Sunday, April 5, 2020

ဂျပန်နိုင်ငံ၏ COVID-19 ရောဂါပျံ့နှံ့မှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ရှင်ဆိုအာဘေးမှ ဧပြီလ ၇ ရက်နေ့ အစောပိုင်းတွင် အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်လာနိုင်

Image may contain: one or more people

ဂျပန်နိုင်ငံဝန်ကြီးချူပ် ရှင်ဆိုအာဘေးသည် ဂျပန်နိုင်ငံ၏ COVID-19 ရောဂါပျံ့နှံ့မှုနှင့်ပတ်သက်၍ ဧပြီလ ၇ရက်နေ့ အစောပိုင်းလောက်တွင် အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်လာနိုင်ပြီး ၎င်း၏ပြုလုပ်မည့်အစီအစဉ်များကို ဧပြီလ ၆ ရက်နေ့တွင် ကြေငြာသွားလိမ့်မည်ဖြစ်ကြောင်း Yomiuri သတင်းစာတွင် ဖော်ပြထား ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားခြင်းကို ကာကွယ်ရန်အတွက် မတ်လတွင် ပြန်လည်ပြင်ဆင်ထားသောဉပဒေအရ ရောဂါအခြေအနေဆိုးရွားလာပါက ဝန်ကြီးချူပ် အနေဖြင့် အရေးပေါ်အခြေအနေကြေညာချက် ထုတ်ပြန်နိုင်ဖွယ်ရှိပါသည်။ အကယ်၍ ရောဂါလျင်မြန်စွာကူးစက်ပျံ့နှံ့လာလျင် ဂျပန်နိုင်ငံ၏စီးပွားရေးလုပ်ငန်းများအပေါ် ကြီးမားသောသက်ရောက်မှုများရှိလာနိုင်ပြီး ဂျပန်နိုင်ငံစီးပွားရေးကျဆင်းလာမှု၏ အန္တာရာယ်တစ်ခုဖြစ်ပါသည်။
အဆိုပါလှုပ်ရှားမှုသည် hard-hit ဒေသတွင်ရှိ အာဏာပိုင်များအနေဖြင့် ပြည်သူများအား မိမိတို့အိမ်တွင်နေထိုင်ရန်၊ ပွဲများကိုဖျက်သိမ်းရန်၊ ကျောင်းများနှင့် အခြားသော အဆောက်အအုံများကိုပိတ်ရန်အတွက် တောင်းဆိုနိုင်သည့်အခွင့် အာဏာရှိပါသည်။
ဂျပန်နိုင်ငံ တိုကျိူမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို လူပေါင်း ၁၃၀ ကျော်ကူး စက်ခံထားရကြောင်း ဂျပန်နိုင်ငံမြိုတော်အစိုးရရုံးများအခြေစိုက် NHK ပြည်သူ့ အသံလွှင့်ဌာနမှ ဧပြီလ ၅ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။
ယခုလက်ရှိတွင် ရောဂါဖြစ်ပွားမှုမှာ နေ့စဉ်တိုးလာနေကြောင်း အတည်ပြုခဲ့ပြီး မြို့တွင်း positive cases ပေါင်း ၁,၀၀၀ ကျော်ရှိကြောင်း NHK မှ ပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံအစိုးရအနေဖြင့် လူဦးရေ ၁၃ သန်းရှိသောမြို့တော်သည် မကြာသေးမီရက်များအတွင်း ရောဂါဖြစ်ပွားမှုများပြားလာခြင်းကြောင့် ပြည်သူများအား အိမ်တွင် နေထိုင်ကြရန် ပြင်းပြင်းထန်ထန်တိုက်တွန်းခဲ့ပါသည်။
Source : Channel NewsAsia
" Japan PM Shinzo Abe could declare state of emergency as early as Tuesday amid COVID-19 outbreak "အား ဘာသာပြန်ဆိုထားခြင်းဖြစ်ပါ သည်။
#Myanmar_Online_News

