Thursday, October 31, 2019

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သောချစ်ကြည်ရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွယ်သောရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ရန် ဂျပန်ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များ ဖိတ်ခေါ်ခဲ့


အောက်တိုဘာလ ၃၁ ရက် ညနေပိုင်းတွင်ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သောကိုယ် စားလှယ်အဖွဲ့သည် ရန်ကုန်မြို့သို့ပြန်လည်ရောက် ရှိခဲ့ကြောင်း သိရသည်။

ပါတီဥက္ကဋ္ဌဦးသန်းဌေးဦးဆောင် သောကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၂၆ ရက်တွင် ဂျပန်နိုင်ငံ သို့ ချစ်ကြည်ရေးခရီးစတင်သွား ရောက်ခဲ့ခြင်းဖြစ်ကာ ချစ်ကြည်ရေး ခရီးစဉ်အတွင်း၌ ဂျပန်အစိုးရအဖွဲ့၊ လွှတ်တော်များ၊ အာဏာရပါတီ၊ အဓိကအတိုက်အခံပါတီအပါအဝင် ဦးဆောင်နိုင်ငံရေးပါတီများ၊အစိုးရ လက်အောက်ရှိ ဖွံ့ဖြိုးရေးအေဂျင် စီများမှ ခေါင်းဆောင်များ၊ တာဝန် ရှိသူများနှင့်တွေ့ဆုံကာ ယုံကြည်မှု၊ ရင်းနှီးချစ်ကြည်မှုကို အခြေခံသော ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့သည်။
ပါတီဥက္ကဋ္ဌဦးသန်းဌေးဦးဆောင် သောကိုယ်စားလှယ်သည်ချစ်ကြည် ရေးခရီးစဉ်အတွင်း၌ ဂျပန်နိုင်ငံရှိ အထင်ရှားဆုံးဗုဒ္ဓရုပ်ပွားတော်များ ဖြစ်သည့်ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်များထဲတွင်ပါဝင် သော ယူရှီကူဒါအီဘတ်ဆုရုပ်ပွား တော်နှင့် ကမာကူရရုပ်ပွားတော် များအားသွားရောက်ဖူးမြော်ခဲ့သည်။
ပါတီဥက္ကဋ္ဌဦးသန်းဌေးဦးဆောင် သောကိုယ်စားလှယ်အဖွဲ့သည်ချစ် ကြည်ရေးခရီးစဉ်အတွင်း၌ ဂျပန် ဒုတိယဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန် ကြီးရာထူးကို ပူးတွဲထမ်းဆောင်နေ သည့် H.E.Mr. Taro ASO နှင့် တွေ့ဆုံပြီးနောက် နှစ်နိုင်ငံကြား တွင် ရင်းနှီးမြှုပ်နှံမှုများ၊ ဆက်စပ် နေသောလုပ်ငန်းများတိုးချဲ့လုပ်ကိုင် နိုင်ရေး၊ စီးပွားရေးကဏ္ဍတွင် ပူး ပေါင်းဆောင်ရွက်မှုများပိုမိုပြုလုပ် နိုင်ရေးနှင့်နှစ်နိုင်ငံကြားတွင်လက်ရှိ ဖြစ် ပေါ်လျက်ရှိသောကိစ္စရပ်များ နှင့် ဆိုင်သောအကြောင်းအရာများ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။ ထို့အပြင် ဂျပန်နိုင်ငံ ၏လက်ရှိအာဏာရပါတီဖြစ်သော Liberal Democratic Party ၏ Policy Research Council ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်သူ H.E.Mr. Fumio KISHIDA ၊ အဓိကအတိုက်အခံ ပါတီတစ်ခုဖြစ်သည့် Komeito ပါတီ ခေါင်းဆောင်ဖြစ်ပြီး ဂျပန်အထက် လွှတ်တော်အမတ် တစ်ဦးလည်း ဖြစ်သော H.E. Mr. Natsuo YAMAGUCHI၊ ဂျပန်လွှတ် တော်များမှတာဝန်ရှိသူများ၊ ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့်နီပွန်ဖောင်ဒေးရှင်းတို့ ကဲ့သို့ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်း များမှခေါင်းဆောင်များ၊ ဂျပန်-မြန် မာချစ်ကြည်ရေးအသင်းမှခေါင်းဆောင် များနှင့်တွေ့ဆုံကာ နှစ်နိုင်ငံကြားရှိ ဆက်ဆံရေး၊ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများပြုလုပ်ရေး၊နှစ်နိုင်ငံ ကြားရှိလက်ရှိကိစ္စရပ်များဆိုင်ရာ အကြောင်းအရာများကို ရင်းနှီးပွင့် လင်းမှုအပြည့်ဖြင့် အပြန်အလှန် ဆွေးနွေးနိုင်ခဲ့သည်။
ထို့အပြင်ပါတီဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ သည်ဂျပန်ကုမ္ပဏီများဖြစ်ကြ သည့် Marubeni Corporation ၊ Sumitomo Corporation နှင့် Mitsubishi Corporation များ မှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ် ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ မြန်မာနိုင်ငံအတွင်း၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြုလုပ် ရန် နှင့်အမျိုးသားအကျိုးစီးပွားကို အခြေခံသည့်ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့ ကြောင်း သိရသည်။
Image may contain: 4 people, people standing and suit
Image may contain: 4 people, people smiling, people standing
Image may contain: 4 people, people standing
Image may contain: 12 people, people standing, suit and wedding
Image may contain: 6 people, people smiling
Image may contain: 11 people, people smiling, people standing and suit
Image may contain: 7 people, people smiling, people standing
Image may contain: 2 people, people sitting, table and indoor
<<Zawgyi>>
Thursday , October 31 , 2019

ပါတီဥက်ကဋ်ဌဦးသနျးဌေးဦးဆောငျ သောကိုယ်စားလှယျသည်ချစျကွညျ ရေးခရီးစဉျအတွငျး၌ ဂျပန်နိုငျငံရှိ အထငျရှားဆုံးဗုဒ်ဓရုပ်ပွားတ်မောျား ဖြစျသညျ့ကမ်ဘာ့ဉာဏျတောျအမြငျ့ဆုံး ဗုဒ်ဓရုပ်ပွားတ်မောျားထဲတွင်ပါဝငျ သော ယူရှီကူဒါအီဘတ်ဆုရုပ်ပွား တ်နောှငျ့ ကမာကူရရုပ်ပွားတောျ များအားသွားရောက်ဖူးမြေ်ခာဲ့သညျ။

0 comments:

Post a Comment