Monday, November 3, 2014

ချီကာဂိုမိုးမျှော်တိုက်နှစ်လုံးကြားက ကြိုးတန်း လမ်းလျှောက်သမား Nik Wallenda



ကြိုးတန်းပေါ် လမ်းလျှောက်ပြခဲ့တဲ့ လမ်းလျှောက်သမား Nik Wallenda ဟာ ချီကာဂိုမြို့ပေါ်က မြင့်မားတဲ့ကြိုးတန်းပေါ် အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ပါပြီ။ အသက် ၃၅ နှစ် အရွယ်ရှိသူက အသက်ကယ်ပိုက်ကွန် သို့မဟုတ် ဘာကြိုးမှ တွဲချည်မထားဘဲ မိုးမျှော်တိုက်နှစ်ခုကြားက ကြိုးတန်းကိုဖြတ်လျှောက်ခဲ့တာပါ။ချီကာဂိုမြစ်ကမ်း တစ်ဖက်ခြမ်းက အဆောက်အဦးနှစ်ခုကြား မတ်စောက်တဲ့ နေရာမှာ အရင်ဦးဆုံးစပြီး တက်လျှောက်ခဲ့တာပါ။

နောက်တော့ Marina City Tower နှစ်ခုကြား မျက်နှာကို အဝတ်စည်းထားလျက် ဖြတ်ကူးခဲ့ပါတယ်။ မြေပြင်မှ ပေ ၅၀၀ ( ၁၅၂ မီတာ) မြင့်တဲ့ ပထမအဆင့်ကို ကျော်ဖြတ်ဖို့ ၆ မိနစ်နဲ့ ၅၂ စက္ကန့်ကြာခဲ့ပါတယ်။ နောက်ပြီး Marina City Tower နှစ်ခုကြား အမြင့် (၉၄)ပေ ကို ၁ မိနစ်နဲ့ ၁၇ စက္ကန့်နဲ့ လျှောက်ခဲ့ပါတယ်။

ဒီအန္တရာယ်များပြားလှတဲ့ လုပ်ဆောင်ချက်ကို ၁၀ မိနစ်နှေးပြီး ရုပ်မြင်သံကြားက ရိုက်ကူးပေးထားပါသေးတယ်။

မြေပြင်တွင် ထောင်ပေါင်းများစွာက သတ္တမမြောက်ကြိုးတန်း လမ်းလျှောက်သမား Mr. Wallenda ကို လက်ခုပ်သြဘာပေးခဲ့ကြပါတယ်။

တဖန်မျက်စိအဝတ်စည်းထားရင်းနဲ့ပဲ သတင်းထောက်များရဲ့မေးခွန်းတွေကို Mr. Wallenda က ဖြေကြားခဲ့ပါတယ်။ Grand Canyon နဲ့ Niagara Falls နှစ်ခုစလုံးကိုလည်း ကြိုးတန်းပေါ် သူဖြတ်လျှောက်ခဲ့ဖူးပါတယ်။

Source: BBC

Trend Myanmar

0 comments:

Post a Comment