Tuesday, October 29, 2019

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းမြို့နယ် မဖျက်သိမ်းရေးအတွက် မြို့နယ်နေလူထုအင်အား(၅၀၀)ဖြင့် ဆန္ဒထုတ်ဖော်မည်

Image may contain: 7 people, crowd and outdoor

ရန်ကုန်မြို့ရှိ၊ ဆိပ်ကမ်းမြို့နယ်ကို အခြားမြို့နယ်များအတွင်း ထည့်သွင်းရန် အစိုးရက စီစဉ်လျှက် ရှိပြီး မြို့နယ်မဖျက်သိမ်းရေးအတွက် မြို့နယ်နေလူထုအင်အား(၅၀၀)ဖြင့် အောက်တိုဘာ ၃၀ ရက်တွင် ဆန္ဒထုတ်ဖော်သွားမည်ဟု ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင်က ပြောသည်။

“လူငါးရာနဲ့ ဆန္ဒထုတ်ဖော်ဖို့ စာတင်ထားတယ်။ ကျွန်တော်တို့စီစဉ်တာတော့ မဟုတ်ပါဘူး ဆိပ်ကမ်းမြို့နယ်ချစ်သူများအဖွဲ့က စီစဉ်တာပါ”ဟု ဦးနေမျိုးအောင်က ပြောသည်။
နှစ်ပေါင်း(၅၀)ခန့် တည်ရှိခဲ့ပြီး ရပ်ကွက်သုံးခုနှင့် လူဦးရေထောင်ဂဏန်းကျော်သာ နေထိုင်သည့် ဆိပ်ကမ်းမြို့နယ်ကို ယင်းနှင့် ထိစပ်လျက်ရှိသည့် လမ်းမတော်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်တို့ အတွင်း ထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဆိပ်ကမ်းမြို့နယ်တွင် မော်တင်ရပ်ကွက်၊ မိသားစုရပ်ကွက်နှင့် ရဲရိပ်သာရပ်ကွက် သုံးခုရှိပြီး အစိုးရ ဝန်ထမ်းအများစု နေထိုင်ကြသည်။
ဝန်ထမ်းအများစုနေထိုင်သည့် မြို့နယ်ဖြစ်သောကြောင့် ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် လက်ရှိ အာဏာရပါတီအနေဖြင့် ရှုံးနိမ့်မှုများရှိခဲ့သောကြောင့် ယင်းမြို့နယ်ကို ဖျက်သိမ်းရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ဝေဖန်မှုများရှိနေသည်။
<zawgyi>
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းမြို့နယ် မဖျက်သိမ်းရေးအတွက် မြို့နယ်နေလူထုအင်အား(၅၀၀)ဖြင့် ဆန္ဒထုတ်ဖော်မည်
Tuesday , October 29 , 2019

ရန်ကုန်မြို့ရှိ၊ ဆိပ်ကမ်းမြို့နယ်ကို အခြားမြို့နယ်များအတွင်း ထည့်သွင်းရန် အစိုးရက စီစဉ်လျှက် ရှိပြီး မြို့နယ်မဖျက်သိမ်းရေးအတွက် မြို့နယ်နေလူထုအင်အား(၅၀၀)ဖြင့် အောက်တိုဘာ ၃၀ ရက်တွင် ဆန္ဒထုတ်ဖော်သွားမည်ဟု ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးနေမျိုးအောင်က ပြောသည်။
“လူငါးရာနဲ့ ဆန္ဒထုတ်ဖော်ဖို့ စာတင်ထားတယ်။ ကျွန်တော်တို့စီစဉ်တာတော့ မဟုတ်ပါဘူး ဆိပ်ကမ်းမြို့နယ်ချစ်သူများအဖွဲ့က စီစဉ်တာပါ”ဟု ဦးနေမျိုးအောင်က ပြောသည်။
နှစ်ပေါင်း(၅၀)ခန့် တည်ရှိခဲ့ပြီး ရပ်ကွက်သုံးခုနှင့် လူဦးရေထောင်ဂဏန်းကျော်သာ နေထိုင်သည့် ဆိပ်ကမ်းမြို့နယ်ကို ယင်းနှင့် ထိစပ်လျက်ရှိသည့် လမ်းမတော်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်တို့ အတွင်း ထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဆိပ်ကမ်းမြို့နယ်တွင် မော်တင်ရပ်ကွက်၊ မိသားစုရပ်ကွက်နှင့် ရဲရိပ်သာရပ်ကွက် သုံးခုရှိပြီး အစိုးရ ဝန်ထမ်းအများစု နေထိုင်ကြသည်။
ဝန်ထမ်းအများစုနေထိုင်သည့် မြို့နယ်ဖြစ်သောကြောင့် ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် လက်ရှိ အာဏာရပါတီအနေဖြင့် ရှုံးနိမ့်မှုများရှိခဲ့သောကြောင့် ယင်းမြို့နယ်ကို ဖျက်သိမ်းရန် စီစဉ်နေခြင်း ဖြစ်သည်ဟု ဝေဖန်မှုများရှိနေသည်။

0 comments:

Post a Comment