Sunday, April 5, 2020

COVID-19ကပ်ရောဂါဆိုးကြီးကို ကမ္ဘာ့နိုင်ငံတွေအတူရင်ဆိုင်ဖို့ အဲလိဇဘက်ဘုရင်မကြီးတိုက်တွန္း


Image may contain: 1 person, sitting and indoor
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်မှာ အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်က ကမ္ဘာ့နိုင်ငံတွေအားလုံး အတူတကွပူးပေါင်းရင်ဆိုင်ရမယ့် အချိန်ဖြစ်ပါတယ်လို့ ရုပ်မြင်သံကြားကနေ မနေ့ကမိန့်ခွန်းပြောကြား လိုက်သည်
နိုင်ငံသားတွေကို စုစည်းမိအောင် အားပေးတဲ့ အနေနဲ့ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ဘုရင်မကြီးက ယူကေဟာ အခုရင်ဆိုင်နေရတဲ့ ဗိုင်းရပ်စ်ကို "အနိုင်တိုက်နိုင်မှာပါ" လို့ ပြောကြားခဲ့သည်။

အရင်တုန်းကလည်း စိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရပေမယ့် ခုက အရင်နဲ့မတူပါဘူးလို့လည်း ပြောပါတယ်၊ အစိုးရကညွှန်ကြားတဲ့အတိုင်း လူတွေအိမ်ထဲနေကြတဲ့အတွက် ကျေးဇူးတင်ပြီး တစ်ဦးကိုတစ်ဦး ကူညီကြတာကို ချီးကျူးတဲ့အကြောင်း ရှားရှားပါးပါးပြောကြားတဲ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်

ရောဂါဆိုးကြီးကို အတူတူပူးပေါင်းတိုက်ဖျက်နေကြတယ်။ အားလုံး ညီညွတ်ပြီး စိတ်ဓာတ်ခိုင်မာကြမယ်ဆိုရင် ဒီဘေးကို ကျော်လွှားနိုင်မယ်ဆိုတာကို သူအခိုင်အမာပြောချင်ပါတယ်လို့လည်း ဘုရင်မကြီးက သူ့မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ဘုရင်မကြီးရဲ့ မိန့်ခွန်းကို ရုပ်သံ၊ ရေဒီယိုနဲ့ ဆိုရှယ်မီဒီယာတွေက ထုတ်လွှင့်ခဲ့ပါတယ်။

ဒီမိန့်ခွန်းအတွက် ကင်မရာမင်းတစ်ဦးတည်းက ရိုက်ကူးယူခဲ့ပြီး ကိုယ်တိုင်လည်း အကာအကွယ်တွေ ဝတ်ဆင်ထားတယ်၊ တခြား နည်းပညာအရ အကူအညီပေးရမယ့်သူတွေက နောက်အခန်းတစ်ခုထဲကနေ ပါဝင်ကူညီပေးခဲ့တာလို့ သိရပါတယ်။

တိုင်းပြည်အရေးပေါ် အခြေအနေကြုံနေရချိန် ဒီလိုမိန့်ခွန်းပြောဖို့ ဘုရင်မကြီးနဲ့ ဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့ရုံးတို့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

Ref : BBC

>>Zawgyi<<

COVID-19ကပ်ရောဂါဆိုးကြီးကို ကမ္ဘာ့နိုင်ငံတွေအတူရင်ဆိုင်ဖို့ အဲလိဇဘက်ဘုရင်မကြီးတိုက်တွန္း
Monday, April 6, 2020

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်မှာ အသက် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်က ကမ္ဘာ့နိုင်ငံတွေအားလုံး အတူတကွပူးပေါင်းရင်ဆိုင်ရမယ့် အချိန်ဖြစ်ပါတယ်လို့ ရုပ်မြင်သံကြားကနေ မနေ့က မိန့်ခွန်းပြောကြားလိုက်သည်

နိုင်ငံသားတွေကို စုစည်းမိအောင် အားပေးတဲ့ အနေနဲ့ ပြောခဲ့တဲ့ မိန့်ခွန်းမှာ ဘုရင်မကြီးက ယူကေဟာ အခုရင်ဆိုင်နေရတဲ့ ဗိုင်းရပ်စ်ကို "အနိုင်တိုက်နိုင်မှာပါ" လို့ ပြောကြားခဲ့သည်။

အရင်တုန်းကလည်း စိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရပေမယ့် ခုက အရင်နဲ့မတူပါဘူးလို့လည်း ပြောပါတယ်၊ အစိုးရကညွှန်ကြားတဲ့အတိုင်း လူတွေအိမ်ထဲနေကြတဲ့အတွက် ကျေးဇူးတင်ပြီး တစ်ဦးကိုတစ်ဦး ကူညီကြတာကို ချီးကျူးတဲ့အကြောင်း ရှားရှားပါးပါးပြောကြားတဲ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်

ရောဂါဆိုးကြီးကို အတူတူပူးပေါင်းတိုက်ဖျက်နြေကတယ်။ အားလုံး ညီညွတ်ပြီး စိတ်ဓာတ်ခိုင်မာကြမယ်ဆိုရင် ဒီဘေးကို ကျော်လွှားနိုင်မယ်ဆိုတာကို သူအခိုင်အမာပြောချင်ပါတယ်လို့လည်း ဘုရင်မကြီးက သူ့မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။

ဘုရင်မကြီးရဲ့ မိန့်ခွန်းကို ရုပ်သံ၊ ရေဒီယိုနဲ့ ဆိုရှယ်မီဒီယာတွေက ထုတ်လွှင့်ခဲ့ပါတယ်။

ဒီမိန့်ခွန်းအတွက် ကင်မရာမင်းတစ်ဦးတည်းက ရိုက်ကူးယူခဲ့ပြီး ကိုယ်တိုင်လည်း အကာအကွယ်တွေ ဝတ်ဆင်ထားတယ်၊ တခြား နည်းပညာအရ အကူအညီပေးရမယ့်သူတွေက နောက်အခန်းတစ်ခုထဲကနေ ပါဝင်ကူညီပေးခဲ့တာလို့ သိရပါတယ်။

တိုင်းပြည်အရေးပေါ် အခြေအနေကြုံနေရချိန် ဒီလိုမိန့်ခွန်းပြောဖို့ ဘုရင်မကြီးနဲ့ ဝန်ကြီးချုပ်ရဲ့ အစိုးရအဖွဲ့ရုံးတို့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

Ref : BBC

0 comments:

Post a Comment