Wednesday, October 16, 2013

ပုံပြင်တွေ ရုပ်ရှင်တွေမှာသာ မြင်တွေ့ရတဲ့ ၀ံပုလွေ လူသားပာာ တစ်ကယ် ရှိခဲ့တယ် ဆိုတာကို သင်သိပါသလား။

သမိုင်းမှာ တကယ် ရှိခဲ့တဲ့ ၀ံပုလွေ လူသား ဆယ်ယောက် အကြောင်းကို တင်ပြသွားမှာ ဖြစ်ပါတယ်။
ဂရိ ဘာသာစကား အရ lycanthrope လို့ခေါ်တဲ့ ၀ံပုလွေ လူသားတွေပာာ ညအချိန်များမှာ၊ အထူးသဖြင့် လပြည့်ညတွေမှာ ဝံပုလွေ အဖြစ်သို့ ပြောင်းလဲ သွားတတ်ကြ ပါတယ်။ ဒါကတော့ သမိုင်းမှာ တကယ် ရှိခဲ့တဲ့ ၀ံပုလွေ လူသား ဆယ်ယောက် အကြောင်းပါ။
Gilles Garnier
၁၆ ရာစု Dole မြို့ငယ်လေးမှာ သတင်းထုတ်ပြန်ချက် တရပ်ကို ရင်ပြင်မှာ ဖတ်ကြားခဲ့ပါတယ်။ အဲ့ဒီ ထုတ်ပြန်ချက်ဟာ ကျေးရွာတွေကို ခြောက် လှန့်နေတဲ့ ၀ံပုလွေ လူသားကို ဖမ်းဆီးသတ်ဖြတ် ခွင့်ပြုကြောင်း ဖြစ်ပါတယ်။ ဖြစ်စဉ်က လယ်သမား တစ်စုဟာ တောအုပ်ကို ဖြတ်သန်းနေ စဉ်မှာ ကလေးငယ် တစ်ယောက် အော်သံကို ၀ံပုလွေ တစ်ကောင်ရဲ့ ကြောက်စရာ အူသံ နဲ့အတူ ကြားခဲ့ ပါတယ်။ သူတို့က အသံကြားရာ နေ ရာကို သွားကြည့်ကြ တဲ့အခါ ကလေးငယ်ဟာ ကြောက်မက်ဖွယ်ရာ မိစ္ဆာရဲ့ တိုက်ခိုက် ခံနေရ တာတွေ့ ခဲ့ရပါတယ်။ ဒီမိစ္ဆာဟာ နောက် ပိုင်းမှာ Gilles Garnier လို့ခေါ်သူ ဖြစ်နေတာ ဖော်ထုတ် နိုင်ခဲ့ ပါတယ်။ ဆယ်နှစ် အရွယ် ကလေးငယ် တစ်ယောက် Garnier ရဲ့ အိမ်အနီးနား မှာ ပျောက်ဆုံး သွားတဲ့ အခါမှာ တော့ သူ့ကို ဖမ်းဆီးပြီး ၀ံပုလွေ လူသား ဖြစ်တယ် ဆိုတာကို ၀န်ခံ စေခဲ့ပါတယ်။ သူ့ကို ကြပ်စင်မှာ မီးရှို့ စီရင် ခဲ့ပါတယ်။

Werewolf

Greifswald Werewolves
၁၉၆၀ ခုနစ် ဂျာမနီက Greifswald မြို့မှာ ၀ံပုလွေ လူသားများ ထကြွ သောင်းကျန်း ခဲ့ကြောင်း မှတ်တမ်းဟောင်း များမှာ တွေ့ရပါတယ်။ ၀ံပု လွေ ဦးရေဟာ များပြား လွန်းတာမို့ လူသား တွေဟာ ညဘက်မှာ အပြင် မထွက်ရဲ ပါဘူး။ မှောင်လာရင် သူတို့ရဲ့ တိုက်ခိုက်မှုကို ခံရမှာ စိုးလို့ ပါ။ ဒါကြောင့် ကျောင်းသား လူငယ် တစ်စုက ၀ံပုလွေ လူသား တွေကို တိုက်ခိုက်ဖို့ အစီအစဉ် တစ်ခု ဆွဲခဲ့ပါတယ်။ သူတို့ဟာ ရှိသမျှ ငွေဇွန်း၊ ငွေခွက်၊ ငွေကြယ်သီး ပါမကျန် အရည်ကျို ကျည်ဆံ အဖြစ် သွန်းလုပ်  ပုံပြောင်း ခဲ့ပါတယ်။ စစ်တပ် ဖွဲ့စည်း ပြီးတဲ့အခါ ညဘက် ထွက်လို့ ၀ံပု လွေ လူသား တွေကို စိန်ခေါ် တိုက်ခိုက် ခဲ့ပါတယ်။ အချိန် အတော် ကြာပြီး နောက်မှာတော့ မြို့သူမြို့သား တွေဟာ ညဘက် အပြင် ပြန်ထွက် နိုင်သွား ပါတော့တယ်။

