Monday, October 28, 2019

EU ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး အချိန်နောက်ဆုတ်ပေးရန် သဘောတူ

No photo description available.

EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ဖို့ ရက်ပိုင်းပဲလိုတော့ချိန်မှာ နှုတ်ထွက်ရက်ကို ရှေ့နှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ နောက်ဆုတ်ပေးဖို့ EU ဘက်ကသဘောတူကြောင်း ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk ကပြောကြားလိက်သည်။

ဗြိတိန်ဘက်က တောင်းဆိုထားတဲ့အတိုင်း ပြင်နိုင်ပြောင်းနိုင်တဲ့ နုတ်ထွက်ရက်အနေနဲ့ နောက်ဆုတ်ပေးမယ့်အကြောင်းနဲ့ သဘောတူကြောင်း တရားဝင် စာရေးသား ထုတ်ပြန်မယ့်အကြောင်း EU ကောင်စီဥက္ကဋ္ဌက Twitter ပေါ်မှာ ရေးသား ကြေညာခဲ့သည်။
ရှေ့နှစ် ဇန်နဝါရီ လကုန်အထိ နုတ်ထွက်ရက်ကို နောက်ဆုတ်ပေးဖို့ တကယ်လို့ နုတ်ထွက်ရေး သဘောတူညီချက်တွေကို ဗြိတိန်ပါလီမာန်မှာ ဒီထက်စောပြီး အတည်ပြုနိုင်မယ်ဆိုရင် စောပြီးနုတ်ထွက်ဖို့ ဗြိတိန်က တောင်းဆိုထားတာ ဖြစ်ပြီး EU ဘက်က သဘောမတူခဲ့ရင်တော့ နောက် ၃ ရက်ဖြစ်တဲ့ အောက်တိုဘာ ၃၁ ရက်မှာ နုတ်ထွက်ရတော့မှာဖြစ်သည်။
အောက်တိုဘာ ၃၁ ရက်မှာ နုတ်ထွက်နိုင်မည်ဆိုပါက ဗြိတိန်အစိုးရနဲ့ EU ကြားရရှိထားတဲ့ သဘောတူညီချက်တွေကို ဗြိတိန်ပါလီမာန်မှာ အတည်မပြုနိုင်သေးတဲ့အတွက် ဘာသဘောတူချက်မှ မရှိဘဲ နုတ်ထွက်ရတဲ့ အခြေအနေမျိုး ဖြစ်သွားမည်ဖြစ်သည်။
အောက်တိုဘာလ ၂၈ ရက်နေ့တွင် EU နိုင်ငံက သံအမတ်ကြီးတွေ Brussels မှာ ဆွေးနွေးခဲ့ကြပြီး နောက်ဆုတ်ပေးဖို့ သဘောတူခဲ့ကြတာဖြစ်ပြီး အခုလို ဗြိတိန်နုတ်ထွက်ရက်ကို EU ဘက်က နောက်ဆုတ်ပေးခဲ့တာဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။
တချိန်ထဲမှာပဲ ဗြိတိန်မှာ အထွေထွေရွေးကောက်ပွဲကို စောပြီး ဒီဇင်ဘာ ၁၂ ရက်ကျင်းပဖို့ ဝန်ကြီးချုပ် Boris Johnson က အဆိုပြုထားတဲ့အတွက် ဒီအဆိုကို အတည်ပြု မပြု လွှတ်တော်အမတ်တွေ မဲခွဲကြဖို့ရှိနေကြောင်း သိရပြီး ဗြိတိန်ပါလီမာန်တွင် လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ၏ အတည်ပြုချက်ရပါကအထွေထွေရွေးကောက်ပွဲကို အချိန်စောပြီးကျင်းပနိုင်မှာဖြစ်ကြောင်း သိရှိရပါသည်။
<<Zawgyi>>
EU ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး အချိန်နောက်ဆုတ်ပေးရန် သဘောတူ
Tuesday , October 29 , 2019

0 comments:

Post a Comment