Wednesday, October 16, 2013

ဂျပန်နိုင်ငံ၏ စစ်ရေးဆိုင်ရာ ချဲ့ထွင်မှုကို သြစတြေးလျ နိုင်ငံက အထောက်အကူပေး

ဂျပန်နိုင်ငံ၏ စစ်ရေးဆိုင်ရာ ချဲ့ထွင်မှုကို သြစတြေးလျ နိုင်ငံက အထောက်အကူပေး

Thursday, 17 October 2013

ဂျပန်နိုင်ငံ အနေဖြင့် ၎င်း၏စစ်ဘက်ကို ပြည်ပစစ်ဆင်ရေးများတွင် ပါဝင် ထမ်းဆောင်ရန် ကြိုးပမ်း အားထုတ်မှုအပေါ် ထောက်ပံ့ ကူညီရာတွင် သြစတြေးလျနိုင်ငံက

အမေရိကန် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက် အင်တာနက်သတင်း တစ်ရပ်အရ သိရသည်။ သြစတြေးလျ နိုင်ငံအနေဖြင့် ဒေသတွင်း လုံခြုံရေးကို ကြီးမားစွာ အထောက်အကူပြုမည့် ဂျပန် နိုင်ငံပါဝင်လာရေးကို မျှော်လင့်မိကြောင်း နှင့် အဆိုပါ ကိစ္စရပ်ကို အမေရိကန်နိုင်ငံ အပါအဝင် အခြား မဟာမိတ်နိုင်ငံများကလည်း မျှော်လင့် ထားကြောင်း ဂျပန် နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူးလီဘစ်ရှော့က သတင်းထောက်များကို အောက်တိုဘာ ၁၅ ရက်က  တိုကျိုမြို့၌ ထုတ်ဖော်ပြောကြား ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ စစ်ဆင်ရေးများတွင်  အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်ကူညီ ဆောင်ရွက်ရန်အတွက် ကာကွယ်ရေး မူဝါဒကို ပိုမိုချဲ့ထွင်ရန် ကြိုးပမ်းနေသည့် ဂျပန်နိုင်ငံ၏ အစီအစဉ် ကို သြစတြေးလျနိုင်ငံက အထောက်အကူ ပေးလျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။ 

ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့စစ်ရှုံး နိမ့်ခဲ့ပြီးနောက် စစ်ဆန့်ကျင်ရေးဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မူကြမ်းရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး အခြေခံဥပဒေတွင် ဂျပန်စစ်ဘက်ကို ပြည်ပတွင် တပ်ဖြန့်ချထားမှု မပြုရန် ပိတ်ပင်ထားကြောင်း သိရသည်။ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးကလည်း စုပေါင်းကိုယ်ပိုင် ကာကွယ်ရေးအတွက် ၎င်း၏စစ်ဘက်ကို ပြည်ပတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် ခွင့်ပြုပေးရန်နှင့် စစ်ဆန့်ကျင်ရေး ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

အမေရိကန်နိုင်ငံ အနေဖြင့် ဂျပန်နိုင်ငံ၏ စစ်မှန်သော စုပေါင်းကိုယ်ပိုင် ကာကွယ်ရေး မူဝါဒကို အထောက်အကူပေးလျက် ရှိကြောင်း မကြာသေးမီက ဂျပန်နိုင်ငံနှင့် ပြုလုပ် ခဲ့သော ဆွေးနွေးပွဲများ အပြီးတွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီးတို့က ထုတ်ဖော် ပြောကြားခဲ့သည်။ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့နှင့် သြစတြေးလျ စစ်ဘက်တို့သည် လောင်စာဆီနှင့် အစားအစာများ အပြန်အလှန် ပေးပို့ခြင်းဖြင့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လျက်ရှိကြောင်း သိရသည်။ သို့ရာတွင် သြစတြေးလျ နိုင်ငံအနေဖြင့် ဒေသတွင်းပိုင်နက် နယ်မြေအငြင်းပွားမှု ကိစ္စရပ်များတွင် မည်သည့်ဘက်မှ ရပ်တည်ပေးလိမ့်မည် မဟုတ်ကြောင်းနှင့် တရုတ်နှင့်ကိုရီးယား နိုင်ငံတို့ အပေါ်ထားရှိသော ခိုင်မာသည့် ဆက်ဆံရေးကို သြစတြေးလျနိုင်ငံက ထိန်းသိမ်းလျက် ရှိကြောင်းလည်း ဘစ်ရှော့က ပြောကြားခဲ့သည်။   

