Thursday, October 31, 2019

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး ကျဆုံးရာနေရာ ဝန်ကြီးများရုံးတွင် အနှိပ်ခန်းဖွင့်တဲ့အပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာပြောလဲ

Image may contain: 1 personImage may contain: 1 person, eyeglasses

မြန်မာနိုင်ငံ၏ သမိုင်းတွင် မှတ်ကျောက်တင်ရမည့် သမိုင်းဝင်နေရာများတွင် ရန်ကုန်မြို့တွင် တည်ရှိသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး ကျဆုံးရာ နေရာတစ်ခုဖြစ်သည့် ဝန်ကြီးများရုံးကို အကြီး စားပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

ယင်းသို့ ပြင်ဆင်မှုတွင် အဆိုပါနေရာများတွင် ပြခန်းများပါဝင်ကာ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရ သော်လည်း ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်တွင် ဝန်ကြီးများရုံးတွင် အနှိပ်ခန်းဖွင့်လှစ်ခွင့်ပေးသည့် အပေါ်တွင် ဝေဖန်မှုများဖြစ်ပေါ်လျက်ရှိပါသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်များ၏ သဘောထားအမြင်များကိုဖော်ပြလိုက်ပါတယ်။
ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက " ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ခွင့်ပြုမယ်လို့မထင်ထားဘူး၊ စင်ကာပူနိုင်ငံကလာလုပ်တာ တကယ့်ကိုအခမ်းအနာတွေနဲ့ပြုလုပ်ပြီး ပြည်သူလူထုက လက်မခံလို့ မျှော်မှန်းထားတဲ့အခြေအနေတွေ ဖြစ်မလာတော့တာပဲ။ ရန်ကုန်တိုင်းမြို့တော်ဝန်ရှင်းပြသွားတဲ့အချိန်ကတော့ လက်ခံနိုင်စရာဖြစ်ပြီး တကယ့် မြေပြင်လုပ်တဲ့အချိန်မှာလွဲနေတယ်။ တကယ့်ပြဿနာဖြစ်လာမှ လုပ်ငန်းလိုင်စင်မပေးရသေးဘူးဆိုပြီး တာဝန်ယူ တာဝန်ခံမှုမရှိတော့ဘူး၊ ဘယ်သူက ခွင့်ပြုတာ လည်း နောက်ဆက်တွဲ မေးခွန်းတွေက အများကြီးဘဲ" လို့ ဝေဖန်ပြောကြားသွားခဲ့သည်။

မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက " ကျန်းမာရေးနဲ့ပတ်သက်တဲ့အနှိပ်ခန်းတွေတော့ အားပေးပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေကိုကြည့်ရင် အနှိပ်ခန်းတွေကို အားပေးသော်လည်း ပြည်သူလူထု၏ အထွတ်အမြတ်ထားတဲ့ သမိုင်းဝင်အဆောက်အအုံတွေမှာ ထားရှိတာမတွေ့ရဘူး။ နိုင်ငံရဲ့သမိုင်းဝင် ဝန်ကြီးများရုံးမှာ အခုလို အနိုပ်ခန်းဖွင့်တယ်ဆိုတာ မသင့်တော်ဘူး" လို့ ဝေဖန်ပြောကြားသွားခဲ့သည်။
<zawgyi>
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး ကျဆုံးရာနေရာ ဝန်ကြီးများရုံးတွင် အနှိပ်ခန်းဖွင့်တဲ့အပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာပြောလဲ
Friday , November 1 , 2019

မြန်မာနိုင်ငံ၏ သမိုင်းတွင် မှတ်ကျောက်တင်ရမည့် သမိုင်းဝင်နေရာများတွင် ရန်ကုန်မြို့တွင် တည်ရှိသော ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး ကျဆုံးရာ နေရာတစ်ခုဖြစ်သည့် ဝန်ကြီးများရုံးကို အကြီး စားပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
ယင်းသို့ ပြင်ဆင်မှုတွင် အဆိုပါနေရာများတွင် ပြခန်းများပါဝင်ကာ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရ သော်လည်း ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်ပေါ်တွင် ဝန်ကြီးများရုံးတွင် အနှိပ်ခန်းဖွင့်လှစ်ခွင့်ပေးသည့် အပေါ်တွင် ဝေဖန်မှုများဖြစ်ပေါ်လျက်ရှိပါသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်များ၏ သဘောထားအမြင်များကိုဖော်ပြလိုက်ပါတယ်။
ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက " ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ခွင့်ပြုမယ်လို့မထင်ထားဘူး၊ စင်ကာပူနိုင်ငံကလာလုပ်တာ တကယ့်ကိုအခမ်းအနာတွေနဲ့ပြုလုပ်ပြီး ပြည်သူလူထုက လက်မခံလို့ မျှော်မှန်းထားတဲ့အခြေအနေတွေ ဖြစ်မလာတော့တာပဲ။ ရန်ကုန်တိုင်းမြို့တော်ဝန်ရှင်းပြသွားတဲ့အချိန်ကတော့ လက်ခံနိုင်စရာဖြစ်ပြီး တကယ့် မြေပြင်လုပ်တဲ့အချိန်မှာလွဲနေတယ်။ တကယ့်ပြဿနာဖြစ်လာမှ လုပ်ငန်းလိုင်စင်မပေးရသေးဘူးဆိုပြီး တာဝန်ယူ တာဝန်ခံမှုမရှိတော့ဘူး၊ ဘယ်သူက ခွင့်ပြုတာ လည်း နောက်ဆက်တွဲ မေးခွန်းတွေက အများကြီးဘဲ" လို့ ဝေဖန်ပြောကြားသွားခဲ့သည်။

မရမ်းကုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက " ကျန်းမာရေးနဲ့ပတ်သက်တဲ့အနှိပ်ခန်းတွေတော့ အားပေးပါတယ်။ အိမ်နီးနားချင်းနိုင်ငံတွေကိုကြည့်ရင် အနှိပ်ခန်းတွေကို အားပေးသော်လည်း ပြည်သူလူထု၏ အထွတ်အမြတ်ထားတဲ့ သမိုင်းဝင်အဆောက်အအုံတွေမှာ ထားရှိတာမတွေ့ရဘူး။ နိုင်ငံရဲ့သမိုင်းဝင် ဝန်ကြီးများရုံးမှာ အခုလို အနိုပ်ခန်းဖွင့်တယ်ဆိုတာ မသင့်တော်ဘူး" လို့ ဝေဖန်ပြောကြားသွားခဲ့သည်။

0 comments:

Post a Comment