Friday, April 3, 2020

ကော့သောင်းမြို့က COVID-19 သံသယလူနာတစ်ဦးသေဆုံးခဲ့ပြီး ၎င်း၏ဓါတ်ခွဲခန်းအဖြေထွက်ရှိတာကို စောင့်ဆိုင်းလျက်ရှိ

No photo description available.

ကော့သောင်းမြို့က COVID-19 အဆုတ်ရောင်ရောဂါ သံသယရှိလူနာ နှစ်ဦးထဲကတစ်ဦးက ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးသွားတယ်လို့ ကော့သောင်း ပြည်သူ့ဆေးရုံကြီးမှ သိရပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ သံသယ လူနာဟာ ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးဖြစ်ပြီး မနက်ပိုင်းဆေးရုံရောက်တဲ့အချိန် ဆေးကုသမှု ခံယူနေတဲ့အချိန်မှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ သံသယ လူနာဟာ အရက်ကြောင့်ဖြစ်တဲ့ အသဲကြွပ်ရောဂါ အခံရှိကာ အစာအိမ် သွေးယိုစီးမှု မကြာခဏဖြစ်နေတဲ့ လူနာတစ်ဦးဖြစ်တဲ့အပြင် ကော့သောင်းဆေးရုံနဲ့ ရန်ကုန် အထူးကု ဆေးရုံတွေမှာ ဆေးဝါးကုသမှု ခံယူနေရသူ လူနာတစ်ဦးဖြစ်တယ်လို့ ကော့သောင်း ပြည်သူဆေးရုံမှ သိရပါတယ်။
ကျန်ရှိနေတဲ့ သံသယရှိလူနာတစ်ဦးကတော့ ထိုင်းနိုင်ငံ ဘန်ကောက်က ပြန်လာတဲ့သူဖြစ်ပြီး မကြာသေးခင်က ဖျားနာထားတဲ့ ရောဂါလက္ခဏာ တွေ့ရှိရတာကြောင့် သံသယလူနာအဖြစ် စောင့်ကြည့်စစ်ဆေးနေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးသွားတဲ့ သံသယလူနာ အမျိုးသားရဲ့ ဓါတ်ခွဲခန်းအဖြေထွက်ရှိတာကို စောင့်ဆိုင်းနေပြီး COVID-19 အဖြေ တွေ့ရှိခဲ့မယ်ဆိုရင် နီးစပ်တဲ့ မိသားစုဝင်တွေကို Quarantine လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ကျန်းမာရေးဌာနက ပြောပါတယ်။
Image may contain: 1 person, standing
Source- SouthernerNewsAgency via-ZinMoe #Myanmar_Online_News

>>zawgyi<<
ကော့သောင်းမြို့က COVID-19 သံသယလူနာ တစ်ဦးသေဆုံးခဲ့ပြီး ၎င်း၏ဓါတ်ခွဲခန်းအဖြေထွက်ရှိတာကို စောင့်ဆိုင်းလျက်ရှိ
Saturday, April 4, 2020

ကော့သောင်းမြို့က COVID-19 အဆုတ်ရောင် ရောဂါ သံသယရှိလူနာ နှစ်ဦးထဲက တစ်ဦးက ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းက ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးသွားတယ်လို့ ကော့သောင်း ပြည်သူ့ဆေးရုံကြီးမှ သိရပါတယ်။
အဆိုပါ သေဆုံးသွားတဲ့ သံသယ လူနာဟာ ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးဖြစ်ပြီး မနက်ပိုင်းဆေးရုံရောက်တဲ့အချိန် ဆေးကုသမှု ခံယူနေတဲ့အချိန်မှာပဲ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ သံသယ လူနာဟာ အရက်ကြောင့်ဖြစ်တဲ့ အသဲကြွပ်ရောဂါ အခံရှိကာ အစာအိမ် သွေးယိုစီးမှု မကြာခဏဖြစ်နေတဲ့ လူနာတစ်ဦးဖြစ်တဲ့အပြင် ကော့သောင်းဆေးရုံနဲ့ ရန်ကုန် အထူးကု ဆေးရုံတွေမှာ ဆေးဝါးကုသမှု ခံယူနေရသူ လူနာတစ်ဦးဖြစ်တယ်လို့ ကော့သောင်း ပြည်သူဆေးရုံမှ သိရပါတယ်။
ကျန်ရှိနေတဲ့ သံသယရှိလူနာတစ်ဦးကတော့ ထိုင်းနိုင်ငံ ဘန်ကောက်က ပြန်လာတဲ့သူဖြစ်ပြီး မကြာသေးခင်က ဖျားနာထားတဲ့ ရောဂါလက္ခဏာ တွေ့ရှိရတာကြောင့် သံသယလူနာအဖြစ် စောင့်ကြည့်စစ်ဆေးနေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးသွားတဲ့ သံသယလူနာ အမျိုးသားရဲ့ ဓါတ်ခွဲခန်းအဖြေထွက်ရှိတာကို စောင့်ဆိုင်းနေပြီး COVID-19 အဖြေ တွေ့ရှိခဲ့မယ်ဆိုရင် နီးစပ်တဲ့ မိသားစုဝင်တွေကို Quarantine လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ကျန်းမာရေးဌာနက ပြောပါတယ်။
Source- SouthernerNewsAgency via-ZinMoe #Myanmar_Online_News

0 comments:

Post a Comment