Tuesday, October 29, 2019

အောင်ဘာလေ (၉ ) ကြိမ်မြောက် သိန်းဆုထီဖွင့်ပွဲတွင် ဆုငွေ ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် ချီးမြှင့်မည်


No photo description available.
နိုဝင်ဘာလ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် ၉ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေ သိန်းဆုထီဖွင့်ပွဲတွင် ဘဏ္ဍာသိမ်းရငွေ ကျပ် သန်း ၂၅၀ အပါအဝင် ဆုငွေ ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော်ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။
ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်းပေါင်း ၃၀၂၇၂ ဒသမ ၆၆၀ ဖြစ်ပြီး ၆၀ ရာခိုင်နှုန်း ခွဲဝေ ချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်းပေါင်း ၁၈၁၆၃ ဒသမ ၅၉၆ ဖြစ်သည်။

၉ ကြိမ်မြောက် သိန်းဆုထီဖွင့်ပွဲတွင် အထူးဆုကြီး စနစ်ဖြင့် ကျပ် တစ်သိန်းတစ်သောင်းငါးထောင် (၁) ဆု၊ ကျပ် သိန်းတစ်သောင်း (၁) ဆု၊ ကျပ် သိန်း ငါးထောင် (၂) ဆု၊ ကျပ် သိန်းနှစ်ထောင် (၄) ဆု၊ ကျပ် သိန်းတစ်ထောင် (၇) ဆု၊ ဆုတစ်ဆုချင်း စနစ်ဖြင့် ကျပ် သိန်းငါးရာ ၁၄ ဆု ၊ ကျပ် သိန်းနှစ်ရာ ၁၈ ဆု ၊ ကျပ် သိန်းတစ်ရာ ၂၄ ဆု ၊ ကျပ် သိန်း ငါးဆယ် ၂၆ ဆု ၊ ကျပ် သိန်း နှစ်ဆယ် ၂၈ ဆု ၊ ကျပ်ဆယ်သိန်း ၃၂ ဆုနှင့် ဝေဝေဆာဆာ ပဒေသာ ဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၁၅၀ ဆု ၊ ကျပ်နှစ်သိန်း ၁၅၀၀ ဆု ၊ ကျပ်တစ်သိန်း ၁၈၀၀၀ ဆု ၊ ကျပ် ငါးသောင်း ၁၉၀၀၀၀ ဆု ချီးမြှင့်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူ ခြင်း မရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ် သန်း ၂၅၀ အား တစ်ဆုချင်း ဆုမဲဖြင့် ကျပ် ၁၀ သိန်း ၄ ဆုနှင့် ဝေဝေဆာဆာ ဆုမဲများ ဖြစ်သည့် ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂၀၀၀ ဆု၊ စုစုပေါင်း ၂၂၂၄ ဆု ကိုလည်း ထပ်မံချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၉ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေ သိန်းဆုထီဖွင့်ပွဲကို နိုဝင်ဘာလ ၁ ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
<zawgyi>
အောင်ဘာလေ (၉ ) ကြိမ်မြောက် သိန်းဆုထီဖွင့်ပွဲတွင် ဆုငွေ ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော် ချီးမြှင့်မည်
Tuesday , October 29 , 2019

နိုဝင်ဘာလ ၁ ရက်တွင် ကျင်းပပြုလုပ်မည့် ၉ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေ သိန်းဆုထီဖွင့်ပွဲတွင် ဘဏ္ဍာသိမ်းရငွေ ကျပ် သန်း ၂၅၀ အပါအဝင် ဆုငွေ ကျပ်သန်းပေါင်း ၁၈၀၀၀ ကျော်ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

ထီလက်မှတ်များ ရောင်းချရငွေမှာ ကျပ်သန်းပေါင်း ၃၀၂၇၂ ဒသမ ၆၆၀ ဖြစ်ပြီး ၆၀ ရာခိုင်နှုန်း ခွဲဝေ ချီးမြှင့်ပေးမည့် ထီဆုငွေမှာ ကျပ်သန်းပေါင်း ၁၈၁၆၃ ဒသမ ၅၉၆ ဖြစ်သည်။

၉ ကြိမ်မြောက် သိန်းဆုထီဖွင့်ပွဲတွင် အထူးဆုကြီး စနစ်ဖြင့် ကျပ် တစ်သိန်းတစ်သောင်းငါးထောင် (၁) ဆု၊ ကျပ် သိန်းတစ်သောင်း (၁) ဆု၊ ကျပ် သိန်း ငါးထောင် (၂) ဆု၊ ကျပ် သိန်းနှစ်ထောင် (၄) ဆု၊ ကျပ် သိန်းတစ်ထောင် (၇) ဆု၊ ဆုတစ်ဆုချင်း စနစ်ဖြင့် ကျပ် သိန်းငါးရာ ၁၄ ဆု ၊ ကျပ် သိန်းနှစ်ရာ ၁၈ ဆု ၊ ကျပ် သိန်းတစ်ရာ ၂၄ ဆု ၊ ကျပ် သိန်း ငါးဆယ် ၂၆ ဆု ၊ ကျပ် သိန်း နှစ်ဆယ် ၂၈ ဆု ၊ ကျပ်ဆယ်သိန်း ၃၂ ဆုနှင့် ဝေဝေဆာဆာ ပဒေသာ ဆုမဲစနစ်တွင် ကျပ်သုံးသိန်း ၁၅၀ ဆု ၊ ကျပ်နှစ်သိန်း ၁၅၀၀ ဆု ၊ ကျပ်တစ်သိန်း ၁၈၀၀၀ ဆု ၊ ကျပ် ငါးသောင်း ၁၉၀၀၀၀ ဆု ချီးမြှင့်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် သတ်မှတ်ကာလအတွင်း လာရောက်ထုတ်ယူ ခြင်း မရှိသော ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေမှ ကျပ် သန်း ၂၅၀ အား တစ်ဆုချင်း ဆုမဲဖြင့် ကျပ် ၁၀ သိန်း ၄ ဆုနှင့် ဝေဝေဆာဆာ ဆုမဲများ ဖြစ်သည့် ကျပ်သုံးသိန်း ၂၀ ဆု၊ ကျပ်နှစ်သိန်း၂၀၀ ဆု၊ ကျပ်တစ်သိန်း ၂၀၀၀ ဆု၊ စုစုပေါင်း ၂၂၂၄ ဆု ကိုလည်း ထပ်မံချီးမြှင့်ပေးသွားမည်ြဖစ်ကြောင်း သိရသည်။

၉ ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေ သိန်းဆုထီဖွင့်ပွဲကို နိုဝင်ဘာလ ၁ ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည္။

0 comments:

Post a Comment