Thursday, October 31, 2019

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် လုံခြုံရေးယာဉ်တန်းအား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဒေသခံနှစ်ဦးဒဏ်ရာရရှိ

Image may contain: carImage may contain: outdoor

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောက်ဦး-ပန်းမြောင်ကားလမ်းတစ်လျှောက် လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား AA အဖွဲ့မှ အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီခွဲ ခန့်တွင် ရွာဟောင်းတောကျေးရွာ၏ တောင်ဘက် မီတာ ၅၀ဝ ခန့်အကွာရှိ ကားလမ်းပုခုံး ဝဲယာဘက်မှ အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်နေရာတစ်ဝိုက်အား မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မိုင်းပေါက်ကွဲခဲ့သည့်နေရာ၏ အရှေ့ ဘက် ၂၅ မီတာခန့်တွင် ကွန်ကြူးပိုက်ဖြင့် ပြုလုပ်ထားသော အဝေးထိန်း မိုင်းတစ်လုံးအား ဖော်ထုတ်ရရှိခဲ့ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် ကားလမ်း ယာဘက်လမ်းပုခုံးတွင် ထောင်ထားသော အဝေးထိန်းမိုင်းတစ်လုံးအား AA အဖွဲ့က အဝေးမှ ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။
မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် မိုင်းပေါက်ကွဲစဉ် ပန်းမြောင်ကျေးရွာဘက်မှ မြောက်ဦးမြို့ သို့ ဆိုင်ကယ်စီးနင်းလာသော မြောက်ဦးမြို့၊ ဗန္ဓုလရပ်ကွက်နေ မောင်ကျော်ထွန်းစိန်နှင့် အောင်တပ်ရပ်ကွက် နေ မောင်ကျော်နိုင်ထွန်းတို့ နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သောကြောင့် စစ်တွေမြို့ရှိ တပ်မတော် ဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်၍ ဆေးဝါးကုသမှုများ ခံယူလျက်ရှိကြောင်း သိရှိရသည်။
<zawgyi>
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် လုံခြုံရေးယာဉ်တန်းအား AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးနှင့် ဒေသခံနှစ်ဦးဒဏ်ရာရရှိ
Friday , November 1 , 2019

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောက်ဦး-ပန်းမြောင်ကားလမ်းတစ်လျှောက် လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား AA အဖွဲ့မှ အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီခွဲ ခန့်တွင် ရွာဟောင်းတောကျေးရွာ၏ တောင်ဘက် မီတာ ၅၀ဝ ခန့်အကွာရှိ ကားလမ်းပုခုံး ဝဲယာဘက်မှ အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်နှစ်ဦးနှင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်နေရာတစ်ဝိုက်အား မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မိုင်းပေါက်ကွဲခဲ့သည့်နေရာ၏ အရှေ့ ဘက် ၂၅ မီတာခန့်တွင် ကွန်ကြူးပိုက်ဖြင့် ပြုလုပ်ထားသော အဝေးထိန်း မိုင်းတစ်လုံးအား ဖော်ထုတ်ရရှိခဲ့ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် ကားလမ်း ယာဘက်လမ်းပုခုံးတွင် ထောင်ထားသော အဝေးထိန်းမိုင်းတစ်လုံးအား AA အဖွဲ့က အဝေးမှ ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။
မိုင်းပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် မိုင်းပေါက်ကွဲစဉ် ပန်းမြောင်ကျေးရွာဘက်မှ မြောက်ဦးမြို့ သို့ ဆိုင်ကယ်စီးနင်းလာသော မြောက်ဦးမြို့၊ ဗန္ဓုလရပ်ကွက်နေ မောင်ကျော်ထွန်းစိန်နှင့် အောင်တပ်ရပ်ကွက် နေ မောင်ကျော်နိုင်ထွန်းတို့ နှစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သောကြောင့် စစ်တွေမြို့ရှိ တပ်မတော် ဆေးရုံနှင့် ပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်၍ ဆေးဝါးကုသမှုများ ခံယူလျက်ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment