Tuesday, October 29, 2019

Android ဖုန်း ၈ သန်းကျော် Adware ကူးစက်ခံနေရပါတယ်၊ သင့်ဖုန်းကို စစ်ဆေးပါ

No photo description available.
Google Play Store ပေါ်က Android App ၄၀ ကျော်ဟာ ပိုက်ဆံရှာဖွေသူတွေ ဖန်တီးထားတဲ့ Adware တွေဖြစ်ကြောင်း ESET က လုံခြုံရေး သုတေသီများက ရှာဖွေတွေ့ရှိထားပါတယ်။ အဆိုပါ App များကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ စတင်ခဲ့ပြီး အကြိမ်အရေအတွက် ၈ သန်းကျော် Download ပြုလုပ်ထားပြီး ဖြစ်နေပါပြီ။ Addware App တွေဟာ သာမန်အားဖြင့် ထူးခြားမှုမရှိပေမယ့် တတိတ်တဆိတ် အလုပ်လုပ်နေလေ့ရှိပါတယ်။ ကြော်ငြာတွေကို အမျိုးမျိုးဖော်ပြနေပြီး ပြန်ဖယ်ရှားဖို့လည်း ခက်ခဲပါတယ်။ 

သုံးစွဲသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုစည်းပြီး အန္တရာယ်ရှိတဲ့ Software တွေ Install လုပ်ဖို့ အသုံးချလေ့ရှိပါတယ်။ Adware ပါရှိတဲ့ App စာရင်းကို ESET က ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ မြန်မာပြည်သူတွေ အသုံးများတဲ့ Ringtone Maker ၊ Video Downloader Master ၊ Facebook Video Downloader တို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။ အသေးစိတ်ကို https://www.welivesecurity.com/…/tracking-down-developer-a…/
မှာ ကြည့်ရှုနိုင်ပါတယ်။ Adware ပါရှိတဲ့ Camera နဲ့ Game App စာရင်းကိုလည်း https://www.documentcloud.org/…/6283123-Adware-Posing-as-85… မှာ ကြည့်နိုင်ပါတယ်။

<zawgyi>
Google Play Store ပေါ်က Android App ၄၀ ကျော်ဟာ ပိုက်ဆံရှာဖွေသူတွေ ဖန်တီးထားတဲ့ Adware တွေဖြစ်ကြောင်း ESET က လုံခြုံရေး သုတေသီများက ရှာဖွေတွေ့ရှိထားပါတယ်။ အဆိုပါ App များကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ စတင်ခဲ့ပြီး အကြိမ်အရေအတွက် ၈ သန်းကျော် Download ပြုလုပ်ထားပြီး ဖြစ်နေပါပြီ။ Addware App တွေဟာ သာမန်အားဖြင့် ထူးခြားမှုမရှိပေမယ့် တတိတ်တဆိတ် အလုပ်လုပ်နေလေ့ရှိပါတယ်။ ကြော်ငြာတွေကို အမျိုးမျိုးဖော်ပြနေပြီး ပြန်ဖယ်ရှားဖို့လည်း ခက်ခဲပါတယ်။ သုံးစွဲသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုစည်းပြီး အန္တရာယ်ရှိတဲ့ Software တွေ Install လုပ်ဖို့ အသုံးချလေ့ရှိပါတယ်။ Adware ပါရှိတဲ့ App စာရင်းကို ESET က ထုတ်ပြန်ခဲ့ပြီး အဲဒီထဲမှာ မြန်မာပြည်သူတွေ အသုံးများတဲ့ Ringtone Maker ၊ Video Downloader Master ၊ Facebook Video Downloader တို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။ အသေးစိတ်ကို https://www.welivesecurity.com/…/tracking-down-developer-a…/
မှာ ကြည့်ရှုနိုင်ပါတယ်။ Adware ပါရှိတဲ့ Camera နဲ့ Game App စာရင်းကိုလည်း https://www.documentcloud.org/…/6283123-Adware-Posing-as-85… မှာ ကြည့်နိုင်ပါတယ်။

#Myanmar_Online_News
#Adware
#Android
#VideoDownloader
#RingtoneMaker

0 comments:

Post a Comment