Thursday, October 31, 2019

ဘားအံမြို့ ကျေးရွာများအနီး အမည်းရောင် ပြောင်းလဲခဲ့သည့်ရေများတွင် ကလိုရင်းပါဝင်မှု မြင့်တက်နေ၍ သောက်သုံးမည် ဆိုပါက သန့်စင်ပြီးမှသာ သောက်သုံးသင့်ကြောင်း ALARM Myanmar ထုတ်ပြန်

Image may contain: 2 people, people standing and indoorImage may contain: outdoor
အောက်တိုဘာ ၃၀ ရက်နေ့၌ ဘားအံမြို့ ကျေးရွာများအနီး အမည်းရောင် ပြောင်းလဲခဲ့သည့်ရေများတွင် ကလိုရင်းပါဝင်မှု မြင့်တက် နေ၍ အရေပြားရောင်ရမ်းခြင်း၊ နီစပ်စပ်ဖြစ်ခြင်း၊ အရည်ကြည်ဖုထခြင်း၊ ယားယံခြင်းနှင့် ငါးများသေဆုံးခြင်းတို့ ဖြစ်စေနိုင်ပြီး သောက်သုံးမည် ဆိုပါက သန့်စင်ပြီး သောက်သုံးနိုင်ကြောင်း ALARM Myanmar (စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း) က ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ဘားအံမြို့အနီး ကျေး ရွာများ၌ ရေအမည်းရောင်ပြောင်းလဲနေခြင်း အားသိရှိနိုင်ရန် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုး တက်ရေးအသင်းသည် အောက်တိုဘာ ၁၈ ရက်တွင် ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ များမှ (ငါးများရုတ်တရက် သေဆုံးနေသော နေရာအပါအဝင်) နေရာ စုစုပေါင်း ၁၀ နေရာ တွင် ရေနမူနာများကောက်ယူခဲ့ ပြီး တိုင်းတာ စစ်ဆေးခဲ့ကြောင်း၊ ရေနမူနာ ၁၀ ခု အနက် ရေတွင်းကုန်းကျေးရွာ (ငါးများသေဆုံးမှုဖြစ် ပေါ်ခဲ့သည့်ချောင်းရိုး) ရေနမူနာ၊ ဇီးတော အင်းရေနမူနာ (ရေတွင်းကုန်းကျေးရွာနှင့် နတ်ကုန်းကျေးရွာအ ကြား) နှင့် မရင်းကုန်းရွာ ရေနမူနာ (ချောင်းရေ) များကို ငါးများရှင်သန် ရပ်တည်နိုင်ရန် လိုအပ်သော အရည်အသွေးပြ (Parameters) များအပြင်၊ ကျောက်မီးသွေး လောင်စာသုံး လည်ပတ်နေသည့် ဘိလပ်မြေစက်ရုံနှင့် ဘိလပ်မြေကုန်ကြမ်း ထုတ်ယူသည့် တောင်ပတ်ဝန်းကျင် တစ်ဝိုက်တွင် ရေအရည်အသွေး ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်သည့် ရေအရည်အသွေးပြ (Parameters) များကို စိစစ်၍ (Parameters) ၂၆ မျိုးကို အဓိကထား တိုင်းတာခဲ့ကြောင်း သိရသည်။
ထို့ပြင် အင်းအနီးရှိ ကျေးရွာများ၌ ဒေသခံများ သောက်သုံးလျက်ရှိသော ရေတွင်းခုနစ်တွင်းမှ ရေများမှာလည်း အမည်းရောင်သို့ ပြောင်းလဲနေသည့်အတွက် သောက်သုံးရန် သင့် မသင့် သိရှိနိုင်ရန် အဓိက လိုအပ်သော အရည်အသွေးပြ (Parameters) ၁၄ မျိုးကို အဓိက ရွေးချယ်တိုင်းတာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
