Tuesday, October 29, 2019

နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ကောင်းမွန်စွာလုပ်ကိုင်နိုင်ရေး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

Image may contain: 3 people, people sitting, living room and indoorImage may contain: 3 people, people smiling, people standing, suit and indoor

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ဦးဆောင်သောအဖွဲ့သည် ၂၉-၁၀-၂၀၁၉ ရက်နေ့ ဒေသစံတော်ချိန် ၁၄၃၀နာရီမှ ၁၅၀၀နာရီထိ ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး Mr. Taro Aso နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်စွာလုပ်ကိုင်နိုင်ရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ နှင့် နှစ်နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသောကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးမှုအပြီးတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး နှင့် ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး Mr. Taro Aso တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။
Image may contain: 3 people, people smiling, indoor

<zawgyi>
နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက်ကောင်းမွန်စွာလုပ်ကိုင်နိုင်ရေး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး တွေ့ဆုံဆွေးနွေး
Tuesday , October 29 , 2019

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး ဦးဆောင်သောအဖွဲ့သည် ၂၉-၁၀-၂၀၁၉ ရက်နေ့ ဒေသစံတော်ချိန် ၁၄၃၀နာရီမှ ၁၅၀၀နာရီထိ ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး Mr. Taro Aso နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်စွာလုပ်ကိုင်နိုင်ရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များ နှင့် နှစ်နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသောကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးမှုအပြီးတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေး နှင့် ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ဘဏ္ဍာရေးဝန်ကြီး Mr. Taro Aso တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment