Wednesday, November 5, 2014

ရီးယဲလ် တိုက်စစ်မှူးဟောင်း ရာအူးလ်၏ ချန်ပီယံလိဂ် သွင်းဂိုးစံချိန်ကို မက်ဆီ လိုက်မီ

အေဂျက်ဇ်အသင်းကို ၀-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် အနိုင်ဂိုး နှစ်ဂိုး စလုံး ကို သွင်းယူပေးနိုင်ခဲ့သည့်အတွက် ရီးယဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်တင်ရှိထားသည့် ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး စံချိန် ၇၁ ဂိုးကို လိုက်မီသွား ခဲ့ပြီဖြစ် သည်။



မက်ဆီသည် ထိုပွဲစဉ်တွင် ၎င်း၏ ချန်ပီယံလိဂ်သွင်းဂိုး ၇၀ မြောက်ဂိုးကို ခေါင်းတိုက်သွင်း ယူခဲ့ခြင်းဖြစ်ပြီး ၇၁ ဂိုးမြောက် ဂိုးကိုမူ ပက်ဒရို၏ဖန် တီးပေးမှုအားအ ဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။မက်ဆီ ၏အဓိက ပြိုင်ဘက်ဖြစ်သည့် ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဦးစွာပထမ ရာအူးလ်၏ ဂိုးသွင်းစံချိန်ကို အမီလိုက်နိုင်ရန် အခွင့်အရေး ရခဲ့သော် လည်း လီဗာပူးလ်အသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ဂိုး ၇၀ ဖြင့်သာ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။

လက်ရှိချန်ပီယံလိဂ် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် မက်ဆီက ၇၁ ဂိုးဖြင့် ဦးဆောင်နေပြီး စီရော်နယ်ဒိုက ဂိုး ၇၀ ဖြင့် တတိယနေရာတွင် ရပ်တည် နေသည်။ ၎င်းတို့၏နောက်တွင် မန်ယူတိုက်စစ်မှူးဟောင်း ရုဒ်ဗန်နစ္စတယ်ရွိုင်းက ၅၆ ဂိုးဖြင့် ရှိနေပြီး ပဉ္စမနေရာတွင် အာဆင်နယ်တိုက်စစ်မှူးဟောင်းအွန်န ရီက ဂိုး ၅၀ ဖြင့် ရပ်တည်နေသည်။

မက်ဆီသည် ထိုသွင်းဂိုး ၇၁ ဂိုးကို အုပ်စုအဆင့်တွင် ဂိုး ၄၀၊ ၁၆ သင်း ရှုံးထွက်အဆင့်တွင် ၁၈ ဂိုး၊ ကွာတားဖိုင်နယ်တွင် ၉ ဂိုး၊ ဆီမီးဖိုင်နယ်တွင် ၂ ဂိုးနှင့် ဗိုလ် လုပွဲတွင် ၂ ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ သွင်းယူခဲ့ သည့်နေရာများမှာ ဧရိယာစည်းအပြင်မှ ဂိုး ၆၀၊ ဧရိယာစည်း အပြင်မှ ၁၁ ဂိုး၊ ပင်နယ်တီမှ ၈ ဂိုးနှင့် ပြစ် ဒဏ်ဘောမှ ၂ ဂိုးသွင်းယူခဲ့သည်။

ထို ၇၁ ဂိုးသွင်းယူခဲ့သည့် ပွဲအရေအတွက်မှာမူ ၁ ဂိုးသွင်းယူနိုင်သည့်ပွဲ ၂၆ ပွဲ၊ ၂ ဂိုးသွင်းယူနိုင်သည့်ပွဲ ၁၅ ပွဲ၊ ၃ ဂိုးသွင်းယူနိုင်သည့်ပွဲ ၂ ပွဲ၊၄ဂိုးသွင်းယူနိုင်သည့် ပွဲ ၁ ပွဲနှင့် ၅ ဂိုးသွင်းယူနိုင်ခဲ့သည့်ပွဲ ၁ ပွဲဖြစ်သည်။

ချန်ပီယံလိဂ်တွင် မက်ဆီဂိုးသွင်းယူခဲ့သည့် အသင်းများ

၈ ဂိုး - အေစီမီလန်

၆ ဂိုး - အေဂျက်ဇ်၊ အာဆင်နယ်၊ လီဗာကူဆင်

၎ ဂိုး - စပါးတပ်မော်စကို၊ ပါနာသီနာကော့စ်

၃ ဂိုး - လိုင်ယွန်၊ ရှက်တာဒိုးနက်၊ ကိုပင်ဟေဂင်၊ ဗစ်တိုးရီးယား

၂ ဂိုး - စတုဂတ်၊ ဘေဆယ်၊ ဘိုင်ယန်မြူးနစ်၊ မန်ယူ၊ ဒိုင်နမိုကိဗ်၊ ရီးယဲလ်၊ ဘိုရီဆော့ဗ်၊ ပီအက်စ်ဂျီ၊ မန်စီးတီး

၁ ဂိုး - ၀ါဒါဘရီမင်၊ ဆဲလ်တစ်၊ ရိန်းဂျား၊ စပို့တင်းလစ္စဘွန်း

ရည်ညွှန်း ဒေးလီးမေးလ်
Mizzima

0 comments:

Post a Comment