Thursday, October 31, 2019

ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ?????

No photo description available.

မီးဖွားပြီးပြီဆိုတာနဲ့ မေမေတို့ ခေါင်းထဲ အရင်ဆုံးရောက်လာတာ နောက်ကိုယ်ဝန်ကို ဘယ်အချိန်ကျမှ ယူမယ်ဆိုတဲ့ အတွေးတွေပဲဖြစ်ပါတယ်။ ရင်သွေး တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ ၂ နှစ်ခြားတာက အကောင်းဆုံးလေ။ ဒီကြားထဲ မရည်ရွယ်ဘဲ သားဦးလေး ၂ နှစ်မပြည့်ခင်မှာ နောက်ကိုယ်ဝန်ရသွားတဲ့ အဖြစ်အပျက်တွေကလည်း ရှိတော့ မီးဖွားပြီးတာနဲ့ သားဆက်ခြားဖို့၊ သန္ဓေတားနည်း တွေလုပ်ဖို့ စပြီးစဉ်းစားရတာပေါ့။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ လူသုံး အများဆုံးနဲ့ သုံးရ အလွယ်ကူဆုံးဖြစ်တဲ့ သန္ဓေတားသောက်ဆေးကို မီးဖွားပြီး ဘယ်အချိန်မှာ ပြန်စသောက်ရမလဲဆိုတဲ့အကြောင်း လေး ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

မီးဖွားပြီးနောက်ပိုင်းတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ။ ။
သိကြတဲ့အတိုင်း ဆေးတွေဆိုတာ သူ့ဆိုးကျိုနဲ့သူရှိတဲ့အတွက် မီ;ဖွားပြီးခါစ နို့တိုက် နေတဲ့ မေမေတို့ဆို ပိုလို့တောင် ဆေးသောက်တဲ့နေရာမှာ ဂရုစိုက်ရဦးမှာပါ။ တားဆေးမှာလည်း တားဆေးအလျောက် မသောက်သင့်တဲ့အချိန်မှာ သောက်လိုက်မိရင် မလိုလားအပ်တဲ့ အရာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို မီးဖွားပြီးနောက်ပိုင်း တားဆေးပြန်သောက်တဲ့အခါမှာ သိထားဖို့လိုတာပါ.

ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။
ကလေးနို့တိုက်ေနတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် တားဆေးတွေကြိုက်တဲ့အချိန်မှာ ဝယ်သောက်တာမျိုး လုပ်လို့မရပါဘူး။ သောက်မယ့် ဆေးမှာလည်း ဟော်မုန်းတစ်မျိုးတည်းပါတာသောက်မှာလား၊ ပေါင်းထားတဲ့ ဟော်မုန်းတားဆေးတွေ သောက်မလားဆိုတာ အရင်ရွေးသင့်ပါတယ်။
နို့တိုက် နေတဲ့အချိန်ဖြစ်တာကြောင့် တားဆေးသောက်ဆေးသောက်ရမှာ သတိထားရမယ့်အချက်တွေရှိပါတယ်။ တားဆေးသောက်ဆေးတော်တော်များများဟာ မိခင်ရဲ့နို့ထွက်မှုအပေါ် သက်ရောက်မှုရှိတတ်တဲအ့တွက်ကြောင့် မီးဖွားပြီး ၆ ပတ်ကြာမှသာ progestogen ဟော်မုန်းတစ်မျိုးတည်းပါတဲ့ တားဆေးသောက်ဆေးသောက်သင့်ပြီး ၆ပတ်ထက် ကျော်မှသာ ဟော်မုန်းနှစ်မျိုးပေါင်းထားတဲ့ သောက်ဆေးတွေ သောက်သင့်ပါတယ်။ နို့တိုက်ဖို့ အစီအစဉ် မရှိဘူးဆိုရင်တော့ progestogen ဟော်မုန်းတစ်မျိုးတည်းပါတဲ့ တားဆေးသောက်ဆေးကို ချက်ချင်းသောက်လို့ရတယ်ဆိုပေမယ့် မီးဖွားပြီး ၂၁ရက်လောက် စောင့်ပြီးမှ သောက်တာ အကောင်းဆုံးပါ။