Werewolf

Werewolf of Ansbac
၁၆၈၀ မှာ ဂျာမနီ နိုင်ငံ Bavaria ပြည်နယ်က Ansbach မြို့မှာ ကြီးမားတဲ့ ၀ံပုလွေ တစ်ကောင် ခြောက်လှန့် ကြီးစိုးခဲ့ ပါတယ်။ ကောလဟာလ တွေအရ ဒီဝံပုလွေဟာ ကွယ်လွန်သူ မြို့တော်ဝန် ဖြစ်တယ် လို့ဆိုပါတယ်။ ဒီဝံပုလွေ သေဆုံး ပြီးနောက်မှာ မြို့သား တွေဟာ ဒီဝံပုလွေ အသေ ကောင်ကို မြို့တ်ာဝန် သဏ္ဍာန် ၀တ်ဆင် ပေးခဲ့ပါတယ်။ ဒီအရာကို မြို့ရင်ပြင် မှာပြသ ခဲ့ပြီး နောက်ပိုင်းမှာ ပြတိုက်သို့ ပြောင်းရွှေ့ ခဲ့ပါတယ်။

Werewolf

Klein-Krams Werewolf
ဂျာမနီက Klein-Krams မြို့သား တွေဟာ တောအုပ်တွေမှာ တောလည်ကစား ရတာကို ပျော်မွေ့ ပါတယ်။ ဂျာမနီ တစ်ပြည်လုံး အနှံ့က အားက စား သမားတွေဟာ ကြီးမား စည်ကား တဲ့ဒီ တောလိုက် ပွဲတွေမှာ သူတို့ အစွမ်း ကိုပြဖို့ လာရောက် လေ့ရှိ ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်း များစွာ ကြာအောင် ဒီတောလိုက်သမား တွေဟာ ကြီးမားပြီး သေနတ် ပြီးနေတဲ့ ၀ံပုလွေ တစ်ကောင်ကြောင့် ဒုက္ခ တွေ့ရတတ် ပါတယ်။ တစ်ခါတစ် လေ ဒီမိစ္ဆာက တောလိုက် သမားတွေရဲ့ သေနတ် တကမ်းက နေလို့ တောလိုက်ရ လာတဲ့ အကောင်တွေကို လှမ်းဆွဲ တတ်ပါတယ်။ ကျည်ဆံ တွေက သူ့အနီးကို ရောက်တောင် မရောက် သလိုပါပဲ။ တစ်ရက်မှာတော့ တောလည်သူတွေ ထဲက အရာရှိငယ် တစ်ယောက်ဟာ ရွာတစ်ရွာ ကိုဖြတ်သွားစဉ် အိမ်ထဲမှ သံကုန်အော်ပြီး ပြေးထွက်လာသူ တစ်အုပ်နဲ့ တွေ့ခဲ့ပါတယ်။ သူက လူငယ် တစ်ယောက်ကို မေးကြည့်တဲ့ အခါ က လေးက Feeg မိသားစုက အငယ်ဆုံး ကလေးက လွဲလို့ ကျန်သူတွေ အကုန် အပြင်သွားကြောင်း။ အဲ့လို တစ်ယောက်ထဲကျန် ခဲ့တဲ့အခါ ကလေး က ၀ံပုလွေ လူသား အသွင် ပြောင်းလို့ အိမ်နီးချင်း ကလေး တွေကို ခြောက်လှန့်ကြောင်း သူအသွင် ပြောင်းပြီးတဲ့ အခါ တခြား ကလေး တွေက အကိုက်ခံ ရမှာ စိုးလို့ ထွက်ပြေး လာကြောင်း ပြောပြပါတယ်။ အရာရှိ ငယ်က ကလေးတွေ သူတို့ ဘာသာ ၀ံပုလွေ သိုးနောက် လိုက် စိန်ပြေးတမ်း ကစား နေတာကို စိတ်ကူးယဉ် ပြီးပြော တယ်လို့ ထင်လို့ ရယ်နေလိုက် ပါတယ်။ ဒါပေမဲ့ သူအိမ်ထဲကို ကြည့်လိုက် တဲ့အခါ ၀ံပုလွေ တစ်ကောင်ကို ဖြတ်ခနဲ တွေ့လိုက်ရပြီး ခနအကြာ အဲ့နေရာမှာ ကောင်ကလေး တစ်ယောက် ရပ်နေတာ တွေ့လိုက် ရပါတယ်။

