Tuesday, October 15, 2013

ဟိုတယ်များလုံခြုံမှုအထူးသတိရှိရေးဟိုတယ်/ခရီးဝန်ကြီးဌာနမှသတိပေး


ဖြစ်ပေါ်နေသော ဟိုတယ်နှင့်တည်းခိုခန်း များတွင် ဗုံးပေါက်ကွဲမှုများကြောင့် ဟိုတယ်များ အနေဖြင့်လုံခြုံရေးသတိအထူးရှိရေးနှင့်လာရောက် တည်းခိုသူများအား မသင်္ကာဖွယ်ရာတွေ့ရှိပါက ချက်ချင်း သက်ဆိုင်ရာသို့အကြောင်းကြားခြင်း ကိုဆောင်ရွက်သွားရန်လိုကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနညွှန်ကြားရေး မှူးချုပ်ဦးအောင်ဇော်ဝင်းက သတိပေးပြောကြား လိုက်သည်။

ဟိုတယ်များအနေဖြင့် လာရောက်တည်းခို သော ဧည့်သည်စတင်ဝင်ရောက်သည့်အချိန်မှ စ၍ လုံခြုံရေးသတိရှိရန်လိုကြောင်း၊ ထို့ပြင် Housekeeping (အခန်းတွင်းသန့်ရှင်းရေး) တာဝန် ယူထားရသော ဝန်ထမ်းများအနေဖြင့်လည်း သန့်ရှင်းရေးသာမက၊ လုံခြုံရေးအတွက်ပါ တိတိ ကျကျဆောင်ရွက်သွားရန် လိုအပ်နေပြီဖြစ် ကြောင်း ယနေ့ ပန်ဒါဟိုတယ်၌ ပြုလုပ်သော ဟိုတယ်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် ရန်ကုန်ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

''ဟိုတယ်တွေမှာ လုံခြုံရေးသတိရှိဖို့လိုအပ် ပါတယ်။ ဟိုတယ်တွေအချင်းချင်းလည်း စည်းလုံး မှုရှိရမယ်။ နောက် ဧည့်ကြိုဌာနကနေစပြီး သတိရှိရမယ်။ ခုထရေးဒါးလိုဟိုတယ် နိုင်ငံခြား သားအများစု ဒေါ်လာ ၂ဝဝတန် အခန်းမှာ လာ တည်းနိုင်တဲ့သူဆိုကတည်းက သူရဲ့အခြေအနေ၊ ပုံပန်းသဏ္ဌာန်ဒါတွေအား လုံးလေ့လာပြီး မသင်္ကာ ရင်ချက်ချင်းအကြောင်းကြား တိုင်တန်းမှုတွေပြု လုပ်ဖို့လိုပါတယ်''ဟု ဟိုတယ်နှင့်ခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ကပြောသည်။

ဟိုတယ်များတွင် အခန်းများသာမက၊ စားသောက်ခန်း၊ မင်္ဂလာခန်းမများ တွင်လည်း ဝန်ထမ်းများအနေဖြင့် စေ့စပ်သေချာစွာ စစ်ဆေး ဆောင်ရွက်ရန်နှင့် ဟိုတယ်မန်နေဂျာများနှင့်ဌာနခွဲ မန်နေဂျာများ အနေဖြင့်လည်း လက်အောက်ဝန် ထမ်းများနှင့်အတူ လိုက်ပါစစ်ဆေးရန် လိုအပ် ကြောင်း၊ ဟိုတယ်လုပ်ငန်းလိုင်စင်လျှောက်ထား ရာတွင် အင်တာနက် Wifi ၊ CCTV ကင်မရာ များတပ်ဆင်ထားမှသာ ချထားပေးသည့်အတွက် ထို CCTV ကင်မရာများကို အမြဲတစေကောင်း မွန်နေစေရန် စစ်ဆေးထားရန်ပါ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

The Union Daily

0 comments:

Post a Comment