Covid -19 ကြောင့် အီတလီတွင် နေ့စဉ်သေဆုံးမှုနှုန်း အနိမ့်ဆုံးသို့ရောက်ရှိလာပြီဖြစ်သည်။ မတ်လ ၉ ရက်နေ့မှ ယမန်နေ့(ဧပြီ ၅)အထိ ကာလအတောအတွင်းတွင် နေ့စဉ်သေဆုံးနှုန်းကျဆင်းလာသည်မှာ ရက်သတ္တ နှစ်ပတ်ရှိနေပြီဖြစ်ပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၅၂၅ ဦးသာရှိခဲ့သဖြင့် နေ့စဉ်သေဆုံးမှုနှုန်း အနိမ့်ဆုံးသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း အီတလီကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်သည်။
အီတလီနိုင်ငံတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိချိန်တွင် lockdown ချထားခြင်းကို စတင်ဖယ်ရှားမည်ဖြစ်ပြီး၊ အချင်ချင်း ဝေးဝေးနေရန် စည်းကမ်းမှာမူ ဆက်လက်ရှိနေဦးမည်ဟု ကျန်းမာရေးဝန်ကြီး ရောဘတ်တို စပရန်ဇာကကြေညာခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရှေ့ဆက်ဖြစ်လာမည့် အခြေအနေများအတွက် အရေးပေါ်အစီ အစဉ် အဆင့် ၂ ကို စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
”ကာကွယ်ဆေးကို သေသေချာချာမဖြန့်ချိနိုင်သေးတင်အထိတော့ ကျွန်တော်တို့ဟာ ဗိုင်းရပ်စ်အပေါ် အထူးသတိထားနေကြရဦးမှာပဲ”ဟုလည်း ဝန်ကြီးကပြောကြားသည်။
အီတလီနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၂၈၉၄၈ ဦးရှိပြီဖြစ်ကာ၊ သေဆုံးသူ ၁၅၈၈၇ ရှိပြီး၊ ပျောက်ကင်းသူ ၂၁၈၁၅ ဦးရှိပြီဖြစ်သည်။ လက်ရှိတွင် ၃၉၇၇ ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိသည်။
Source - Popular
<zawgyi>
Covid -19 ကြောင့် အီတလီတွင် နေ့စဉ်သေဆုံးမှုနှုန်း အနိမ့်ဆုံးရောက်ရှိလာ
Monday, April 6, 2020
Covid -19 ကြောင့် အီတလီတွင် နေ့စဉ်သေဆုံးမှုနှုန်း အနိမ့်ဆုံးသို့ရောက်ရှိလာပြီဖြစ်သည်။
မတ်လ ၉ ရက်နေ့မှ ယမန်နေ့(ဧပြီ ၅)အထိ ကာလအတောအတွင်းတွင် နေ့စဉ်သေဆုံးနှုန်းကျဆင်းလာသည်မှာ ရက်သတ္တ နှစ်ပတ်ရှိနေပြီဖြစ်ပြီး ပြီးခဲ့သည့် ၂၄ နာရီအတွင်း သေဆုံးသူ ၅၂၅ ဦးသာရှိခဲ့သဖြင့် နေ့စဉ်သေဆုံးမှုနှုန်း အနိမ့်ဆုံးသို့ရောက်ရှိလာခြင်းဖြစ်ကြောင်း အီတလီကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ခြင်းဖြစ်သည်။
အီတလီနိုင်ငံတွင် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိချိန်တွင် lockdown ချထားခြင်းကို စတင်ဖယ်ရှားမည်ဖြစ်ပြီး၊ အချင်ချင်း ဝေးဝေးနေရန် စည်းကမ်းမှာမူ ဆက်လက်ရှိနေဦးမည်ဟု ကျန်းမာရေးဝန်ကြီး ရောဘတ်တို စပရန်ဇာကကြေညာခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရှေ့ဆက်ဖြစ်လာမည့် အခြေအနေများအတွက် အရေးပေါ်အစီ အစဉ် အဆင့် ၂ ကို စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
”ကာကွယ်ဆေးကို သေသေချာချာမဖြန့်ချိနိုင်သေးတင်အထိတော့ ကျွန်တော်တို့ဟာ ဗိုင်းရပ်စ်အပေါ် အထူးသတိထားနေကြရဦးမှာပဲ”ဟုလည်း ဝန်ကြီးကပြောကြားသည်။
အီတလီနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၂၈၉၄၈ ဦးရှိပြီဖြစ်ကာ၊ သေဆုံးသူ ၁၅၈၈၇ ရှိပြီး၊ ပျောက်ကင်းသူ ၂၁၈၁၅ ဦးရှိပြီဖြစ်သည်။ လက်ရှိတွင် ၃၉၇၇ ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိသည်။
Source - Popular
0 comments:
Post a Comment