http://www.myawady.net.mm/allnews/global/item/28131-2013-10-17-09-01-43

ဂျပန်နိုင်ငံ အနေဖြင့် ၎င်း၏စစ်ဘက်ကို ပြည်ပစစ်ဆင်ရေးများတွင် ပါဝင် ထမ်းဆောင်ရန် ကြိုးပမ်း အားထုတ်မှုအပေါ် ထောက်ပံ့ ကူညီရာတွင် သြစတြေးလျနိုင်ငံကအမေရိကန် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း အောက်တိုဘာ ၁၆ ရက် အင်တာနက်သတင်း တစ်ရပ်အရ သိရသည်။ သြစတြေးလျ နိုင်ငံအနေဖြင့် ဒေသတွင်း လုံခြုံရေးကို ကြီးမားစွာ အထောက်အကူပြုမည့် ဂျပန် နိုင်ငံပါဝင်လာရေးကို မျှော်လင့်မိကြောင်း နှင့် အဆိုပါ ကိစ္စရပ်ကို အမေရိကန်နိုင်ငံ အပါအဝင် အခြား မဟာမိတ်နိုင်ငံများကလည်း မျှော်လင့် ထားကြောင်း ဂျပန် နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ဂျူးလီဘစ်ရှော့က သတင်းထောက်များကို အောက်တိုဘာ ၁၅ ရက်က တိုကျိုမြို့၌ ထုတ်ဖော်ပြောကြား ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ စစ်ဆင်ရေးများတွင် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်ကူညီ ဆောင်ရွက်ရန်အတွက် ကာကွယ်ရေး မူဝါဒကို ပိုမိုချဲ့ထွင်ရန် ကြိုးပမ်းနေသည့် ဂျပန်နိုင်ငံ၏ အစီအစဉ် ကို သြစတြေးလျနိုင်ငံက အထောက်အကူ ပေးလျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့စစ်ရှုံး နိမ့်ခဲ့ပြီးနောက် စစ်ဆန့်ကျင်ရေးဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မူကြမ်းရေးဆွဲ ခဲ့ခြင်းဖြစ်ပြီး အခြေခံဥပဒေတွင် ဂျပန်စစ်ဘက်ကို ပြည်ပတွင် တပ်ဖြန့်ချထားမှု မပြုရန် ပိတ်ပင်ထားကြောင်း သိရသည်။ ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးကလည်း စုပေါင်းကိုယ်ပိုင် ကာကွယ်ရေးအတွက် ၎င်း၏စစ်ဘက်ကို ပြည်ပတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် ခွင့်ပြုပေးရန်နှင့် စစ်ဆန့်ကျင်ရေး ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

အမေရိကန်နိုင်ငံ အနေဖြင့် ဂျပန်နိုင်ငံ၏ စစ်မှန်သော စုပေါင်းကိုယ်ပိုင် ကာကွယ်ရေး မူဝါဒကို အထောက်အကူပေးလျက် ရှိကြောင်း မကြာသေးမီက ဂျပန်နိုင်ငံနှင့် ပြုလုပ် ခဲ့သော ဆွေးနွေးပွဲများ အပြီးတွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီးနှင့် နိုင်ငံခြားရေး ဝန်ကြီးတို့က ထုတ်ဖော် ပြောကြားခဲ့သည်။ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့နှင့် သြစတြေးလျ စစ်ဘက်တို့သည် လောင်စာဆီနှင့် အစားအစာများ အပြန်အလှန် ပေးပို့ခြင်းဖြင့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လျက်ရှိကြောင်း သိရသည်။ သို့ရာတွင် သြစတြေးလျ နိုင်ငံအနေဖြင့် ဒေသတွင်းပိုင်နက် နယ်မြေအငြင်းပွားမှု ကိစ္စရပ်များတွင် မည်သည့်ဘက်မှ ရပ်တည်ပေးလိမ့်မည် မဟုတ်ကြောင်းနှင့် တရုတ်နှင့်ကိုရီးယား နိုင်ငံတို့ အပေါ်ထားရှိသော ခိုင်မာသည့် ဆက်ဆံရေးကို သြစတြေးလျနိုင်ငံက ထိန်းသိမ်းလျက် ရှိကြောင်းလည်း ဘစ်ရှော့က ပြောကြားခဲ့သည်။ 

မြ၀တီ

0 comments:

Post a Comment