ပိုပြီးစိတ်ချချင်တယ်ဆိုရင်တော့ မီးဖွားပြီးနောက် သန္ဓေတားဆေးစသောက်ပြီးနောက်ပိုင်း ၇ရက်လောက်မှာ အတူနေတာ ရှောင်နိုင်ရင်ရှေုာင် မရှောင်နိုင်ရင် ကွန်ဒုံးသုံးပြီး အကာအကွယ်နဲ့ ဆက်ဆံသင့်ပါတယ်။ ဒါမှ နောက်ကိုယ်ဝန် တန်းမရဖို့အတွက် စိတ်ချရမှာပါ။
အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေတွေ မတူတဲ့အတွက်ကြောင့် ဘယ်လိုအချိန်မှာ တားဆေးပြန်သောက်ရမလဲဆိုတာကို ဆရာဝန်လောက် အကြံပေးနိုင်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ဒ့ါကြောင့် မီးဖွားပြီး ကိုယ်ဝန်ပြန်တားဖို့လုပ်တော့မယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။
တားဆေးသောက်ပြီဆိုတည်းက နေ့တိုင်း မပျက်မကွက်သောက်ဖို့ အတွက်ကိုလည်း သေချာမှတ်ထားဖို့ လိုအပ်သလို တားဆေးမှာလည်း ဆိုးကျိုးတွေ ရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေမှ တည့်မှသာ တားဆေးသောက်ဆေးနဲ့ သန္ဓေတားတဲ့နည်းကို ရွေးချယ်ပါ။

အသက် ၃၅ နှစ်နောက်ပိုင်း အမျိုးသမီးတွေ၊ ဆေးလိပ် သောက်တဲ့သူတွေ၊ အသည်းရောဂါ၊နှလုံးရောဂါ နဲ့ ရင်သားကင်ဆာဖြစ်ဖူးတဲ့ အမျိုးသမီးတွေကတော့ တားဆေးသောက်ဆေး အစား အခြား သန္ဓေတားနည်းတွေကို ပိုပြီး ဦးစားပေးရွေးချယ်သင့်ပါတယ် ။ ။
Image may contain: one or more people
Image may contain: one or more people

<<Zawgyi>>
ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ?????
Friday , November 1 ,2019

မီးဖွားပြီးပြီဆိုတာနဲ့ မေမေတို့ ခေါင်းထဲ အရင်ဆုံးရောက်လာတာ နောက်ကိုယ်ဝန်ကို ဘယ်အချိန်ကျမှ ယူမယ်ဆိုတဲ့ အတွေးတွေပဲဖြစ်ပါတယ်။ ရင်သွေး တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ ၂ နှစ်ခြားတာက အကောင်းဆုံးလေ။ ဒီကြားထဲ မရည်ရွယ်ဘဲ သားဦးလေး ၂ နှစ်မပြည့်ခင်မှာ နောက်ကိုယ်ဝန်ရသွားတဲ့ အဖြစ်အပျက်တွေကလည်း ရှိတော့ မီးဖွားပြီးတာနဲ့ သားဆက်ခြားဖို့၊ သန္ဓေတားနည်း တွေလုပ်ဖို့ စပြီးစဉ်းစားရတာပေါ့။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ လူသုံး အများဆုံးနဲ့ သုံးရ အလွယ်ကူဆုံးဖြစ်တဲ့ သန္ဓေတားသောက်ဆေးကို မီးဖွားပြီး ဘယ်အချိန်မှာ ပြန်စသောက်ရမလဲဆိုတဲ့အကြောင်း လေး ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။
မီးဖွားပြီးနောက်ပိုင်းတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ။ ။
သိကြတဲ့အတိုင်း ဆေးတွေဆိုတာ သူ့ဆိုးကျိုနဲ့သူရှိတဲ့အတွက် မီ;ဖွားပြီးခါစ နို့တိုက် နေတဲ့ မေမေတို့ဆို ပိုလို့တောင် ဆေးသောက်တဲ့နေရာမှာ ဂရုစိုက်ရဦးမှာပါ။ တားဆေးမှာလည်း တားဆေးအလျောက် မသောက်သင့်တဲ့အချိန်မှာ သောက်လိုက်မိရင် မလိုလားအပ်တဲ့ အရာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို မီးဖွားပြီးနောက်ပိုင်း တားဆေးပြန်သောက်တဲ့အခါမှာ သိထားဖို့လိုတာပါ.

ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။
ကလေးနို့တိုက်နေတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် တားဆေးတွေကြိုက်တဲ့အချိန်မှာ ဝယ်သောက်တာမျိုး လုပ်လို့မရပါဘူး။ သောက်မယ့် ဆေးမှာလည်း ဟော်မုန်းတစ်မျိုးတည်းပါတာသောက်မှာလား၊ ပေါင်းထားတဲ့ ဟော်မုန်းတားဆေးတွေ သောက်မလားဆိုတာ အရင်ရွေးသင့်ပါတယ်။
နို့တိုက် နေတဲ့အချိန်ဖြစ်တာကြောင့် တားဆေးသောက်ဆေးသောက်ရမှာ သတိထားရမယ့်အချက်တွေရှိပါတယ်။ တားဆေးသောက်ဆေးတော်တော်များများဟာ မိခင်ရဲ့နို့ထွက်မှုအပေါ် သက်ရောက်မှုရှိတတ်တဲအ့တွက်ကြောင့် မီးဖွားပြီး ၆ ပတ်ကြာမှသာ progestogen ဟော်မုန်းတစ်မျိုးတည်းပါတဲ့ တားဆေးသောက်ဆေးသောက်သင့်ပြီး ၆ပတ်ထက် ကျော်မှသာ ဟော်မုန်းနှစ်မျိုးပေါင်းထားတဲ့ သောက်ဆေးတွေ သောက်သင့်ပါတယ်။ နို့တိုက်ဖို့ အစီအစဉ် မရှိဘူးဆိုရင်တော့ progestogen ဟော်မုန်းတစ်မျိုးတည်းပါတဲ့ တားဆေးသောက်ဆေးကို ချက်ချင်းသောက်လို့ရတယ်ဆိုပေမယ့် မီးဖွားပြီး ၂၁ရက်လောက် စောင့်ပြီးမှ သောက်တာ အကောင်းဆုံးပါ။

မီးတစ်ခါဖွားပြီးရင် သန္ဓေအောင်နိုင်စွမ်း ပိုမြင့်လာတဲ့အတွက်ကြောင့် မီးဖွားပြီး ပထမကာလဖြစ်တဲ့ ၄၅ ရက်မတိုင်ခင်မှာတင် သားဥတွေ ကြွေနိုင်ပါတယ်။ အဲဒီ အချိန်မတိုင်ခင် အတူနေမိလိုက်လို့ကိုယ်ဝန်ရသွားတတ်သလို ကိုယ်ဝန်ရှိနေတာကို မသိဘဲ သန္ဓေတားဆေးသောက်လိုက်မိရင် ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ရှိသွားနိုင်တာကြောင့် မီးဖွားပြီးနောက်ပိုင်းတားဆေး သောက်တော့မယ်ဆိုရင် ကိုယ်ဝန်ရှိမရှိ သေချာအောင် တစ်ခေါက်စစ်ပြီးမှ တားဆေးသောက်သင့်ပါတယ်။
ပိုပြီးစိတ်ချချင်တယ်ဆိုရင်တော့ မီးဖွားပြီးနောက် သန္ဓေတားဆေးစသောက်ပြီးနောက်ပိုင်း ၇ရက်လောက်မှာ အတူနေတာ ရှောင်နိုင်ရင်ရှေုာင် မရှောင်နိုင်ရင် ကွန်ဒုံးသုံးပြီး အကာအကွယ်နဲ့ ဆက်ဆံသင့်ပါတယ်။ ဒါမှ နောက်ကိုယ်ဝန် တန်းမရဖို့အတွက် စိတ်ချရမှာပါ။
အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေတွေ မတူတဲ့အတွက်ကြောင့် ဘယ်လိုအချိန်မှာ တားဆေးပြန်သောက်ရမလဲဆိုတာကို ဆရာဝန်လောက် အကြံပေးနိုင်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ဒ့ါကြောင့် မီးဖွားပြီး ကိုယ်ဝန်ပြန်တားဖို့လုပ်တော့မယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။
တားဆေးသောက်ပြီဆိုတည်းက နေ့တိုင်း မပျက်မကွက်သောက်ဖို့ အတွက်ကိုလည်း သေချာမှတ်ထားဖို့ လိုအပ်သလို တားဆေးမှာလည်း ဆိုးကျိုးတွေ ရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေမှ တည့်မှသာ တားဆေးသောက်ဆေးနဲ့ သန္ဓေတားတဲ့နည်းကို ရွေးချယ်ပါ။

အသက် ၃၅ နှစ်နောက်ပိုင်း အမျိုးသမီးတွေ၊ ဆေးလိပ် သောက်တဲ့သူတွေ၊ အသည်းရောဂါ၊နှလုံးရောဂါ နဲ့ ရင်သားကင်ဆာဖြစ်ဖူးတဲ့ အမျိုးသမီးတွေကတော့ တားဆေးသောက်ဆေး အစား အခြား သန္ဓေတားနည်းတွေကို ပိုပြီး ဦးစားပေးရွေးချယ်သင့်ပါတယ် ။ ။
#Dr_Thin_Yadanar
#Dr_Thurein_Hlaing_Win
#Myanmar_Online_News

0 comments:

Post a Comment