Werewolf

Werewolf of Pavia
၁၅၄၁ ခုနှစ် အီတလီက Pavia မြို့မှာ လယ်သမား တစ်ဦးဟာ ၀ံပုလွေဖြစ်တယ် ဆိုကာ လူပေါင်း များစွာ အပေါ် ခုန်အုပ်လို့ လူတွေကို အစိတ် စိတ် အမြွှာမြွာ ဖြစ်အောင် ကိုက်ဖြတ် ဆုတ်ဖြဲ ခဲ့ပါတယ်။ ပြဿနာ ပေါင်းများစွာ အပြီး ဒီအရူးကို ဖမ်းမိချိန်မှာ သူက ထောင်ပိုင် တွေကို သူနဲ့ သဘာဝ ၀ံပုလွေ ကြားမှာ ကွာခြားတာဆိုလို့ သဘာဝ ၀ံပုလွေ အမွေးတွေက အပြင်ဖက်ကို ပေါက်ပြီး သူ့မှာတော့ အတွင်းဖက်ကို ပြန်ပေါက် တယ်လို့ ပြောပြပါတယ်။ ဒီ အချက်ကို သက်သေ ပြဖို့ သွေးဆာ နေတဲ့ ၀ံပုလွေ ရိုင်းတွေက သူ့ခြေတွေ လက်တွေကို ကိုက်ဖြတ် တရား စီရင် ခဲ့တယ် ဆိုရပါမယ်။ သူဟာ အပိုင်းပိုင်း အစစ ဖြစ်ပြီး သေဆုံး သွားပါတယ်။

Werewolf

Werewolf of Chalons
ချာလွန်ရဲ့ ၀ံပုလွေ လူသား သို့မဟုတ် အပ်ချုပ်သမား မိစ္ဆာ ကတော့ ကြောက်စရာ အကောင်းဆုံး ၀ံပုလွေ လူသား ဇာတ်လမ်း တွေထဲက တစ် ခုပါ။ ၁၄ ရက် ဒီဇင်ဘာ ၁၅၉၈ ပါရီ မြို့မှာ လူသတ်မှု အတွက် တရားစီရင် ခံခဲ့ရပြီး တရား ရုံးက ကြားနာ ပြီးနောက်မှာ မှတ်တမ်းတွေ အ ကုန် ဖျက်စီးစေ ခဲ့ပါတယ်။ သူရဲ့ နာမည် အစစ်တောင် သမိုင်းမှာ မကျန်ခဲ့ တော့ပါဘူး။ ကလေး တွေကို သူ့ဆိုင်မှာ ထောင်ဖမ်း ၊ abuse လုပ် ကာ ကလေးတွေရဲ့ လည်ချောင်း ကိုဖြတ်၊ အလောင်း တွေကို ၀တ်စား ပြင်ဆင် ရုံသာမက အသား အလို့ငှာ တွဲဆက် ချည်နှောင် ထားပါသေး သတဲ့။ မိုးသောက်မှာ ၀ံပုလွေ အသွင် ကိုယူ တောထဲမှာ ပြေးလွာကာ ဖြတ်သွား သူတွေ အပေါ် ခုန်အုပ် လည်ချောင်းတွေကို ကိုက်ဖြတ် ပါသ တဲ့။ သူ့ရဲ့ မြေတိုက်ခန်း ထဲမှာ အရောင်ချွတ် ထားတဲ့ အရိုးစည်တွေ သာမက တခြား ဖွက်ထားတဲ့ ကြောက်မက်ဖွယ် ပစ္စည်းတွေ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ သူရဲ့ ပြစ်မှု အတွက် မီးရှို့ စီရင် ခံရခဲ့ပါတယ်။ သူဟာ သူ့ပြစ်မှုတွေကို မှားယွင်းတယ်လို့ ယူဆ နောင်တ ရခြင်း မရှိဘဲ သေဆုံး ခဲ့တယ်။ ( သေဆုံး ခဲ့တယ် လို့တော့ ဆိုကြ ပါတယ်)

