Wednesday, October 30, 2019

ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ အက်ဖ်-၃၅ တိုက်လေယာဉ်များ ဝယ်ယူရေးစီမံချက် ပင်တဂွန်ကြေညာ

စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ F-35 Lighting II လေယာဉ် ၄၇၈ စင်းဝယ်ယူရန် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း လော့ဟိမာတင်ကုမ္ပဏီနှင့် သဘောတူညီချက်တစ်ရပ်ကို အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနက အပြီးသတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အက်ဖ်-၃၅ အစီအစဉ် အမှုဆောင်အရာရှိ အမေရိကန်လေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး အဲရစ်ဖက်ခ်၏ ပြောကြားချက်အရ သဘောတူညီချက်တွင် အမေရိကန်လေတပ်က အသုံးပြုသည့် စံနမူနာမော်ဒယ်တစ်ခုဖြစ်သည့် အက်ဖ်-၃၅ အေဂျက်တိုက် လေယာဉ် ၃၅၁ စင်း၊ ကမ်းတက်တပ်ဖွဲ့က အသုံးပြုသည့် အက်ဖ်-၃၅ ဘီ တိုက်လေယာဉ် ၈၆ စင်းနှင့် လေယာဉ်တင်သင်္ဘော အခြေပြုစစ်ဆင်ရေးများအတွက် အက်ဖ်-၃၅ စီတိုက်လေယာဉ် ၄၁ စင်းပါဝင်ကြောင်း သိရ သည်။
သဘောတူစာချုပ်တွင် အမေရိကန်အစိုးရဌာနများ အတွက် လေယာဉ် ၂၉၁ စင်း၊ အက်ဖ်-၃၅ နိုင်ငံတကာ မိတ်ဖက်များအတွက် ၁၂၇ စင်းနှင့် အက်ဖ်-၃၅ ပြည်ပ စစ်ဘက်ဆိုင်ရာ အရောင်းဖောက်သည်များအတွက် အစင်း ၆၀ ပါဝင်ကြောင်း လော့ဟိမာတင် ကုမ္ပဏီက ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံကမူအားဖြင့် ငွေကြေးပံ့ပိုးထားသည့် အက်ဖ်-၃၅ အစီအစဉ်မှာ သမိုင်းတွင် အကုန်အကျအများဆုံး စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရေးစနစ်ဖြစ်သော်လည်း ကုန်ကျစရိတ်မြင့်မားမှုနှင့် ပေးပို့မှုနှောင့်နှေးခြင်းကြောင့် ဝေဖန်ခံနေရသည်။ လက်ရှိအချိန်တွင် အက်ဖ်-၃၅ လေယာဉ် အစင်း ၄၄၀ ကို ကမ္ဘာတစ်ဝန်းရှိ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ပြီးဖြစ်ကြောင်း ပင်တဂွန်၏ ပြောကြားချက်အရ သိရသည်။
Ref ; Xinhua
<zawgyi>

Thursday , October 31 , 2019

#Myanmar_Online_News

0 comments:

Post a Comment