Tuesday, October 29, 2019

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်တွင် တောဆင်ရိုင်းမှ နှာမောင်းဖြင့်ရိုက်၍ နှစ်ဦးထိခိုက်ဒဏ်ရာရရှိ

Image may contain: outdoor

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စုနေ ဦးစိန်ဟန်နှင့်ဇနီးဖြစ်သူဒေါ်လှလှထွေးတို့ နှစ်ဦးသည် ကုန်းစခန်းရွာ၊ ရေဒါတပ်အနီး တောလမ်း ၌ ယမန်နေ့ညနေပိုင်းက ထင်းခုတ်နေစဉ် တောဆင်ရိုင်း တစ်ကောင်နှင့် တွေ့သဖြင့် ထွက်ပြေးရာ ယင်းတောဆင်ရိုင်းမှ နှာမောင်းဖြင့် လိုက်လံရိုက်သောကြောင့် ဦးစိန်ဟန်တွင် ဝဲဘက်ညှပ်ရိုးကြိုး၍ ယာတင်ပါးတွင် ပွန်းပဲ့ဒဏ်ရာရရှိပြီး ဇနီးဖြစ်သူမှာ ယာဘက်လက်မောင်း၊ ကျောကုန်း၊ ရင်ဘတ်နှင့် ဝဲဘက်ခြေထောက်တို့တွင် ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ငွေဆောင်ဆေးရုံမှတစ်ဆင့် ပုသိမ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
မူမူ(ပြန်/ဆက်)
<zawgyi>
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်တွင် တောဆင်ရိုင်းမှ နှာမောင်းဖြင့်ရိုက်၍ နှစ်ဦးထိခိုက်ဒဏ်ရာရရှိ
Tuesday , October 29 , 2019

ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စုနေ ဦးစိန်ဟန်နှင့်ဇနီးဖြစ်သူဒေါ်လှလှထွေးတို့ နှစ်ဦးသည် ကုန်းစခန်းရွာ၊ ရေဒါတပ်အနီး တောလမ်း ၌ ယမန်နေ့ညနေပိုင်းက ထင်းခုတ်နေစဉ် တောဆင်ရိုင်း တစ်ကောင်နှင့် တွေ့သဖြင့် ထွက်ပြေးရာ ယင်းတောဆင်ရိုင်းမှ နှာမောင်းဖြင့် လိုက်လံရိုက်သောကြောင့် ဦးစိန်ဟန်တွင် ဝဲဘက်ညှပ်ရိုးကြိုး၍ ယာတင်ပါးတွင် ပွန်းပဲ့ဒဏ်ရာရရှိပြီး ဇနီးဖြစ်သူမှာ ယာဘက်လက်မောင်း၊ ကျောကုန်း၊ ရင်ဘတ်နှင့် ဝဲဘက်ခြေထောက်တို့တွင် ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ငွေဆောင်ဆေးရုံမှတစ်ဆင့် ပုသိမ်ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
မူမူ(ပြန်/ဆက်)
#Myanmar_Online_News

0 comments:

Post a Comment