Werewolf

Claudia Gaillard, Werewolf of Burgundy
Claudia Gaillard ဟာစုန်းလိုက် သမား Henry Boguet ရဲ့ရာပေါင်း များစွာသော ကံဆိုးသမ သားကောင် တွေထဲက တစ်ဦးပါ။  မျက်မြင် သက်သေ တွေက သူမဟာ ချုံပုတ်တွေ နောက်ကွယ်မှာ အမြှီး မပါတဲ့ ၀ံပုလွေ တစ်ကောင် လို့စွပ်စွဲ ပါတယ်။ ဒီကြီးမား တဲ့အပြစ်ကြောင့် သူမ ကို ဖမ်းဆီး နှိပ်စက် ခဲ့ပါတယ်။ ဒီနှိပ်စက် ၀န်ခံစေပြီး နောက်မှာ တရား သူကြီး တွေက "သူမ မျက်ရည် သုတ်တာကို ဘယ်သူကမှ တစ်ခါမှ မ မြင်ဖူး ခဲ့ဘူး။ ဒါကြောင့် သူမ မျက်ရည် တိတ်သွား ဖို့ ဘယ်လို အရာကို မဆို ပြုလုပ် နိုင်တယ်" လို့ စီရင်ချက် ချခဲ့ပါတယ်။ ကလော်ဒီယာ ဟာ ကျပ်စင်မှာ မီးတင် ရှို့ခံ ခဲ့ရ ပါတယ်။

Werewolf

Michel Verdun, Werewolf of Poligny
၁၅၂၁ ခုနစ်မှာ Besancon ရဲ့စစ်ဆေးရေး အရာရှိ  Jean Boin ဟာ Philibert Montot Pierre Bourgot နဲ့ Michel Verdun ဆိုသူ သုံးယောက်ကို ၀ံပုလွေ လူသား အဖြစ် အရေးယူ ခဲ့ပါတယ်။ သူတို့ကို Poligny ရဲ့ဝံပုလွေ လူသား တွေလို့ သိကြ ပါတယ်။ ဒီလူ သုံးယောက် ကို သံသယ စရှိတာ ကတော့ ခရီးသွား တစ်ယောက် တောအုပ်ကို ဖြတ်စဉ်မှာ ၀ံပုလွေ ကတိုက်ခိုက် ပါတယ်။ ခရီးသွား ကပြန် ခုခံတဲ့ အခါ ၀ံပုလွေမှာ ဒဏ်ရာ ရလို့ ထွက်ပြေး သွားပါတယ်။ ဒီထွက်ပြေးရာ လမ်းကြောင်း အတိုင်း လိုက်သွားရာ တဲတစ်လုံးမှာ အဆုံးသတ်သွားပါ တယ်။ ဒီမှာတင် Michel Verdun ကိုတွေ့တာပါပဲ။ သူက ဒဏ်ရာ ရနေပြီး သူ့မိန်းမ ဆေးကြော ပြုစုတာ ခံနေ ပါတယ်။ ခရီးသွားက ဒဏ်ရာ ဟာ တစ်စုံ တစ်ဦး နဲ့ တိုက်ခိုက် လို့ရတဲ့ ဒဏ်ရာလို့ ယုံကြည်ပြီး အာဏာပိုင် တွေကို တိုင်ကြား လိုက်ပါတယ်။ ဖမ်းဆီးနှိပ်စက် မှုတွေ အဆုံးမှာ Michel Verdun က သူဟာ အသွင်ပြောင်း နိုင်သူ ပါလို့ ၀န်ခံ လိုက်ပါတယ်။ ပြီးတော့ သူရဲ့ အသွင်ပြောင်းဖက် အဖော်နှစ်ဦး ရှိတယ် ဆိုပြီး နံမည်တွေ ထုတ်ဖော် ပါတယ်။ သူတို့ သုံးဦး ကို ၀ံပုလွေ လူသား ဖြစ်မှု ၊ မိစ္ဆာ ကိုးကွယ်မှု၊ လူသတ်မှု၊ လူသား စားမှုတွေ ကို ၀န်ခံ ခြင်းပြု ရပါတယ်။ သူတို့ သုံးယောက်လုံးကို သေဒဏ် စီရင် ခဲ့ပါတယ်။

