Wednesday, October 16, 2013

ထရိတ်ဒါးကိစ္စကြောင့် မြန်မာနိုင်ငံအတွင်းသတိပြုသွားလာကြရန် အမေရိကန်သံရုံးကြေညာချက်ထုတ်ပြန်

မြန်မာနိုင်ငံအတွင်း ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့သည့် ဗုံးသတင်းပေါက်ကွဲမှုအပါအ၀င် ဗုံးတွေ့ရှိမှုသတင်းများ တွေကြောင့် မြန်မာနိုင်ငံရောက် အမေရိကန်နိုင်ငံသားများအား မြန်မာနိုင်ငံအတွင်း၌ သတိနှင့် သွားလာနိုင်ရေး အောက်တိုဘာ(၁၅)ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့အမေရိကန်သံရုံးမှ ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။

“ကြေညာချက်မှာ အမေရိကန်နိုင်ငံသားတွေကို မြန်မာနိုင်ငံအတွင်း ဒါမှမဟုတ် ရန်ကုန်မြို့တွင်း လူစည်ကားတဲ့နေရာတွေဖြစ်တဲ့ ပန်းခြံ၊ဈေးနဲ့ ဘတ်စ်ကားမှတ်တိုင်နေရာတွေကို သွားလာတဲ့အခါ သတိဝီရိယရှိဖို့ တိုက်တွန်းထားတာပါ” ဟု အမေရိကန်သံရုံးနှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းမှ တာဝန်ရှိသူက ပြောသည်။

 အောက်တိုဘာ၁၄ရက်ညလည်ပိုင်းမှစ၍ ရန်ကုန်မြို့ Traders ဟိုတယ် (၉)လွှာမှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီး အမေရိကန်အမျိုးသမီးတစ်ဦး ထိုခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံ၌ အကြောင်း တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အမေရိကန်သံရုံး၏ အရေးပေါ် ဖုန်းနံပါတ် (95)-(9)-512-4330 သို့ ဆက်သွယ်နိုင်ကြောင်း အဆိုပါကြေညာချက်၌ ပါရှိသည်။

Myit Ma Kha Media Group.

0 comments:

Post a Comment