Monday, October 28, 2019

ရွာငံမြို့နယ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး (၁၀) ဦးဒဏ်ရာရရှိ၊ (၁၆)ဦးသေဆုံး

Image may contain: car and outdoor

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ယုံတောင်အဆင်းမှာ အောက်တိုဘာလ(၂၈)ရက် ညနေ (၆)နာရီခွဲဝန်းကျင်က ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်း မိုင်တိုင်အမှတ်(၂၈/၃)တွင် တောင်ကြီးဘက်မှ မောင်းနှင်လာသော Light Truck အမျိုးအစား (အဖြူရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ ချောက်ထဲသို့ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားကြောင်း (၁၉ ၃၀)အချိန်တွင် သတင်းရရှိသဖြင့် ရွာငံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁) စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာသူ/ရွာသားများနှင့် ပူးပေါင်း၍ ယာဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
တိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးယာဉ်မှာ ရွှေဘိုမြို့နယ် ခွန့်တောင်းကြီးကျေးရွာက ဘုရားဖူးခရီးသည်တွေလိုက်ပါတယ်လို့ သိရပြီး တောင်ကြီးဘက်ကနေ ဘုရားဖူးပြီးအပြန်မှာ အခုလိုယာဉ် မတော်တဆမှုဖြစ်ပွားခဲ့တာလို့ ကူညီဆယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ရွာငံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးက ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူ ကျား(၄)ဦးနှင့် မ(၃)ဦး (မစိုးရိမ်ရ)၊ ကျား(၂)ဦးနှင့်မ(၁)ဦး (စိုးရိမ်ရ)၊ သေဆုံးသူ ကျား(၃)ဦးနှင့် မ(၁၃)ဦးတို့အား သုခိတာ၊ သုခသင်္ဂတ၊ ဒူဝံလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့် ရွာငံပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရပါသည်။
Image may contain: one or more people, plant, outdoor and nature
<zawgyi>
ရွာငံမြို့နယ်တွင် ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး (၁၀) ဦးဒဏ်ရာရရှိ၊ (၁၆)ဦးသေဆုံး
Tuesday , October 29 , 2019

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ယုံတောင်အဆင်းမှာ အောက်တိုဘာလ(၂၈)ရက် ညနေ (၆)နာရီခွဲဝန်းကျင်က ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်၊ ရွာငံ-ဟန်မြင့်မိုရ်သွားကားလမ်း မိုင်တိုင်အမှတ်(၂၈/၃)တွင် တောင်ကြီးဘက်မှ မောင်းနှင်လာသော Light Truck အမျိုးအစား (အဖြူရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ ချောက်ထဲသို့ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားကြောင်း (၁၉ ၃၀)အချိန်တွင် သတင်းရရှိသဖြင့် ရွာငံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁) စီး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျေးရွာသူ/ရွာသားများနှင့် ပူးပေါင်း၍ ယာဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများအား ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
တိမ်းမှောက်ခဲ့တဲ့ ဘုရားဖူးယာဉ်မှာ ရွှေဘိုမြို့နယ် ခွန့်တောင်းကြီးကျေးရွာက ဘုရားဖူးခရီးသည်တွေလိုက်ပါတယ်လို့ သိရပြီး တောင်ကြီးဘက်ကနေ ဘုရားဖူးပြီးအပြန်မှာ အခုလိုယာဉ် မတော်တဆမှုဖြစ်ပွားခဲ့တာလို့ ကူညီဆယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ရွာငံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုးက ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုတွင် ဒဏ်ရာရရှိသူ ကျား(၄)ဦးနှင့် မ(၃)ဦး (မစိုးရိမ်ရ)၊ ကျား(၂)ဦးနှင့်မ(၁)ဦး (စိုးရိမ်ရ)၊ သေဆုံးသူ ကျား(၃)ဦးနှင့် မ(၁၃)ဦးတို့အား သုခိတာ၊ သုခသင်္ဂတ၊ ဒူဝံလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့် ရွာငံပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရပါသည်။
#Myanmar_Online_News

0 comments:

Post a Comment