Werewolf

Benandanti Werewolves
၁၆၉၂ ခုနစ် တုန်းက Baltic ပင်လယ် အရှေ့ဘက် ဒေသ  Livonia မြို့မှာ အသက် ရှစ်ဆယ် အရွယ် Thiess ဆိုတဲ့ အဘိုးကြီး နဲ့ပတ်သတ် လို့ ၀ံပုလွေ လူသား ပုံပြင် စတင် ခဲ့ပါတယ်။ Thiess ရဲ့ အဆို အရ Skeistan နဲ့ တခြားစုန်း တွေဟာ ကောက်ပဲ သီးနှံတွေ အပင်ပေါက် မလာအောင် တားဆီး တယ်လို့ ဆိုပါတယ်၊ ဒါမှ သူတို့ဟာ ငရဲ ပြည်ကို အစေ့တွေ ယူလို့ စိုက်ပျိုး နိုင်ကြ မှာမို့ပါတဲ့။ Thiess နဲ့ တခြား ၀ံပုလွေ လူသားတွေက ငရဲပြည် ကိုဆင်း စုန်းတွေကို တိုက်ခိုက်လို့ သီးနှံတွေ ဖြစ်ထွန်း ပေါက်ရောက် လာအောင် ကူညီ ပါသတဲ့။ ဒီဝံပုလွေ လူသားနဲ့ စုန်းတွေ ကြားက စစ်ပွဲဟာ တစ်နှစ်ကို သုံးရက်ကြာ ဖြစ်လေ့ ရှိပါတယ်။ ဒါတွေက Saint Lucia နေ့ , Pentecost နဲ့ Saint John နေ့တွေ ရဲ့ ညတွေ မှာပါ။ (ရာသီ အလိုက် ပြောင်းလဲ ပါတယ်။) တကယ် လို့များ ၀ံပုလွေ လူသားတွေ ဆင်းတာ နှေးသွား ရင်တော့ စုန်းတွေက ငရဲ တံခါးကို ပိတ်လိုက်ပြီး ဖြစ်တာမို့ ကောက်ပဲ သီးနှံတွေ မွေးမြူရေးနဲ့ ငါးဖမ်း လုပ်ငန်းတွေ ပြဿနာ တက်နိုင် ပါတယ်။ လက်နက် အနေနဲ့က ၀ံ ပုလွေ လူသား တွေက သံတုတ်တွေ စုန်းတွေက တံမြတ် စည်းရိုး တံတွေကို သုံးပါတယ်။ တစ်ခါမှာတော့ Skeistan ဟာ Theiss နှာခေါင်းကို မြင်း မြှီး ပတ်ထားတဲ့ တံမြတ်စည်းရိုးနဲ့ ရိုက်ချိုးခဲ့ ပါတယ်။ တရားသူကြီးတွေက အံသြကုန် ပါတယ်။ သူတို့ဟာ အရင်က ၀ံပုလွေ လူသား တွေက မိစ္ဆာတွေနဲ့ ပတ်သတ် တယ်လို့ သိထားခဲ့တာ မို့ပါ။ ၀ံပုလွေ လူသားတွေ ဘယ်က လာသလဲ ဆိုတဲ့ အမေးကိုတော့ Thiess က ကောင်း ကင်ဘုံ ကလာတယ် လို့ဆိုပါတယ်။ ဘုရား သခင်ရဲ့ ခွေးတွေ ဖြစ်ပြီး လူတွေကို မိစ္ဆာတွေ ရန်က ကူညီဖို့ ဖြစ်တယ်။ တကယ်လို့ သူတို့သာ မရှိရင် အကုန် ဒုက္ခရောက် ကုန်မယ်။ ဂျာမနီနဲ့ ရုရှားမှာလဲ ၀ံပုလွေ လူသားတွေက သူတို့နဲ့ သက်ဆိုင်တဲ့ ငရဲတွေ ဆီသွားလို့ စုန်းတွေနဲ့ တိုက်ခိုက် တယ်လို့ ဆိုပါတယ်။ Thiess က သူ့ရဲ့ ခံဝန်ချက်မှာ သူဟာ မိစ္ဆာတွေနဲ့ မပတ်သတ်ဖူး လို့ဆိုတယ်။ ပြီးတော့ တရားဟော ဘုန်းကြီး ကို တွေ့ဖို့လဲ ငြင်းဆိုတယ်။ သူက ကမ္ဘာပေါ်က ဘယ်ဘုန်းကြီး ထက်မဆို ပိုပြီး ကောင်းမွန်သူ ဖြစ်တာ မို့လို့ လို့ဆိုပါတယ်။ နောက်ဆုံးမှာ ၀ိဝါဒ ကွဲပြား သွားတဲ့ တရား သူကြီး တွေက Thiess ကို သူ့ရဲ့ သာသနာတော် ပြင်ပ အတွေးအခေါ် အတွက် ကြိမ်ဒဏ် ဆယ်ချက် ပြစ်ဒဏ် ချမှတ် ခဲ့ပါတယ်။