BOD နှင့် COD မြင့်မားမှုကြောင့် အောက်စီဂျင် လျော့ကျခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ဖော့စဖိတ်ပါဝင်မှုကြောင့် အပင် (Algae) များ ပေါက်ပွားစေနိုင်ခြင်းနှင့် အောက်စီဂျင် လျော့ကျခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ကလိုရင်းဓာတ် မြင့်မားမှုကြောင့် ရေနေငါးသတ္တဝါတို့ ကလိုရင်း အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ကြောင်း သိရသည်။
ရေထဲတွင် ကလိုရင်း ပါဝင်မှုကြောင့် အရေပြား ရောင်ရမ်းခြင်း၊ နီစပ်စပ်ဖြစ်ခြင်း၊ အရည်ကြည်ဖုထခြင်း၊ ယားယံခြင်းနှင့် ငါးများသေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သကဲ့သို့ အနည်ပါဝင်ခြင်းကြောင့်လည်း ငါးများသေဆုံးခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ကလိုရင်းဓာတ်သည် ဘိလပ်မြေ ထုပ်လုပ်မှု ကုန်ကြမ်းများနှင့် ထုပ်လုပ်မှု နည်းစဉ်များမှလည်း ထွက်ရှိလာသော ဘေးထွက်စွန့်ပစ် အမှိုက်များမှ ထွက်ရှိနိုင်ကြောင်း၊ စက်ရုံများတွင် စွန့်ပစ်ပစ္စည်းများမှ ထုပ်လုပ်ထားသော လောင်စာတောင့်များ Refuse Derived Fuel (RDF) or Solid Recovered Fuel (SRF) လောင်စာများကို အသုံးပြုခြင်းကြောင့်လည်း ကလိုရင်း ထွက်ရှိနိုင်ကြောင်း၊ ထို့ကြောင့်စက်ရုံများ ကလိုရင်း ထွက်ရှိမှုကို ထိန်းချုပ်နိုင်ရန် Chlorine Filter Bag များကို စိစစ်ရန်နှင့် လိုအပ်ပါက Chlorine Filter Bag များ၊ Chlorine Bypass Filter Fan များ၊ Flow Rate များကို ထပ်မံစိစစ်တိုးချဲ့ရန် လိုအပ်သည့်ပြင် ရေကြီး၊ ရေလျှံမှုများအတွက် ကြိုတင်ကာကွယ်မှု အစီအစဉ်များလည်း ပြုလုပ်ထားသင့်ကြောင်း သိရှိရပါသည်။
Image may contain: one or more people, people sitting, people standing and indoor
No photo description available.
<<Zawgyi>>
ဘားအံမြို့ ကျေးရွာများအနီး အမည်းရောင် ပြောင်းလဲခဲ့သည့်ရေများတွင် ကလိုရင်းပါဝင်မှု မြင့်တက်နေ၍ သောက်သုံးမည် ဆိုပါက သန့်စင်ပြီးမှသာ သောက်သုံးသင့်ကြောင်း ALARM Myanmar ထုတ်ပြန်
Thursday , October 31 , 2019

