင်းအတာအရ မတွေ့ရှိသေးဘူးလို့ သိရပါတယ်။

ဒေါက်တာသာထွန်းကျော်က "အခုထက်ထိတော့ ကျွန်တော်တို့က တိတိကျကျ သိပ္ပံနည်းကျကျ လေ့လာထားချက်တွေ မရှိသေးပါဘူး။ သိပ္ပံ ပညာရှင်တွေက ဒီဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့အခုထက်ထိလေ့လာ ဆဲပဲဖြစ်ပါတယ်။''

ပြည်သူတွေအနေနဲ့ သတင်းအမှား၊ သတင်းအတုတွေကို မယုံကြဖို့နဲ့ ရောဂါပိုးကူးစက်မခံရအောင်ဖြစ်နိုင်ရင် အိမ်မှာပဲနေပြီး လက်ကို မကြာခဏ အမြဲဆေးကြောပေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ် ထုတ်ပြန်ပါတယ်။
Ref ; Mizzima

0 comments:

Post a Comment