Tuesday, October 29, 2019

ဒုတိယအကြိမ်မြောက် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ၏ ဓမ္မခရီးစဉ်ပိတ်ပွဲ ကျင်းပ

Image may contain: 12 people, people smiling, outdoor
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဒုတိယအကြိမ်မြောက်ဖြစ်သော မဲခေါင်မြစ်ဝှမ်း(၅)နိုင်ငံမှ သံဃာတော်များ၏ ဓမ္ဓခရီးစဉ် ပိတ်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားတွင် ဗုဒ္ဓဂယာမှ ယူဆောင်လာသည့် ဗောဓိညောင်ပင်စိုက်ပျိုးပြီး သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

ယခုဒုတိယအကြိမ် ဓမ္မခရီးစဉ်ကို ထိုင်းနိုင်ငံ ချင်းဆဲန်မြို့ရှိ Wat Phrathat Phangao ကျောင်းတိုက်တွင် အောက်တိုဘာလ (၁၅) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ အောက်တိုဘာလ (၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၅)နိုင်ငံမှ သံဃာတော်များ ကြွချီကာ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ ဗုဒ္ဓဂယာမှ ယူဆောင်လာသည့် ဗောဓိညောင်ပင်များ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းက ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်ဖြင့် ပူးပေါင်းစီစဉ်သည့် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံ သံဃာတော်များ၏ ဓမ္မခရီးစဉ်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကြွချီကြခြင်းဖြစ်သည်။
မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံသို့ ဓမ္မခရီးကြွရောက်သည့် သံဃာတော်များကို သက်ဆိုင်ရာ နိုင်ငံများအလိုက် တာဝန်ရှိသူများက ကူညီပေးခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ဓမ္မခရီးပိတ်ပွဲသို့ (၅)နိုင်ငံမှ သံဃာတော်များနှင့်အတူ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေနှင့်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
Image may contain: 4 people, people sitting, table and outdoor
Image may contain: 7 people, outdoor
Image may contain: 9 people, crowd and outdoor
Image may contain: 6 people, people standing, crowd and outdoor
Image may contain: 21 people, people smiling, shoes
Image may contain: 5 people, people standing, tree, shoes and outdoor
<<Zawgyi>>
ဒုတိယအကြိမ်မြောက် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ၏ ဓမ္မခရီးစဉ်ပိတ်ပွဲ ကျင်းပ
Wednesday , October 30 , 2019

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဒုတိယအကြိမ်မြောက်ဖြစ်သော မဲခေါင်မြစ်ဝှမ်း(၅)နိုင်ငံမှ သံဃာတော်များ၏ ဓမ္ဓခရီးစဉ် ပိတ်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့ပြီး ပိတ်ပွဲအခမ်းအနားတွင် ဗုဒ္ဓဂယာမှ ယူဆောင်လာသည့် ဗောဓိညောင်ပင်စိုက်ပျိုးပြီး သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
ယခုဒုတိယအကြိမ် ဓမ္မခရီးစဉ်ကို ထိုင်းနိုင်ငံ ချင်းဆဲန်မြို့ရှိ Wat Phrathat Phangao ကျောင်းတိုက်တွင် အောက်တိုဘာလ (၁၅) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ အောက်တိုဘာလ (၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၅)နိုင်ငံမှ သံဃာတော်များ ကြွချီကာ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ ဗုဒ္ဓဂယာမှ ယူဆောင်လာသည့် ဗောဓိညောင်ပင်များ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းက ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်ဖြင့် ပူးပေါင်းစီစဉ်သည့် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံ သံဃာတော်များ၏ ဓမ္မခရီးစဉ်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကြွချီကြခြင်းဖြစ်သည်။
မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံသို့ ဓမ္မခရီးကြွရောက်သည့် သံဃာတော်များကို သက်ဆိုင်ရာ နိုင်ငံများအလိုက် တာဝန်ရှိသူများက ကူညီပေးခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ဓမ္မခရီးပိတ်ပွဲသို့ (၅)နိုင်ငံမှ သံဃာတော်များနှင့်အတူ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေနှင့်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

0 comments:

Post a Comment