Tuesday, October 29, 2019

ဗိုလ်ချုပ်အပါအဝင် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် သမိုင်းဝင် ဝန်ကြီးများရုံးတွင် SPA (ကျန်းမာရေးအနှိပ်ခန်း) ဖွင့်လှစ်သည့်ကိစ္စ တိုင်းဒေသကြီးလွှတ်တော်တွင် ခေါ်ယူကြားနာရန် ဆုံးဖြတ်

Image may contain: one or more people and people sitting

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများလုပ် ကြံခံခဲ့ရသည့် သိမ်ဖြူလမ်းပေါ်ရှိ သမိုင်းဝင်ရှေးဟောင်းအဆောက် အအုံတစ်ခုဖြစ်သည့် ဝန်ကြီးများရုံးတွင် SPA SPA (ကျန်းမာရေးအနှိပ်ခန်း) ဖွင့်လှစ်သည့်ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်တွင် ဝေဖန်မှုများပြင်းထန်ခဲ့သလို အဆိုပါကိစ္စနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မှ ခေါ်ယူကြားနာတော့မည်ဖြစ်ကြောင်းသိရသည်။

ယနေ့(အောက်တိုဘာ ၂၉) နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည့် လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးမှ အဆိုပါကိစ္စနှင့် ပတ်သက်၍ ခေါ်ယူကြားနာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဌ ထံသို့ တင်ပြထားပြီးဖြစ် သည်ဟုလည်း ရန်ကုန်တိုင်းလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဝင်ဦးလှဌေးက ၎င်း၏ လူမှုကွန်ယက်စာမျက် နှာတွင်ရေးသားဖော်ပြခဲ့သည်။
ဝန်ကြီးများရုံးဟောင်းတွင်ဖွင့်လှစ်ခဲ့သည့် အဆိုပါSPA အနှိပ် ခန်းမှာ De’ Be’au Wellness Centre ဖြစ်ပြီး အောက် တိုဘာ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်တွင်ကြေညာခဲ့ကြောင်းသိရှိရသည်။
No photo description available.
Image may contain: 6 people, people smiling
Image may contain: 4 people, people smiling, people standing and text
<zawgyi>
ဗိုလ်ချုပ်အပါအဝင် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသည့် သမိုင်းဝင် ဝန်ကြီးများရုံးတွင် SPA (ကျန်းမာရေးအနှိပ်ခန်း) ဖွင့်လှစ်သည့်ကိစ္စ တိုင်းဒေသကြီးလွှတ်တော်တွင် ခေါ်ယူကြားနာရန် ဆုံးဖြတ်
Tuesday , October 29 , 2019

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများလုပ် ကြံခံခဲ့ရသည့် သိမ်ဖြူလမ်းပေါ်ရှိ သမိုင်းဝင်ရှေးဟောင်းအဆောက် အအုံတစ်ခုဖြစ်သည့် ဝန်ကြီးများရုံးတွင် SPA SPA (ကျန်းမာရေးအနှိပ်ခန်း) ဖွင့်လှစ်သည့်ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်တွင် ဝေဖန်မှုများပြင်းထန်ခဲ့သလို အဆိုပါကိစ္စနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးလွှတ် တော် မှ ခေါ်ယူကြားနာတော့မည်ဖြစ်ကြောင်းသိရသည်။
ယနေ့(အောက်တိုဘာ ၂၉) နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည့် လူမှုရေးနှင့် စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးမှ အဆိုပါကိစ္စနှင့် ပတ်သက်၍ ခေါ်ယူကြားနာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဌ ထံသို့ တင်ပြထားပြီးဖြစ် သည်ဟုလည်း ရန်ကုန်တိုင်းလွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဝင်ဦးလှဌေးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားဖော်ပြခဲ့သည်။
ဝန်ကြီးများရုံးဟောင်းတွင်ဖွင့်လှစ်ခဲ့သည့် အဆိုပါSPA အနှိပ် ခန်းမှာ De’ Be’au Wellness Centre ဖြစ်ပြီး အောက် တိုဘာ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်တွင်ကြေညာခဲ့ကြောင်းသိရှိရသည်။

0 comments:

Post a Comment