Saturday, April 25, 2020

Covid-19 စစ်ဆေးနိုင်သည့် မော်လီကျူးနည်းပညာသုံး အလိုအလျောက်စက် (Cobas 6800) ကိစ္စ ဝေဖန်မှုများကို တပ်မတော်ရှင်းလင်း


ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးနိုင်သည့် မော်လီကျူးနည်းပညာသုံးအလိုအလျောက်စက်(Cobas 6800)ကိစ္စ ဝေဖန်မှုများနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ဧပြီလ ၂၅ ရက်တွင် ပြန်လည်ရှင်းလင်းသည်။
ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးနိုင်သည့်စက်များ တပ်မတော်တွင် ၂၀၁၉ ခုနှစ်ကတည်းက ရှိသော်လည်း အများပြည်သူသို့ထုတ်ဖော်ပြသခြင်းမရှိခဲ့ခြင်းကြောင့်ဟုဆိုကာ လူမှုကွန်ရက် Facebook တွင် ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။

အဆိုပါ စက်များသည် ၂၀၁၉ ကတည်းက တပ်မတော်တွင်ရှိခြင်းဖြစ်ပြီး ကိုဗစ်ရောဂါအတွက်မဟုတ်ဘဲ သွေးလှူသူများကို HIV နှင့် အခြားရောဂါရှိမရှိ စစ်ဆေးသည့် စက်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုသည်။

“ဒီစက်(Cobas 6800) နှစ်လုံးဟာ ၂၀၁၉ ကတည်းက ရှိတယ်။ ဒါပေမယ့် ကိုဗစ် ၁၉ ရောဂါအတွက်မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါစက်သည် HIV ၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး၊ တီဘီ ၊ ဆေးယဉ်ပါးတီဘီတို့ကို စစ်ဆေးနိုင်ကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပေါ်လာချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကိုစစ်ဆေးနိုင်ရန် Reagent များ ထပ်မံဝယ်ယူရကြောင်း ၎င်းကဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်နိုင်သည့် အထောက်အကူပြုပစ္စည်း Reagent များသည် ကမ္ဘာတဝန်းရှိ နိုင်ငံများက စုပြုံဝယ်ယူမှုကြောင့် ကနဦးတွင် ဝယ်ယူရန်ခက်ခဲကြောင်း၊ သို့သော်လည်း ဧပြီ ၂၀ ဝန်းကျင်တွင် တပ်မ တော်က Reagent ၁၀၀၀ ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထို့နောက် AA medical product ကုမ္ပဏီက ၁၀၀၀ ထပ်မံလှူဒါန်းခဲ့ပြီး တပ်မတော်က စက်ကို ဧပြီလ ၂၂ ရက်တွင် စမ်းသပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

နောက်ပိုင်းတွင် တပ်မတော်က ကိုရိုနာဗိုင်းရပ်စ်ကို စစ်ပေးနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယခုအခါ နောက် ထပ်Reagent တစ်သောင်းကျော်ဝယ်ယူရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

အဆိုပါစက်သည် တစ်ခါစစ်ပါက ၉၄ ဦးကို တပြိုင်တည်းစစ်နိုင်ပြီး တစ်နေ့လျှင် လူဦးရေ ၁၃၀၀-၁၄၀၀ ကြား စစ်ဆေးနိုင်ကြောင်း ရန်ကုန်ရှိ ကုတင်တစ်ထောင်ဆေးရုံနှင့် နေပြည်တော်တွင်ရှိကြောင်း ၎င်းကဆိုသည်။

သို့သော်လည်း ဧပြီလ ၂ ရက် Mizzima သတင်းဌာန၏ ဖော်ပြချက်တွင် ကိုဗစ်ရောဂါ စစ်ဆေးအတည်ပြုရန် လိုအပ်ပါက တပ်မတော်က ကူညီမည်ဖြစ်ကြောင်း ၊တပ်မတော်တွင် ကိုဗစ်ရောဂါ စစ်ဆေးအတည်ပြုနိုင်သည့် စက်နှစ်လုံးရှိပြီး တပ်မတော်သားများကို စစ်ဆေးလျက်ရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
Ref ; The Voice Journal
<zawgyi>
Covid-19 စစ်ဆေးနိုင်သည့် မော်လီကျူးနည်းပညာသုံး အလိုအလျောက်စက် (Cobas 6800) ကိစ္စ ဝေဖန်မှုများကို တပ်မတော်ရှင်းလင်း
Saturday, April 25, 2020

ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးနိုင်သည့် မော်လီကျူးနည်းပညာသုံးအလိုအလျောက်စက်(Cobas 6800)ကိစ္စ ဝေဖန်မှုများနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားေရးအဖွဲ့က ယနေ့ ဧပြီလ ၂၅ ရက်တွင် ပြန်လည်ရှင်းလင်းသည်။

ကိုရိုနာဗိုင်းရပ်စ်ရှိမရှိစစ်ဆေးနိုင်သည့်စက်များ တပ်မတော်တွင် ၂၀၁၉ ခုနှစ်ကတည်းက ရှိသော်လည်း အများပြည်သူသို့ထုတ်ဖော်ပြသခြင်းမရှိခဲ့ခြင်းကြောင့်ဟုဆိုကာ လူမှုကွန်ရက် Facebook တွင် ဝေဖန်မှုများထွက်ပေါ်လျက်ရှိသည်။

အဆိုပါ စက်များသည် ၂၀၁၉ ကတည်းက တပ်မတော်တွင်ရှိခြင်းဖြစ်ပြီး ကိုဗစ်ရောဂါအတွက်မဟုတ်ဘဲ သွေးလှူသူများကို HIV နှင့် အခြားရောဂါရှိမရှိ စစ်ဆေးသည့် စက်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားေရးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုသည်။

“ဒီစက်(Cobas 6800) နှစ်လုံးဟာ ၂၀၁၉ ကတည်းက ရှိတယ်။ ဒါပေမယ့် ကိုဗစ် ၁၉ ရောဂါအတွက်မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါစက်သည် HIV ၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး၊ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး၊ တီဘီ ၊ ဆေးယဉ်ပါးတီဘီတို့ကို စစ်ဆေးနိုင်ကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပေါ်လာချိန်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကိုစစ်ဆေးနိုင်ရန် Reagent များ ထပ်မံဝယ်ယူရကြောင်း ၎င်းကဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်နိုင်သည့် အထောက်အကူပြုပစ္စည်း Reagent များသည် ကမ္ဘာတဝန်းရှိ နိုင်ငံများက စုပြုံဝယ်ယူမှုကြောင့် ကနဦးတွင် ဝယ်ယူရန်ခက်ခဲကြောင်း၊ သို့သော်လည်း ဧပြီ ၂၀ ဝန်းကျင်တွင် တပ်မ တော်က Reagent ၁၀၀၀ ဝယ်ယူနိုင်ခဲ့ကြောင်း၊ ထို့နောက် AA medical product ကုမ္ပဏီက ၁၀၀၀ ထပ်မံလှူဒါန်းခဲ့ပြီး တပ်မတော်က စက်ကို ဧပြီလ ၂၂ ရက်တွင် စမ်းသပ်ခဲ့ကြောင်း ၎င်းကဆိုသည်။

နောက်ပိုင်းတွင် တပ်မတော်က ကိုရိုနာဗိုင်းရပ်စ်ကို စစ်ပေးနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ယခုအခါ နောက် ထပ်Reagent တစ်သောင်းကျော်ဝယ်ယူရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

အဆိုပါစက်သည် တစ်ခါစစ်ပါက ၉၄ ဦးကို တပြိုင်တည်းစစ်နိုင်ပြီး တစ်နေ့လျှင် လူဦးရေ ၁၃၀၀-၁၄၀၀ ကြား စစ်ဆေးနိုင်ကြောင်း ရန်ကုန်ရှိ ကုတင်တစ်ထောင်ဆေးရုံနှင့် နေပြည်တော်တွင်ရှိကြောင်း ၎င်းကဆိုသည်။

သို့သော်လည်း ဧပြီလ ၂ ရက် Mizzima သတင်းဌာန၏ ဖော်ပြချက်တွင် ကိုဗစ်ရောဂါ စစ်ဆေးအတည်ပြုရန် လိုအပ်ပါက တပ်မတော်က ကူညီမည်ဖြစ်ကြောင်း ၊တပ်မတော်တွင် ကိုဗစ်ရောဂါ စစ်ဆေးအတည်ပြုနိုင်သည့် စက်နှစ်လုံးရှိပြီး တပ်မတော်သားများကို စစ်ဆေးလျက်ရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
Ref ; The Voice Journal

0 comments:

Post a Comment