မလေးရှားနိုင်ငံမှာ ရိုက်ကူးတဲ့ မဟာဆန်တဲ့
 မာယာမျက်နှာဖုံး ဇာတ်ကားမှာ ခေါင်းဆောင် မင်းသား နေရာက 
ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နိုင်းနိုင်းက ကိုယ်သရုပ်ဆောင်ရ မယ့်နေရာကို 
တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ကြောင်းပြောပါတယ်။လတ်တလောမှာ နိုင်းနိုင်း က 
ကြော်ငြာ ရိုက်ကူးနေပြီး ဇာတ်ကားကိုတော့ ကြိုက်တဲ့ဇာတ်လမ်းမှပဲ 
ရိုက်ကူးတော့မှာဖြစ်ကြောင်း ပြောပါ တယ်။ 
“ကျွန်တော့်ဇာတ်လမ်းတွေကလည်း 
ဒရာမာပဲ ဖြစ်ဖြစ်၊ အိမ်ထောင်ရေး ပဋိပက္ခပဲဖြစ်ဖြစ် တော်တော်များနေပြီ။ 
အခုလွှင့်နေတဲ့ဇာတ်ကားတွေကလည်း တီဗီချန်နယ်တွေမှာ ဆက် တိုက်လာနေတယ်။ 
ကျွန်တော်အသစ်ထပ်လုပ်လိုက်တာ တစ်ခုက အရှေ့ကအဟောင်းနဲ့ သိပ် မကွာရင် 
ကျွန်တော် မလုပ်ချင်တော့ဘူး။ ပရိသတ်စိတ်ဝင်စားမယ့် ဇာတ် လမ်းမျိုးနဲ့ 
ကွဲပြားခြား နားတာဖြစ်ချင်တယ်။ အဲဒါကြောင့် နောက်ပိုင်းကြုံသမျှ၊ 
လာသမျှဇာတ်တွေကို မရိုက်ချင်တော့ ဘူး။ ရှေ့ကလုပ်ခဲ့ဖူး 
တဲ့ပုံစံမျိုးမလုပ်ချင်ဘူး။ ခေါက်ရိုးကျိုးထဲက မလုပ်ချင်ဘူး။ 
ခွဲထွက်ချင်တယ်။ အထူးသဖြင့် ကျွန်တော်ရိုက် ချင်တာက ဖြစ်ရပ်မှန်ဇာတ်လမ်းဆန်း
 ဆန်းတွေပါ။ ပရိသတ်အတွက် ဖျော်ဖြေမှုလည်းပါမယ်။သင်ခန်းစာရမယ့် 
အကြောင်းအရာတွေလည်းပါရမယ်” လို့ ဇာတ်လမ်းတွေ ရွေးချယ်ရိုက်ကူးသွားမယ့် 
အကြောင်း   နိုင်းနိုင်းက ပြောပါတယ်။နိုင်းနိုင်းကသားသမီးတွေ အကုန် လုံးကို
 အမေရိကမှာပဲ ကျောင်းထားသွားမယ်လို့ ပြောပါတယ်။ နိုင်ငံခြားမှာ 
ကျောင်းထားပေမယ့် နိုင်ငံ ခြား အငွေ့ အသက်တွေ မကူးစက်စေဘဲ၊ 
ကိုယ့်ရိုးရာယဉ်ကျေးမှု၊ ဘာသာတရားတွေကိုလည်း နားလည်အောင် 
ရှင်းပြသွားမယ် ဆိုတဲ့ နိုင်းနိုင်းက “ကျွန်တော့်အမျိုးသမီးဆိုရင် ဟိုမှာငယ်
 ငယ်ကတည်း ကကျောင်းတက်ပေမယ့် သူအဲဒီရဲ့အငွေ့အသက်တွေ မကူးစက်ပါဘူး။ 
ဒါကလည်း 
မိဘ၊ အသိုင်းအဝိုင်း ပတ်ဝန်းကျင်နဲ့ ဆိုင်တယ်လေ။ ကလေးတွေကို ဟိုမှာ 
ကျောင်းထား ပေမယ့် စန္ဒီရဲ့အုပ်ချုပ်မှု၊ ဂရုစိုက်မှု၊ သူ့ရဲ့ Control  
ပေါ်မူတည်ပြီး ကလေးတွေက ရှိနေမှာပါ။ ဖြစ်နိုင် ရင်တော့ ကျွန်တော့် 
ရိုးရာယဉ်ကျေး မှုလည်း မပျောက်ချင်ဘူး။ ဘာသာ စကားကိုလည်း မပျောက်စေချင်ဘူး။ 
ကလေးတွေဟိုရောက်ပေမယ့် မြန်မာလို လုံးဝတတ်ရမယ်။ မြန်မာစကားကို 
ကျွမ်းကျွမ်းကျင် ကျင် ပြောနိုင်ရမယ်။ ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် 
ကလေးတွေ လည်း ဗုဒ္ဓဘာသာပဲဖြစ်ရမယ်။ မိဘကိုးကွယ်လို့ မဟုတ်ဘဲနဲ့ 
သူတို့ကြီးလာရင် ဘာသာတရား ရဲ့အကြောင်းကို ရှင်းပြပြီး တော့ 
သူတို့နားလည်ပြီး ကိုးကွယ်တာပိုကောင်းတာပေါ့” လို့ပြောပါတယ်။ 
စတုတ္ထမြောက်ရင် သွေးလေးက ဘာလေး ပဲဖြစ်ဖြစ် ချစ်မှာပဲဖြစ်ပြီး အဓိကတော့ 
ခြေလက်အင်္ဂါ စုံစုံနဲ့ ကျန်းမာရေး ကောင်းတယ်ဆိုရင်ပဲသား၊ သမီးရတနာ 
တစ်ခုပါပဲလို့ နိုင်းနိုင်း က ပြောပါတယ်။
ခိုင်ဝေလွင်
 






 
 
 
 
 
0 comments:
Post a Comment