>>Zawgyi<<
ဂျပန်နိုင်ငံ၏ COVID-19 ရောဂါပျံ့နှံ့မှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ရှင်ဆိုအာဘေးမှ ဧပြီလ ၇ ရက်နေ့ အစောပိုင်းတွင် အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်လာနိုင်
Monday, April 6, 2020

ဂျပန်နိုင်ငံဝန်ကြီးချူပ်ရှင်ဆိုအာဘေးသည် ဂျပန်နိုင်ငံ၏ COVID-19 ရောဂါပျံ့နှံ့မှု နှင့်ပတ်သက်၍ ဧပြီလ ၇ရက်နေ့ အစောပိုင်းလောက်တွင် အရေးပေါ်အခြေအနေ ကြေညာချက်ထုတ်ပြန်လာနိုင်ပြီး ၎င်း၏ပြုလုပ်မည့်အစီအစဉ်များကို ဧပြီလ ၆ ရက်နေ့တွင် ကြေငြာသွားလိမ့်မည်ဖြစ်ကြောင်း Yomiuri သတင်းစာတွင် ဖော်ပြထား ပါသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားခြင်းကို ကာကွယ်ရန်အတွက် မတ်လတွင် ပြန်လည်ပြင်ဆင်ထားသောဉပဒေအရ ရောဂါအခြေအနေဆိုးရွားလာပါက ဝန်ကြီးချူပ် အနေဖြင့် အရေးပေါ်အခြေအနေကြေညာချက် ထုတ်ပြန်နိုင်ဖွယ်ရှိပါသည်။ အကယ်၍ ရောဂါလျင်မြန်စွာကူးစက်ပျံ့နှံ့လာလျင် ဂျပန်နိုင်ငံ၏စီးပွားရေးလုပ်ငန်းများအပေါ် ကြီးမားသောသက်ရောက်မှုများရှိလာနိုင်ပြီး ဂျပန်နိုင်ငံစီးပွားရေးကျဆင်းလာမှု၏ အန္တာရာယ်တစ်ခုဖြစ်ပါသည်။
အဆိုပါလှုပ်ရှားမှုသည် hard-hit ဒေသတွင်ရှိ အာဏာပိုင်များအနေဖြင့် ပြည်သူများအား မိမိတို့အိမ်တွင်နေထိုင်ရန်၊ ပွဲများကိုဖျက်သိမ်းရန်၊ ကျောင်းများနှင့် အခြားသော အဆောက်အအုံများကိုပိတ်ရန်အတွက် တောင်းဆိုနိုင်သည့်အခွင့် အာဏာရှိပါသည်။
ဂျပန်နိုင်ငံ တိုကျိူမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို လူပေါင်း ၁၃၀ ကျော်ကူး စက်ခံထားရကြောင်း ဂျပန်နိုင်ငံမြိုတော်အစိုးရရုံးများအခြေစိုက် NHK ပြည်သူ့ အသံလွှင့်ဌာနမှ ဧပြီလ ၅ ရက်နေ့တွင် ဖော်ပြခဲ့ပါသည်။
ယခုလက်ရှိတွင် ရောဂါဖြစ်ပွားမှုမှာ နေ့စဉ်တိုးလာနေကြောင်း အတည်ပြုခဲ့ပြီး မြို့တွင်း positive cases ပေါင်း ၁,၀၀၀ ကျော်ရှိကြောင်း NHK မှ ပြောကြားခဲ့ပါသည်။
ဂျပန်နိုင်ငံအစိုးရအနေဖြင့် လူဦးရေ ၁၃ သန်းရှိသောမြို့တော်သည် မကြာသေးမီရက်များအတွင်း ရောဂါဖြစ်ပွားမှုများပြားလာခြင်းကြောင့် ပြည်သူများအား အိမ်တွင် နေထိုင်ကြရန် ပြင်းပြင်းထန်ထန်တိုက်တွန်းခဲ့ပါသည်။
Source : Channel NewsAsia
" Japan PM Shinzo Abe could declare state of emergency as early as Tuesday amid COVID-19 outbreak "အား ဘာသာပြန်ဆိုထားခြင်းဖြစ်ပါ သည်။

0 comments:

Post a Comment