Thursday, October 31, 2019

သပြေကုန်းအဝိုင်းတွင်ထားရှိမည် အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် တည်ဆောက်ရေးလုပ်ငန်းများ စတင်

Image may contain: 1 person

မြန်မာနိုင်ငံတွင် အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် တည်ဆောက်ရေး လုပ်ငန်းများကို နေပြည်တော်ရှိ သပြေကုန်းအဝိုင်းတွင် စတင်ဆောင်ရွက်နေပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့တွင် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ဖြစ်မြောက်ရေး ဦးစီးကော်မတီနာယက၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နဲ့ ပတ်သက်ပြီး ပြည်သူတွေက စိတ်ပူ ကြတာရှိပါတယ်။ ပြည်သူတွေ လေးစားတန်ဖိုးထားတဲ့ နိုင်ငံ့ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ အတွက် ပြည်သူတွေက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေလုပ်တိုင်း ဗိုလ်ချုပ်ရဲ့ ဂုဏ်ပုဒ်နဲ့ ကိုက်ညီတဲ့ ရုပ်တုမျိုး ဖြစ်စေချင်တယ်။ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ရဲ့ သွင်ပြင်ပေါ်အောင် သေချာဆောင်ရွက်နေပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တု ဖြစ်မြောက်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူ က "မြန်မာနိုင်ငံမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ် တွေထဲမှာ အကြီးဆုံးဖြစ်ပါမယ်။ ဗိုလ်ချုပ် ကြေးရုပ်ကို အောက်ခံအုတ်ခုံ ၁၅ ပေ၊ မြင်းစီး ရုပ်တု ၁၈ ပေ စုစုပေါင်း အနိမ့်ဆုံးအမြင့် ၃၃ ပေနဲ့ တည်ဆောက်မယ်လို့ ဗိသုကာပညာရှင်တွေက တွက်ချက်ထားပါတယ်။ ဗိုလ်ချုပ် မြင်းစီး ကြေးရုပ်ရဲ့ မြင်းခေါင်းက အရှေ့ဘက် ပျဉ်းမနားဘက်၊ မြင်းရဲ့အမြီးပိုင်းက အနောက်ဘက် တောင်ညိုဘက်ဖြစ်ပြီး ဗိုလ်ချုပ်ရဲ့ မျက်နှာက တောင်ဘက်လှည့်မှာ ဖြစ်ပါတယ်။ ကြေး ပိဿာချိန် ၇ တန်လောက် ကုန်ကျ မယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ကို ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ " ပြောကြားခဲ့ကြောင်း သိရှိရသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခ(အငြိမ်းစား) ပန်းပုပညာဌာန မှဒေါက်တာဦးမြင့်စံက " ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို နိုင်ငံ့ ခေါင်းဆောင်တစ်ဦးရဲ့ ဥပဓိရုပ်ပေါ်လွင်စေဖို့နဲ့ ဗိုလ်ချုပ်ရဲ့ ပုံတူမှုကိုလည်း အနီးစပ်ဆုံးပုံ တူအောင် ထုလုပ်ပုံဖော်ရမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုကို အကောင်းဆုံးဖြစ်အောင် ရှေ့ကဆောင်ရွက်သွားကြတဲ့ ဆရာကြီးတွေရဲ့ ထုလုပ်ပြီးစီးခဲ့တဲ့ ရုပ်တုတွေရဲ့ အားနည်းချက်၊ အားသာချက် တွေကို လေ့လာပြီး ကျွန်တော် သိရှိတတ်ကျွမ်းတဲ့ ပညာနဲ့ အကောင်းဆုံးထုလုပ် ပုံဖော်သွားမှာ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဘဏ္ဍာငွေ ရှာဖွေရေးဆပ်ကော်မတီနှင့် တည်ဆောက်ရေးဆပ်ကော်မတီအဖွဲ့ဝင် ဦးကျော်မင်းထွန်း ကလည်း ဗိုလ်ချုပ်မြင်းစီး ကြေးရုပ်က ခန့်မှန်းတန်ဖိုး သိန်း ၂၅၀၀ လောက်ကုန်ကျမှာဖြစ်တဲ့အတွက် တစ်ယောက်တစ်လက်၊ စည်းစည်းလုံးလုံးနဲ့ အားလုံး ဝိုင်းဝန်းလိုက်မယ်ဆိုရင် အောင်မြင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြပါလို့လည်း မေတ္တာရပ်ခံ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရှိရသည်။
<<zawgyi>>
သပြေကုန်းအဝိုင်းတွင်ထားရှိမည် အကြီးဆုံး ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် တည်ဆောက်ရေးလုပ်ငန်းများ စတင်
Thursday , October 31 , 2019

#Myanmar_Online_News #MOI

0 comments:

Post a Comment