Thursday, October 31, 2019

ရေထဲမျောလာသည့် ICE မူးယစ်ဆေး ၁၉ ကီလိုအား ဟိုင်းကြီးကျွန်းအနောက်တောင်ဖက် ပင်လယ်ပြင်တွင်တွေ့ရှိ

အောက်တိုဘာ ၂၉ ရက်နေ့တွင် ဟိုင်းကြီးကျွန်းမှ အနောက်တောင်ဘက် ရေမိုင် ၁၆မိုင်ခွဲအကွာ ပင်လယ်ပြင်၌ မျောပါနေသော ICE မူးယစ်ဆေး ၁၉ ကီလိုကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၇နာရီ အချိန်ခန့်က ငပုတောမြို့နယ်၊ ဘန့်ဘွေး ကျေးရွာနေ ကိုရန်နိုင်စိုး(၂၄)နှစ် အပါအဝင် အမျိုးသား ၃ ဦးသည် ပင်လယ်ပြင်အတွင်းရှိ ငါးဖမ်းစက်လှေ များတွင် ငါးများလိုက်လံဝယ်ယူရန် ကံချိုင်ကျေးရွာမှ စက်လှေဖြင့် ထွက်ခွာလာစဉ် ဟိုင်းကြီးကျွန်း၏ အနောက်တောင်ဘက် ရေမိုင် ၁၆မိုင်ခွဲခန့်အကွာ ပင်လယ်ပြင်၌ မျောပါနေသော ဆာလာ အိတ် ၁ လုံး အတွင်းမှ Guan Yin Wang Refined Chinese Tea/တရုတ် စာတမ်းပါ အစိမ်းရောင် ပလပ်စတစ်အိတ် ၁၉ အိတ်ဖြင့် ထည့်လျက် ICE မူးယစ်ဆေး ၁၉ ကီလိုအား တွေ့ရှိခဲ့သည်။
ထို့ကြောင့် ယင်းမူးယစ်ဆေးများကို ကံချိုင်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးရန်အောင်ထံ အပ်နှံခဲ့ကြောင်း သတင်းအရ ဟိုင်းကြီးကျွန်းနယ်မြေရဲစခန်းမှူး ရဲတပ်ဖွဲ့ ဝင်များဦးစီးသည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးသိမ်းဆည်းခဲ့ပြီး တရားခံ(စိစစ်ဆဲ) အား ဟိုင်းကြီးကျွန်းနယ်မြေရဲစခန်းမယ(ပ)၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း အဆိုပါသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
<<Zawgyi>>
ရထေဲမေျာလာသညျ့ ICE မူးယစျဆေး ၁၉ ကီလိုအား ဟိုငျးကွီးကွနြျးအနောကျတောင်ဖကျ ပင်လယျပြင်တွငျတွေ့ရှိ
Thursday , October 31 , 2019

#Myanmar_Online_News #ဟိုငျးကွီးကွနြျး #ICE #မူးယစ်ဆေး

0 comments:

Post a Comment