Thursday, October 31, 2019

ဩစတြေးလျမှာ တောမီးလောင်ကျွမ်းမှုကြောင့် ကိုအာလာဝက်ဝံရာနဲ့ချီသေဆုံး


ဩစတြေးလျနိုင်ငံ၊ နယူးဆော့သ်ဝေးပြည်နယ် မြောက်ဘက်ကမ်းရိုးတန်းမှာ အောက်တို ဘာလ (၃၁) ရက်နေ့ တောမီးလောင် ကျွမ်းမှုအတွင်း ကိုအာလာဝက်ဝံရာနဲ့ချီသေဆုံးခဲ့ပါတယ်။ အဲဒီနေရာဟာ ဩစတြေးလျက ကိုအာလာဝက်ဝံတွေအတွက် အဓိကသားဖောက်ရာနေရာလို့ သိရပါတယ်။
တောမီးတွေကြောင့်သေဆုံး ဒဏ်ရာရရှိတဲ့သတင်းတွေမရှိသေးပေမယ့် လေပြင်းတိုက်ခတ်မှုကြောင့် နယူးဆော့သ်ဝေးပြည်နယ်က နေရာအတော်များများမှာ အန္တရာယ်ရှိတဲ့မီးခိုးငွေ့တွေပျံ့နှံ့နေပါတယ်။

ဩစတြေးလျအရှေ့ဘက်ကမ်းရိုးတန်းမှာ လေပြင်းတွေတိုက်ခတ်မှုကြောင့် တောမီးလောင်ကျွမ်းရာက ထွက်လာတဲ့ အန္တရာယ်ရှိတဲ့မီးခိုးတွေဆစ်(ဒ)နီမြို့မှာ ဖုံးလွှမ်းခဲ့ပါတယ်။ ဆစ်ဒနီမြို့က ဒေသခံ(၅)သန်းကျော်နဲ့ နယူးဆော့သ်ဝေးပြည်နယ်က ဒေသခံတွေအတွက် အာဏာပိုင်တွေကကျန်းမာရေးသတိပေးချက်ထုတ်ပြန်ထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
Image may contain: cloud, sky, mountain, outdoor and nature
No photo description available.
Image may contain: outdoor and nature
Ref ; Reuters
<zawgyi>
ဩစတြေးလျမှာ တောမီးလောင်ကျွမ်းမှုကြောင့် ကိုအာလာဝက်ဝံရာနဲ့ချီသေဆုံး
Thursday , October 31 , 2019

ဩစတြေးလျနိုင်ငံ၊ နယူးဆော့သ်ဝေးပြည်နယ် မြောက်ဘက်ကမ်းရိုးတန်းမှာ အောက်တို ဘာလ (၃၁) ရက်နေ့ တောမီးလောင် ကျွမ်းမှုအတွင်း ကိုအာလာဝက်ဝံရာနဲ့ချီသေဆုံးခဲ့ပါတယ်။ အဲဒီနေရာဟာ ဩစတြေးလျက ကိုအာလာဝက်ဝံတွေအတွက် အဓိကသားဖောက်ရာနေရာလို့ သိရပါတယ်။
တောမီးတွေကြောင့်သေဆုံး ဒဏ်ရာရရှိတဲ့သတင်းတွေမရှိသေးပေမယ့် လေပြင်းတိုက်ခတ်မှုကြောင့် နယူးဆော့သ်ဝေးပြည်နယ်က နေရာအတော်များများမှာ အန္တရာယ်ရှိတဲ့မီးခိုးငွေ့တွေပျံ့နှံ့နေပါတယ်။

ဩစတြေးလျအရှေ့ဘက်ကမ်းရိုးတန်းမှာ လေပြင်းတွေတိုက်ခတ်မှုကြောင့် တောမီးလောင်ကျွမ်းရာက ထွက်လာတဲ့ အန္တရာယ်ရှိတဲ့မီးခိုးတွေဆစ်(ဒ)နီမြို့မှာ ဖုံးလွှမ်းခဲ့ပါတယ်။ ဆစ်ဒနီမြို့က ဒေသခံ(၅)သန်းကျော်နဲ့ နယူးဆော့သ်ဝေးပြည်နယ်က ဒေသခံတွေအတွက် အာဏာပိုင်တွေကကျန်းမာရေးသတိပေးချက်ထုတ်ပြန်ထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
Ref ; Reuters
#Myanmar_Online_News

0 comments:

Post a Comment