Saturday, April 25, 2020

Covid-19 အတည်ပြုလူနာတွေ့ရှိတဲ့ လှိုင်သာယာစက်ရုံကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပြောကြား


Image may contain: 1 person, standing
မိုးညှင်းတွင် Covid-19 အတည်ပြုလူနာ လုပ်ကိုင်ခဲ့တဲ့ လှိုင်သာယာစက်ရုံကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
"လှိုင်သာယာစက်ရုံ တစ်ရုံက ဝန်ထမ်းတစ်ယောက် COVID positive တွေ့တဲ့ သတင်းထွက်တာနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်ပါတယ်။ ဒီလိုအခြေအနေမှာ ကျန်းမာရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံ့ဝန်ထမ်းတွေ၊ COVID တိုက်ပွဲကြီးမှာပါဝင် လှုပ်ရှားနေတဲ့ စေတနာ့ဝန်ထမ်းတွေ၊ဘာလုပ်ကြရတယ်ဆိုတာ နည်းနည်းပြောပြချင်ပါတယ်။

ပထမဦးဆုံးကတော့ ရောဂါပိုးရှိနေသူကို ကုသပေးရေးပါပဲ။ အနီးဆုံး သင့်တော်တဲ့ ဆေးရုံကို အမြန်ဆုံးပို့ရ ပါတယ်။

ဒုတိယကတော့ လူနာနဲ့ထိတွေ့ခဲ့သူများကိုရှာဖွေ ဆက်သွယ်ရပါတယ်။ လူနာကိုယ်တိုင်က ရောဂါကူးစက်နိုင်တဲ့ ကာလအတွင်း ထိတွေ့ခဲ့သူများစာရင်း (မှတ်မိသ၍)ပေးရပါတယ်။ ပိုမိုပြည့်စုံဖို့၊ ထိတွေ့မှုရှိခဲ့သူများ ကိုယ်တိုင်လည်းဆက်သွယ်လာရေး online က တစ်ဆင့် ဆောင်ရွက်ရပါတယ်။

တတိယအနေနဲ့ ထိတွေ့ခြင်းရှိခဲ့သူများကို ရှာဖွေ၊ quarantine လုပ်ပြီး စောင့်ကြည့်၊ စစ်ဆေးရပါတယ်။

ဒီလို တစ်ဆင့်ပြီးတစ်ဆင့် လုပ်စရာတွေလုပ်သွားနိုင်ဖို့ အစီအစဉ်တွေချမှတ်ထားတာရှိခြင်းနဲ့၊ စိုးရိမ်တာတွေ၊ ပင်ပန်းတာတွေ ဘေးဖယ်ထားပြီး၊အစီအစဉ်အရ ဆောင်ရွက်ရမှာတွေကို ဆောင်ရွက်သွားကြသူတွေရှိခြင်း
ကြောင့် ကျွန်မတို့ ခွန်အားတွေ ဖြည့်နိုင်ပါတယ်။

“သံသရာလမ်းဟာ မချောမွေ့တတ်တော့ တာဝန်ကိုယ်စီ ထမ်းရွက် ရှေ့ဆက်လှမ်း။”
Source - Aung San Suu Kyi
<zawgyi>
Covid-19 အတည်ပြုလူနာတွေ့ရှိတဲ့ လှိုင်သာယာစက်ရုံကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပြောၾကား
Saturday, April 25, 2020

မိုးညှင်းတွင် Covid-19 အတည်ပြုလူနာ လုပ်ကိုင်ခဲ့တဲ့ လှိုင်သာယာစက်ရုံကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

"လှိုင်သာယာစက်ရုံ တစ်ရုံက ဝန်ထမ်းတစ်ယောက် COVID positive တွေ့တဲ့ သတင်းထွက်တာနဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်ပေါ်ပါတယ်။ ဒီလိုအခြေအနေမှာ ကျန်းမာရေးဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံ့ဝန်ထမ်းတွေ၊ COVID တိုက်ပွဲကြီးမှာပါဝင် လှုပ်ရှားနေတဲ့ စေတနာ့ဝန်ထမ်းတွေ၊ဘာလုပ်ကြရတယ်ဆိုတာ နည်းနည်းပြောပြချင်ပါတယ်။

ပထမဦးဆုံးကတော့ ရောဂါပိုးရှိနေသူကို ကုသပေးရေးပါပဲ။ အနီးဆုံး သင့်တော်တဲ့ ဆေးရုံကို အမြန်ဆုံးပို့ရ ပါတယ်။

ဒုတိယကတော့ လူနာနဲ့ထိတွေ့ခဲ့သူများကိုရှာဖွေ ဆက်သွယ်ရပါတယ်။ လူနာကိုယ်တိုင်က ရောဂါကူးစက်နိုင်တဲ့ ကာလအတွင်း ထိတွေ့ခဲ့သူများစာရင်း (မှတ်မိသ၍)ပေးရပါတယ်။ ပိုမိုပြည့်စုံဖို့၊ ထိတွေ့မှုရှိခဲ့သူများ ကိုယ်တိုင်လည်းဆက်သွယ်လာရေး online က တစ်ဆင့် ဆောင်ရွက်ရပါတယ်။

တတိယအနေနဲ့ ထိတွေ့ခြင်းရှိခဲ့သူများကို ရှာဖွေ၊ quarantine လုပ်ပြီး စောင့်ကြည့်၊ စစ်ဆေးရပါတယ်။

ဒီလို တစ်ဆင့်ပြီးတစ်ဆင့် လုပ်စရာတွေလုပ်သွားနိုင်ဖို့ အစီအစဉ်တွေချမှတ်ထားတာရှိခြင်းနဲ့၊ စိုးရိမ်တာတွေ၊ ပင်ပန်းတာတွေ ဘေးဖယ်ထားပြီး၊အစီအစဉ်အရ ဆောင်ရွက်ရမှာတွေကို ဆောင်ရွက်သွားကြသူတွေရှိခြင္း
ကြောင့် ကျွန်မတို့ ခွန်အားတွေ ဖြည့်နိုင်ပါတယ်။

“သံသရာလမ်းဟာ မချောမွေ့တတ်တော့ တာဝန်ကိုယ်စီ ထမ်းရွက် ရှေ့ဆက်လှမ်း။”
Source - Aung San Suu Kyi

0 comments:

Post a Comment