Wednesday, October 30, 2019

မြန်မာနိုင်ငံ(မြဝတီ)နှင့်ထိုင်းနိုင်ငံ(မဲဆောက်)တို့ကို ဆက်သွယ်သည့် ချစ်ကြည်ရေးတံတားအမှတ်(၂)(သောင်းရင်းမြစ်) ဖွင့်ပွဲကျင်းပ

Image may contain: 5 people, people smiling, people standing and outdoorImage may contain: one or more people and outdoor
အောက်တိုဘာ ၃၀ ရက် နံနက် ၈ နာရီခွဲအချိန်တွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် မြန်မာနိုင်ငံ (မြဝတီ)နှင့် ထိုင်းနိုင်ငံ(မဲဆောက်)တို့ကို ဆက်သွယ်သည့် သောင်းရင်းမြစ်ပေါ်၌ တည်ဆောက်ထားသော မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) (သောင်းရင်းမြစ်) တံတားဖွင့်ပွဲနှင့် Border Control Facilities (BCF) အဆောက်အအုံနှင့် ပစ္စည်းကိရိယာများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို အဆိုပါတံတားပေါ်ရှိ ယာယီမင်္ဂလာ မဏ္ဍပ်၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ် ဆောင်ရွက်ချက်များ Video Clip ပြသဖွင့်လှစ်ပြီး ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက နှစ် နိုင်ငံ ချစ်ကြည်ရေးတံတား တည်ဆောက်ပေးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် နှစ်နိုင်ငံဝန်ကြီးများသည် နှစ်နိုင်ငံ ပူးပေါင်းကူးလူး ဆက်သွယ်ရေးသမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ပေးသည့်အနေဖြင့် တံတားကြီး ပေါ်မှ ကုန်စည်ပို့ဆောင်ရေးယာဉ်များ ဖြတ်သန်းမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် Border Control Facilities (BCF) အဆောက်အအုံ ကမ္ပည်းမော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ထိုင်းနိုင်ငံပို့ဆောင်ရေးဝန်ကြီး Mr. Saksayam Chidchob တို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး မြန်မာဘက်ကမ်းBorder ControlFacilities (BCF) အား လွှဲပြောင်းပေးအပ်ခဲ့ပြီး နှစ်နိုင်ငံဝန်ကြီးများနှင့် ဧည့်သည် တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) (သောင်းရင်းမြစ်)သည် မြန်မာနိုင်ငံ(မြဝတီ)နှင့် ထိုင်းနိုင်ငံ(မဲဆောက်) တို့ကို ဆက်သွယ်ကာ သောင်းရင်းမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားပြီး တံတားအရှည် မီတာ ၇၆၀၊ တံတားအကျယ် ၁၇ ဒသမ ၂ မီတာရှိသည့် ကြိုတင်အားဖြည့်သံကူကွန်ကရစ် ၊Box Girder နှစ်လမ်းသွားတံတားဖြစ်ကာ နှစ်ဖက်ချဉ်းကပ်လမ်းများ၊ Border Control Facilities (BCF) များနှင့် Traffic Change Over စသည်တို့ ပြည့်စုံစွာထည့်သွင်းပြီး အဆင့်မြင့် နည်းပညာ (High Technology) များ အသုံးပြု၍ စံချိန်စံညွှန်း အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ထားသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
<<Zawgyi>>
မြန်မာနိုင်ငံ(မြဝတီ)နှင့်ထိုင်းနိုင်ငံ(မဲဆောက်)တို့ကို ဆက်သွယ်သည့် ချစ်ကြည်ရေးတံတားအမှတ်(၂)(သောင်းရင်းမြစ်) ဖွင့်ပွဲကျင်းပ
Thursday , October 31 , 2019

0 comments:

Post a Comment