မြန်မာနိုင်ငံမှာ အလှပဆုံးရေတံခွန်လို့ တင်စားကြတဲ့ ဟိုက်ပါရေတံခွန်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းမှာတည်ရှိပါတယ်။ အရင်က အနီးပတ်ဝန်းကျင်ဒေသခံတွေလောက်သာ သွားရောက်လည်ပတ်ခဲ့တဲ့ သည်နေရာလေးဟာ အခုဆိုရင် မြန်မာနိုင်ငံဒေသအနှံ့အပြားက ခရီးသွားတွေစိတ်ဝင်တစားသွားလာနေကြပြီဖြစ်ပါတယ်။
လူ ရှိတဲ့နေရာတိုင်းမှာတော့ အမှိုက်ဆိုတာ ရှိစမြဲပါပဲ။ အဲဒီအမှိုက်ကို စနစ်တကျ စွန့်ပစ်တာနဲ့ လက်လွတ်စပယ် စွန့်ပစ်တာပဲ ကွာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ခရီးသွားတွေ စွန့်ပစ်တဲ့ အမှိုက်ပမာဏကို သေချာ စာရင်းမကောက်နိုင်ပေမယ့် စဉ်းစားကြည့်ရင် အလွန်များတဲ့ ပမာဏဆိုတာကို တွေ့ရပါလိမ့်မယ် အဲဒါကြောင့် သဘာဝအလှအပတစ်ခုပေါ်ထွက်လာပြီဆိုရင် အစိုးရက အရင်ဆုံး ပတ်ဝန်းကျင် မထိခိုက်အောင် ထိန်းသိမ်းခြင်း၊ လာရောက်သူတွေ အန္တရာယ် မဖြစ်အောင် ပြုလုပ်ခြင်း စတဲ့ ကိစ္စတွေ ပြီးမှသာ တရားဝင် ဖွင့်လှစ်ပေးသင့် ပါတယ်။
ဟိုက်ပါရေတံခွန် နာမည်ကြီးလာတော့ ဟိုလူကလည်း ဟိုက်ပါ၊ ဒီလူကလည်း ဟိုက်ပါ ဖြစ်လာပြီးလူတွေ အများကြီးလာကြ၊ ဓာတ်ပုံရိုက်ကြ၊ အမှိုက်တွေ ဖွကြနဲ့ ဖေ့ဘုတ်ပေါ်မှာ ကိုယ့်ရဲ့ အလှဆုံး ဓာတ်ပုံကို သေသေချာချာ အချိန်ယူရွေပြီး တင်နိုင်ကြပေမယ့် အမှိုက်တွေကို စည်းကမ်းတကျ မပစ်ခဲ့တော့ ဟိုက်ပါ ရေတံခွန်ကြီး ခမျာ သဘာဝမဟုတ်တဲ့ အမှိုက်တွေ တပွေ့တပိုက်ကြီးနဲ့ နောက်ဆုံးတော့ ကျန်ခဲ့ပြန်ပါပြီ ခင်ဗျာ။
ခရီးထွက်ရင် တတ်နိုင်သမျှ အမှိုက်မဖွကြဖို့နဲ့၊ ကိုယ့်အမှိုက်ကို စနစ်တကျ အမှိုက်ပုံးထဲ ပစ်ထည့်ကြဖို့နဲ့၊ တာဝန်ရှိသူတွေကလည်း သဘာဝပတ်ဝန်းကျင် ရေရှည်သန့်ရှင်း သာယာဖို့ သင့်တော်တဲ့ အစီအစဉ်တွေ ချမှတ်ပေးဖို့ လိုအပ်နေပါကြောင်း တိုက်တွန်းလိုက်ပါရစေနော်
ဟိုက်ပါရေတံခွန်ကြီးလည်း အမြန်ဆုံး အသန့်ရှင်းဆုံး ရေတံခွန်ကြီးဖြစ်ပါစေလို့ မျှော်လင့်ပါတယ်...
