Thursday, October 31, 2019

ဆွီဒင်ရေတပ်မှာအသုံးပြုသွားမဲ့ CB90 အမြန်သွားတိုက်ခိုက်ရေးရေယာဉ်ငယ်

Image may contain: outdoor and water

၁။​ဆွီဒင်ရေတပ်အနေနဲ့ Defense Contractor Saab နဲ့ပူးပေါင်းပြီး CB90 HSM အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်ငယ် စုစုပေါင်း ၁၈ စီးကို အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာြဖစ်ပါတယ်။ အဲ့ဒီရေယာဉ်တွေ ဝယ်ယူရေးကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတုန်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကုန်ကျတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၇.၃ မီလီယံ ဖြစ်ပါတယ်။

၂။​အခုအခါမှာ အဆင့်မြှင့်တင်မှုပြုလုပ်ပြီးတဲ့ ပထမဆုံးသောအစီးကို Saab’s Dockstavarvet ကနေ လွှဲပြောင်းလက်ခံရယူခဲ့ပါတယ်။ အဓိကအားဖြင့် အမြန်နှုန်း၊ ထိန်းချုပ်လှုပ်ရှားမောင်းနှင်မှု၊ တိုက်ခိုက်ရေးစွမ်းရည်နဲ့ စောင့်ကြည့်ထောက်လှမ်းရေး အာရုံခံကိရိယာပိုင်းဆိုင်ရာတို့ကို အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၁၈ စီးအနက် ပထမဆုံးအစီး လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်လို့ ကျန် ၁၇ စီးကို လာမဲ့ နိုဝင်ဘာလထဲမှာ ဆက်လက်လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။
၃။​အမြန်နှုန်းနဲ့ ထိန်းချုပ်မှုပိုင်းဆိုင်ရာတို့အတွက် အင်ဂျင်ပိုင်း အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့ပါတယ်။ တိုက်ခိုက်မှုစနစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ Trackfire System ကို ပြောင်းလဲ အသုံးပြု ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ပစ်မှတ်ကို ပစ်ခတ်တိုက်ခိုက်ဖို့ Line of Sight (SILOS) ပိုမိုတိကျစေနိုင်မယ်လို့ သိရပါတယ်။ ရေယာဉ်ငယ်အနေနဲ့ အလျား ၁၆ မီတာ၊ ရေစူး ၀.၉ မီတာရှိပြီး အမြန်ဆုံး အမြန်နှုန်းက 45 knots ဖြစ်ပါတယ်။ သယ်ယူနိုင်တဲ့ဝန်အားဖြင့် Maximum Load က ၂၄.၅ တန်ခန့် ဖြစ်ပါတယ်။ ရေမိုင် ၃၀၀ ခန့်ကို မရပ်မနား ခုတ်မောင်းနိုင်တဲ့ ရေယာဉ်ငယ်တွေဖြစ်ပါတယ်။
Image may contain: outdoor
Image may contain: ocean, sky, outdoor, water and nature
Image may contain: text and outdoor
Image may contain: ocean, sky, outdoor and water
Image may contain: ocean, sky, outdoor, water and nature
Image may contain: sky, outdoor and water
<<Zawgyi>>
“ဆွီဒင်ရေတပ်မှာအသုံးပြုသွားမဲ့ CB90 အမြန်သွားတိုက်ခိုက်ရေးရေယာဉ်ငယ်”
Friday , November 1 , 2019

၁။ဆွီဒင်ရေတပ်အနေနဲ့ Defense Contractor Saab နဲ့ပူးပေါင်းပြီး CB90 HSM အမြန်သွားတိုက်ခိုက်ရေး ရေယာဉ်ငယ် စုစုပေါင်း ၁၈ စီးကို အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီရေယာဉ်တွေ ဝယ်ယူရေးကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတုန်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကုန်ကျတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၇.၃ မီလီယံ ဖြစ်ပါတယ်။
၂။အခုအခါမှာ အဆင့်မြှင့်တင်မှုပြုလုပ်ပြီးတဲ့ ပထမဆုံးသောအစီးကို Saab’s Dockstavarvet ကနေ လွှဲပြောင်းလက်ခံရယူခဲ့ပါတယ်။ အဓိကအားဖြင့် အမြန်နှုန်း၊ ထိန်းချုပ်လှုပ်ရှားမောင်းနှင်မှု၊ တိုက်ခိုက်ရေးစွမ်းရည်နဲ့ စောင့်ကြည့်ထောက်လှမ်းရေး အာရုံခံကိရိယာပိုင်းဆိုင်ရာတို့ကို အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ၁၈ စီးအနက် ပထမဆုံးအစီး လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်လို့ ကျန် ၁၇ စီးကို လာမဲ့ နိုဝင်ဘာလထဲမှာ ဆက်လက်လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။
၃။အမြန်နှုန်းနဲ့ ထိန်းချုပ်မှုပိုင်းဆိုင်ရာတို့အတွက် အင်ဂျင်ပိုင်း အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့ပါတယ်။ တိုက်ခိုက်မှုစနစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ Trackfire System ကို ပြောင်းလဲ အသုံးပြု ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ပစ်မှတ်ကို ပစ်ခတ်တိုက်ခိုက်ဖို့ Line of Sight (SILOS) ပိုမိုတိကျစေနိုင်မယ်လို့ သိရပါတယ်။ ရေယာဉ်ငယ်အနေနဲ့ အလျား ၁၆ မီတာ၊ ရေစူး ၀.၉ မီတာရှိပြီး အမြန်ဆုံး အမြန်နှုန်းက 45 knots ဖြစ်ပါတယ်။ သယ်ယူနိုင်တဲ့ဝန်အားဖြင့် Maximum Load က ၂၄.၅ တန်ခန့် ဖြစ်ပါတယ်။ ရေမိုင် ၃၀၀ ခန့်ကို မရပ်မနား ခုတ်မောင်းနိုင်တဲ့ ရေယာဉ်ငယ်တွေဖြစ်ပါတယ်။

0 comments:

Post a Comment