Thursday, October 31, 2019

“နျူကလီးယားစွမ်းအင်စိတ်ဝင်စားလာတဲ့ ဖိလစ်ပိုင်”

Image may contain: one or more people

၁။ ဖိလစ်ပိုင်တို့အနေနဲ့ အပြည်ပြည်ဆိုင်ရာ အက်တမ်စွမ်းအင် အေဂျင်စီ (International Atomic Energy Agency - IAEA) နဲ့ နျူစွမ်းအင်ဆိုင်ရာ အကြောင်းအရာတွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဖိလစ်ပိုင် သမ္မတ ဒူတာတေး အနေနဲ့လည်း နိုင်ငံတွင်း စွမ်းအင်အသုံးပြုမှုမှာ နျူကလီးယားစွမ်းအင်ကို နောင်အနာဂတ်ကာလတွေအတွက် အသုံးပြုဖို့ စိတ်ဝင်စားနေပြီး လုံခြုံမှုရှိရှိနဲ့ ငြိမ်းငြိမ်းချမ်းချမ်းအသုံးပြုသွားမှာဖြစ်ပါတယ်။

၂။​ဆက်လက်ပြီးတော့ နျူစွမ်းအင် အသုံးပြုသွားနိုင်ရေးဆိုင်ရာ အကြောင်းအရာတွေကို နိုဝင်ဘာလထဲမှာလည်း IAEA က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။ IAEA အနေနဲ့လည်း ဖိလစ်ပိုင်နိုင်ငံမှာ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မယ်ဆိုရင် လိုအပ်တဲ့အချက်တွေနဲ့ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်ပေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှုဟာ ဖိလစ်ပိုင်တို့အတွက် ပထမဦးဆုံးသောအဆင့်ဖြစ်ပြီး အကောင်အထည်ဖော်မှုတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
၃။​ဖိလစ်ပိုင်တို့အနေနဲ့ အနာဂတ်ကာလတွေမှာ နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်အတွက် ရနိုင်သမျှသောရင်းမြစ်တွေကိုအသုံးပြုသွားမှာဖြစ်ပြီး အခု နျူစွမ်းအင်စီမံကိန်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖိလစ်ပိုင်အစိုးရအနေနဲ့ ရုရှားနိုင်ငံ နျူစွမ်းအင်ဆိုင်ရာ ကုမ္ပဏီ (Russian State Atomic Company Rosatom)တစ်ခုနဲ့ နားလည်မှုသဘောတူစာချွန်လွှာ (Memorandum of Understanding) လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။
Image may contain: sky, cloud and outdoor
Image may contain: text
<<Zawgyi>>
“နျူကလီးယားစွမ်းအင်စိတ်ဝင်စားလာတဲ့ ဖိလစ်ပိုင်”
Friday , November 1 , 2019

၁။ ဖိလစ်ပိုင်တို့အနေနဲ့ အပြည်ပြည်ဆိုင်ရာ အက်တမ်စွမ်းအင် အေဂျင်စီ (International Atomic Energy Agency - IAEA) နဲ့ နျူစွမ်းအင်ဆိုင်ရာ အကြောင်းအရာတွေကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဖိလစ်ပိုင် သမ္မတ ဒူတာတေး အနေနဲ့လည်း နိုင်ငံတွင်း စွမ်းအင်အသုံးပြုမှုမှာ နျူကလီးယားစွမ်းအင်ကို နောင်အနာဂတ်ကာလတွေအတွက် အသုံးပြုဖို့ စိတ်ဝင်စားနေပြီး လုံခြုံမှုရှိရှိနဲ့ ငြိမ်းငြိမ်းချမ်းချမ်းအသုံးပြုသွားမှာဖြစ်ပါတယ်။
၂။ဆက်လက်ပြီးတော့ နျူစွမ်းအင် အသုံးပြုသွားနိုင်ရေးဆိုင်ရာ အကြောင်းအရာတွေကို နိုဝင်ဘာလထဲမှာလည်း IAEA က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။ IAEA အနေနဲ့လည်း ဖိလစ်ပိုင်နိုင်ငံမှာ နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မယ်ဆိုရင် လိုအပ်တဲ့အချက်တွေနဲ့ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်ပေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှုဟာ ဖိလစ်ပိုင်တို့အတွက် ပထမဦးဆုံးသောအဆင့်ဖြစ်ပြီး အကောင်အထည်ဖော်မှုတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
၃။ဖိလစ်ပိုင်တို့အနေနဲ့ အနာဂတ်ကာလတွေမှာ နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်အတွက် ရနိုင်သမျှသောရင်းမြစ်တွေကိုအသုံးပြုသွားမှာဖြစ်ပြီး အခု နျူစွမ်းအင်စီမံကိန်းကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖိလစ်ပိုင်အစိုးရအနေနဲ့ ရုရှားနိုင်ငံ နျူစွမ်းအင်ဆိုင်ရာ ကုမ္ပဏီ (Russian State Atomic Company Rosatom)တစ်ခုနဲ့ နားလည်မှုသဘောတူစာချွန်လွှာ (Memorandum of Understanding) လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်။

0 comments:

Post a Comment