<zawgyi>
ကမ္ဘာကျော် ဟိုက်ပါ ရေတံခွန်ကို အရုပ်ဆိုး အကျည်းတန်စေတဲ့ အမှိုက်များ
Wednesday , October 23 , 2019
မြန်မာနိုင်ငံမှာ အလှပဆုံးရေတံခွန်လို့ တင်စားကြတဲ့ ဟိုက်ပါရေတံခွန်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းမှာတည်ရှိပါတယ်။ အရင်က အနီးပတ်ဝန်းကျင်ဒေသခံတွေလောက်သာ သွားရောက်လည်ပတ်ခဲ့တဲ့ သည်နေရာလေးဟာ အခုဆိုရင် မြန်မာနိုင်ငံဒေသအနှံ့အပြားက ခရီးသွားတွေစိတ်ဝင်တစားသွားလာနေကြပြီဖြစ်ပါတယ်။
လူ ရှိတဲ့နေရာတိုင်းမှာတော့ အမှိုက်ဆိုတာ ရှိစမြဲပါပဲ။ အဲဒီအမှိုက်ကို စနစ်တကျ စွန့်ပစ်တာနဲ့ လက်လွတ်စပယ် စွန့်ပစ်တာပဲ ကွာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ခရီးသွားတွေ စွန့်ပစ်တဲ့ အမှိုက်ပမာဏကို သေချာ စာရင်းမကောက်နိုင်ပေမယ့် စဉ်းစားကြည့်ရင် အလွန်များတဲ့ ပမာဏဆိုတာကို တွေ့ရပါလိမ့်မယ် အဲဒါကြောင့် သဘာဝအလှအပတစ်ခုပေါ်ထွက်လာပြီဆိုရင် အစိုးရက အရင်ဆုံး ပတ်ဝန်းကျင် မထိခိုက်အောင် ထိန်းသိမ်းခြင်း၊ လာရောက်သူတွေ အန္တရာယ် မဖြစ်အောင် ပြုလုပ်ခြင်း စတဲ့ ကိစ္စတွေ ပြီးမှသာ တရားဝင် ဖွင့်လှစ်ပေးသင့် ပါတယ်။
ဟိုက်ပါရေတံခွန် နာမည်ကြီးလာတော့ ဟိုလူကလည်း ဟိုက်ပါ၊ ဒီလူကလည်း ဟိုက်ပါ ဖြစ်လာပြီးလူတွေ အများကြီးလာကြ၊ ဓာတ်ပုံရိုက်ကြ၊ အမှိုက်တွေ ဖွကြနဲ့ ဖေ့ဘုတ်ပေါ်မှာ ကိုယ့်ရဲ့ အလှဆုံး ဓာတ်ပုံကို သေသေချာချာ အချိန်ယူရွေပြီး တင်နိုင်ကြပေမယ့် အမှိုက်တွေကို စည်းကမ်းတကျ မပစ်ခဲ့တော့ ဟိုက်ပါ ရေတံခွန်ကြီး ခမျာ သဘာဝမဟုတ်တဲ့ အမှိုက်တွေ တပွေ့တပိုက်ကြီးနဲ့ နောက်ဆုံးတော့ ကျန်ခဲ့ပြန်ပါပြီ ခင်ဗျာ။
ခရီးထွက်ရင် တတ်နိုင်သမျှ အမှိုက်မဖွကြဖို့နဲ့၊ ကိုယ့်အမှိုက်ကို စနစ်တကျ အမှိုက်ပုံးထဲ ပစ်ထည့်ကြဖို့နဲ့၊ တာဝန်ရှိသူတွေကလည်း သဘာဝပတ်ဝန်းကျင် ရေရှည်သန့်ရှင်း သာယာဖို့ သင့်တော်တဲ့ အစီအစဉ်တွေ ချမှတ်ပေးဖို့ လိုအပ်နေပါကြောင်း တိုက်တွန်းလိုက်ပါရစေနော်
ဟိုက်ပါရေတံခွန်ကြီးလည်း အမြန်ဆုံး အသန့်ရှင်းဆုံး ရေတံခွန်ကြီးဖြစ်ပါစေလို့ မျှော်လင့်ပါတယ်
0 comments:
Post a Comment