Tuesday, October 29, 2019

အကြောင်းပြချက်မရှိဘဲ နှစ်လကျော်ကြာ လျှပ်စစ်မီးဖြတ်တောက်ထားသည်ဆိုကာ ဆန္ဒထုတ်ဖော်

Image may contain: one or more people, people standing, crowd and outdoor

အကြောင်းပြချက်မရှိဘဲ နှစ်လကျော်ကြာ လျှပ်စစ်မီးဖြတ်တောက်ထားသည်ဆိုကာ ဆန္ဒထုတ်ဖော်မှုကို ယနေ့ (အောက် တိုဘာ ၂၉)နံနက်ပိုင်းက ပဲခူးမြို့တွင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူးမြို့ မဟာစေတီဘုရားကြီးပရဝုဏ်ရှိ လူနေဆိုင်ခန်း ၃၀၀ ခန့်အား တိုင်း၊ ခရိုင်နှင့် မြို့နယ်လျှပ်စစ်ဌာနတို့မှ လွန်ခဲ့ သော နှစ်လခန့်ကတည်းက လျှပ်စစ်မီးဖြတ်တောက်ခဲ့ခြင်းဖြစ်သည်ဆို၍ ဆိုင်ခန်းနေပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် လျှပ်စစ်မီးပြန်လည်ရရှိရေး တိုင်းအစိုးရ လျှပ်စစ်ဝန်ကြီးမှ အမြန်ဆုံးဖြေရှင်းပေးရေး၊ မဟာစေတီဂေါပကအဖွဲ့မှ တာဝန်ယူမှုရှိစွာ ဖြေရှင်းဆောင်ရွက်ပေးရေး စသည့်အချက်များကိုကြွေးကြော်သံများဖြင့် လမ်းလျှောက်ချီတက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှုကို မဟာစေတီဘုရား၌စုရပ်ပြုလုပ် ကာ ရန်ကုန်-မန္တလေးလမ်းအတိုင်း အစိုးရအဖွဲ့ရုံးရှေ့အထိ လူဦးရေ ၁၀၀ ကျော်ခန့်ဖြင့် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
Image may contain: 1 person, standing and text
Image may contain: one or more people and outdoor
Image may contain: 5 people, outdoor
Image may contain: 2 people, people standing and outdoor
Image may contain: one or more people, people standing, crowd and outdoor
<zawgyi>
အကြောင်းပြချက်မရှိဘဲ နှစ်လကျော်ကြာ လျှပ်စစ်မီးဖြတ်တောက်ထားသည်ဆိုကာ ဆန္ဒထုတ်ဖော်
Tuesday , October 29 , 2019

အကြောင်းပြချက်မရှိဘဲ နှစ်လကျော်ကြာ လျှပ်စစ်မီးဖြတ်တောက်ထားသည်ဆိုကာ ဆန္ဒထုတ်ဖော်မှုကို ယနေ့ (အောက် တိုဘာ ၂၉)နံနက်ပိုင်းက ပဲခူးမြို့တွင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးမြို့ မဟာစေတီဘုရားကြီးပရဝုဏ်ရှိ လူနေဆိုင်ခန်း ၃၀၀ ခန့်အား တိုင်း၊ ခရိုင်နှင့် မြို့နယ်လျှပ်စစ်ဌာနတို့မှ လွန်ခဲ့ သော နှစ်လခန့်ကတည်းက လျှပ်စစ်မီးဖြတ်တောက်ခဲ့ခြင်းဖြစ်သည်ဆို၍ ဆိုင်ခန်းနေပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် လျှပ်စစ်မီးပြန်လည်ရရှိရေး တိုင်းအစိုးရ လျှပ်စစ်ဝန်ကြီးမှ အမြန်ဆုံးဖြေရှင်းပေးရေး၊ မဟာစေတီဂေါပကအဖွဲ့မှ တာဝန်ယူမှုရှိစွာ ဖြေရှင်းဆောင်ရွက်ပေးရေး စသည့်အချက်များကိုကြွေးကြော်သံများဖြင့် လမ်းလျှောက်ချီတက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်မှုကို မဟာစေတီဘုရား၌စုရပ်ပြုလုပ် ကာ ရန်ကုန်-မန္တလေးလမ်းအတိုင်း အစိုးရအဖွဲ့ရုံးရှေ့အထိ လူဦးရေ ၁၀၀ ကျော်ခန့်ဖြင့် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
#BagoPost #Myanmar_Online_News

0 comments:

Post a Comment