အောက်တိုဘာ ၃၀ ရက်နေ့၌ ဘားအံမြို့ ကျေးရွာများအနီး အမည်းရောင် ပြောင်းလဲခဲ့သည့်ရေများတွင် ကလိုရင်းပါဝင်မှု မြင့်တက် နေ၍ အရေပြားရောင်ရမ်းခြင်း၊ နီစပ်စပ်ဖြစ်ခြင်း၊ အရည်ကြည်ဖုထခြင်း၊ ယားယံခြင်းနှင့် ငါးများသေဆုံးခြင်းတို့ ဖြစ်စေနိုင်ပြီး သောက်သုံးမည် ဆိုပါက သန့်စင်ပြီး သောက်သုံးနိုင်ကြောင်း ALARM Myanmar (စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း) က ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် ဘားအံမြို့အနီး ကျေး ရွာများ၌ ရေအမည်းရောင်ပြောင်းလဲနေခြင်း အားသိရှိနိုင်ရန် စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုး တက်ရေးအသင်းသည် အောက်တိုဘာ ၁၈ ရက်တွင် ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ များမှ (ငါးများရုတ်တရက် သေဆုံးနေသော နေရာအပါအဝင်) နေရာ စုစုပေါင်း ၁၀ နေရာ တွင် ရေနမူနာများကောက်ယူခဲ့ ပြီး တိုင်းတာ စစ်ဆေးခဲ့ကြောင်း၊ ရေနမူနာ ၁၀ ခု အနက် ရေတွင်းကုန်းကျေးရွာ (ငါးများသေဆုံးမှုဖြစ် ပေါ်ခဲ့သည့်ချောင်းရိုး) ရေနမူနာ၊ ဇီးတော အင်းရေနမူနာ (ရေတွင်းကုန်းကျေးရွာနှင့် နတ်ကုန်းကျေးရွာအ ကြား) နှင့် မရင်းကုန်းရွာ ရေနမူနာ (ချောင်းရေ) များကို ငါးများရှင်သန် ရပ်တည်နိုင်ရန် လိုအပ်သော အရည်အသွေးပြ (Parameters) များအပြင်၊ ကျောက်မီးသွေး လောင်စာသုံး လည်ပတ်နေသည့် ဘိလပ်မြေစက်ရုံနှင့် ဘိလပ်မြေကုန်ကြမ်း ထုတ်ယူသည့် တောင်ပတ်ဝန်းကျင် တစ်ဝိုက်တွင် ရေအရည်အသွေး ညစ်ညမ်းမှုကို ဖြစ်ပေါ်စေနိုင်သည့် ရေအရည်အသွေးပြ (Parameters) များကို စိစစ်၍ (Parameters) ၂၆ မျိုးကို အဓိကထား တိုင်းတာခဲ့ကြောင်း သိရသည်။
ထို့ပြင် အင်းအနီးရှိ ကျေးရွာများ၌ ဒေသခံများ သောက်သုံးလျက်ရှိသော ရေတွင်းခုနစ်တွင်းမှ ရေများမှာလည်း အမည်းရောင်သို့ ပြောင်းလဲနေသည့်အတွက် သောက်သုံးရန် သင့် မသင့် သိရှိနိုင်ရန် အဓိက လိုအပ်သော အရည်အသွေးပြ (Parameters) ၁၄ မျိုးကို အဓိက ရွေးချယ်တိုင်းတာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
BOD နှင့် COD မြင့်မားမှုကြောင့် အောက်စီဂျင် လျော့ကျခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ဖော့စဖိတ်ပါဝင်မှုကြောင့် အပင် (Algae) များ ပေါက်ပွားစေနိုင်ခြင်းနှင့် အောက်စီဂျင် လျော့ကျခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ကလိုရင်းဓာတ် မြင့်မားမှုကြောင့် ရေနေငါးသတ္တဝါတို့ ကလိုရင်း အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ကြောင်း သိရသည်။
ရေထဲတွင် ကလိုရင်း ပါဝင်မှုကြောင့် အရေပြား ရောင်ရမ်းခြင်း၊ နီစပ်စပ်ဖြစ်ခြင်း၊ အရည်ကြည်ဖုထခြင်း၊ ယားယံခြင်းနှင့် ငါးများသေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သကဲ့သို့ အနည်ပါဝင်ခြင်းကြောင့်လည်း ငါးများသေဆုံးခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ကလိုရင်းဓာတ်သည် ဘိလပ်မြေ ထုပ်လုပ်မှု ကုန်ကြမ်းများနှင့် ထုပ်လုပ်မှု နည်းစဉ်များမှလည်း ထွက်ရှိလာသော ဘေးထွက်စွန့်ပစ် အမှိုက်များမှ ထွက်ရှိနိုင်ကြောင်း၊ စက်ရုံများတွင် စွန့်ပစ်ပစ္စည်းများမှ ထုပ်လုပ်ထားသော လောင်စာတောင့်များ Refuse Derived Fuel (RDF) or Solid Recovered Fuel (SRF) လောင်စာများကို အသုံးပြုခြင်းကြောင့်လည်း ကလိုရင်း ထွက်ရှိနိုင်ကြောင်း၊ ထို့ကြောင့်စက်ရုံများ ကလိုရင်း ထွက်ရှိမှုကို ထိန်းချုပ်နိုင်ရန် Chlorine Filter Bag များကို စိစစ်ရန်နှင့် လိုအပ်ပါက Chlorine Filter Bag များ၊ Chlorine Bypass Filter Fan များ၊ Flow Rate များကို ထပ်မံစိစစ်တိုးချဲ့ရန် လိုအပ်သည့်ပြင် ရေကြီး၊ ရေလျှံမှုများအတွက် ကြိုတင်ကာကွယ်မှု အစီအစဉ်များလည်း ပြုလုပ်ထားသင့်ကြောင်း သိရှိရပါသည်။
#Myanmar_Online_News #ဘားအံၿမိဳ႕ #ALARM_Myanmar #ကလိုရင်း

0 comments:

Post a Comment