Werewolf

Jean Grenier
၁၆၀၃ ခုနစ် နွေဦး အစမှာ St. Sever ဒြီစတြိတ် ဖရန်စစ်ပြည် (ပြင်သစ်ပြည် St.Sever တိုက်နယ်) ရဲ့ အနောက်တောင် အစွန်းဘက် နယ် ခြားဒေသမှာ ကောလဟာလ တစ်ခု ပျံ့လွင့် လာပါတယ်။ ဒါကတော့ ရွာသိမ်ရွာငယ် လေးတွေမှ ကလေးငယ်တွေ ထူးထူးဆန်းဆန်း ပျောက် ဆုံး ကုန်လို့ ဖြစ်တယ်။ သဲလွန်စ တစ်ခုတောင် မကျန်ရစ် ပဲနဲ့ပါ။ တစ်ခါမှာတော့ ပုခက်ထဲ သိပ်ထားတဲ့ ကလေး တစ်ယောက်ဟာ အမေ ခန အိပ်ပျော်သွားစဉ် ပျောက်သွားတယ်။ လူတွေက ၀ံပုလွေ လုပ်တာလို့ ပြောကြတယ်။ တစ်ချို့က ခေါင်းကို ခါယမ်းပြီး ဒီ့ထက် ဆိုးတဲ့ အ ကောင် ပါလို့ လေသံလေးနဲ့ တိုးတိုး ပြောကြတယ်။ တရားသူကြီး နှစ်ဦး ဖြစ်တဲ့  Roche Chalais နဲ့ Chatellenie ရဲ့ ၁၃ နှစ်အရွယ် Marguerite ဆိုတဲ့ ကလေးမလေး အမှုကြောင့် စိုးရိမ်မှု ဒီရေက မြင့်တက် လို့လာ ပါတယ်။ သူမက လပြည့်နေ့ တစ်ခုမှာ ကြီးမား ဆာလောင် နေတဲ့ ၀ံပုလွေနဲ့ ဆင်တူတဲ့ မိစ္ဆာကြီးရဲ့ တိုက်ခိုက်ခံခဲ့ ရတယ်လို့ ကျိန်တွယ် ပြောဆိုပါတယ်။ နေ့လည်ဘက် သူမ နွားကျောင်း နေစဉ်မှာ အမွေး ကြမ်းတွေနဲ့ ပြည့်နေတဲ့ အကောင်ကြီး တစ်ကောင်က သစ်ပင်တွေ နောက်က ပြေးလာလို့ သူမရဲ့ ဂါဝန်ကို ချွန်မြတဲ့ သွားတွေနဲ့ စုတ်ဖြဲ ခဲ့တယ်။ သူမဆီမှာ သံချောင်း ချွန်ချွန် တစ်ချောင်း ပါနေလို့သာ ကိုယ့်ကိုယ်ကို ကာကွယ် နိုင်ခဲ့တာလို့ ဆိုပါတယ်။ ထို့နောက်မှာ ၁၃ ၁၄ နှစ် အရွယ် Jean Grenier ဆိုတဲ့ ကောင်လေးက သူသာလျှင် Marguerite ကို ၀ံပုလွေ ယောင်ဆောင်လို့ တိုက်ခိုက် ခဲ့တာ ဖြစ်ကြောင်း သူမရဲ့ သံချောင်းကြောင့် မ ဟုတ်ပဲ တကယ်လို့များ ကလေး သုံးယောက် လေးယောက် ကို စားထားတာ မဟုတ်ရင် သူမကို အစိတ် အမြွာမြွာ စုတ်ဖြဲ လိုက်မှာလို့ ၀ါ ကြွား ပြောဆို ခဲ့ပါတယ်။

Werewolf

Myanmar Youth Media Club

0 comments:

Post a Comment