Thursday, October 31, 2019

TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ ဖမ်းဆီးခေါ်ဆောင်ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားသူ၏ အလောင်းအား မိသားစုများမှ ငွေကျပ် ၇ သိန်းဖြင့် ပြန်လည်ရွေးယူရ

Image may contain: 1 person, standing

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းဒေသခံတစ်ဦးအား TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးခဲ့သည့် အလောင်းကို ငွေကျပ် ၇ သိန်းဖြင့် မိသားစုမှ သွားရောက်ရွေးယူခဲ့ရကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ နမ့်ခမ်းမြို့၊ အောင်မေတ္တာ (၁၄) ရပ်ကွက်နေ ဦးလောက်လူ (၄၉ နှစ်) ဆိုသူဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က TNLA အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ နောက်ဆုံးအကြိမ် ဖုန်းဆက်စဉ်က ငွေကျပ် သိန်း ၂၆၀ ဖြင့် ၎င်းအား လာရောက်ရွေးယူရန် ပြောကြားခဲ့သော်လည်း ငွေမပြည့်သဖြင့် ခေတ္တစောင့်ဆိုင်းပေးရန် တောင်းပန်ထားစဉ် အောက်တိုဘာလ ၃၀ ရက်က သေဆုံးသွားကြောင်း အကြောင်းကြားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအား ကွတ်ခိုင်မြို့နယ်၊ မိုင်းမူလေး၊ လွယ်ကျလားအုပ်စု၊ မန်လိန်းအွန်ရွာတွင် သွားရောက်ရွေးယူခဲ့ရခြင်း ဖြစ်ပြီး အဆိုပါနေရာတွင် အခြားသူ ၁၀ ဦးခန့်မှာလည်း ဖမ်းဆီးခံထားရဆဲဖြစ်ကာ နမ့်ခမ်းမြို့နယ်၊ သာယာကုန်း ရပ်ကွက်နေ ကလေး ၂ ယောက်မိခင် ဒေါ်လီရှောက်မိန်အား ဇူလိုင်လ ၁၄ ရက်က ဖမ်းဆီးခဲ့ပြီးနောက် ငွေကျပ် သိန်း ၇၀ ဖြင့် လာရောက်ရွေးယူရန် ပြောဆိုခဲ့သော်လည်း စရန်ငွေဝက် ၃၅ သိန်းပေးပြီးနောက် ငွေမပြည့်သဖြင့် သွားရောက် ခေါ်ဆောင်စဉ် ငွေကျပ် သိန်း ၇၀၀ တောင်းဆိုခဲ့သဖြင့် ရွေးယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ဩဂုတ်လနောက်ပိုင်းတွင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များသည် ငွေအတောင်းကြမ်းလာကြောင်းသိရှိရပြီး မိသားစုတွေလည်း နောက်ပိုင်းက ငွေပေးဖို့ ဘယ်လိုမှ မတက်နိုင်ကြရဘဲ ဖြစ်နေရကြောင်း သိရှိရသည်။
<zawgyi>
TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ ဖမ်းဆီးခေါ်ဆောင်ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသွားသူ၏ အလောင်းအား မိသားစုများမှ ငွေကျပ် ၇ သိန်းဖြင့် ပြန်လည်ရွေးယူရ
Friday , November 1 , 2019

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းဒေသခံတစ်ဦးအား TNLA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပန်းနှိပ်စက်မှုများကြောင့် သေဆုံးခဲ့သည့် အလောင်းကို ငွေကျပ် ၇ သိန်းဖြင့် မိသားစုမှ သွားရောက်ရွေးယူခဲ့ရကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ နမ့်ခမ်းမြို့၊ အောင်မေတ္တာ (၁၄) ရပ်ကွက်နေ ဦးလောက်လူ (၄၉ နှစ်) ဆိုသူဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်က TNLA အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ နောက်ဆုံးအကြိမ် ဖုန်းဆက်စဉ်က ငွေကျပ် သိန်း ၂၆၀ ဖြင့် ၎င်းအား လာရောက်ရွေးယူရန် ပြောကြားခဲ့သော်လည်း ငွေမပြည့်သဖြင့် ခေတ္တစောင့်ဆိုင်းပေးရန် တောင်းပန်ထားစဉ် အောက်တိုဘာလ ၃၀ ရက်က သေဆုံးသွားကြောင်း အကြောင်းကြားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအား ကွတ်ခိုင်မြို့နယ်၊ မိုင်းမူလေး၊ လွယ်ကျလားအုပ်စု၊ မန်လိန်းအွန်ရွာတွင် သွားရောက်ရွေးယူခဲ့ရခြင်း ဖြစ်ပြီး အဆိုပါနေရာတွင် အခြားသူ ၁၀ ဦးခန့်မှာလည်း ဖမ်းဆီးခံထားရဆဲဖြစ်ကာ နမ့်ခမ်းမြို့နယ်၊ သာယာကုန်း ရပ်ကွက်နေ ကလေး ၂ ယောက်မိခင် ဒေါ်လီရှောက်မိန်အား ဇူလိုင်လ ၁၄ ရက်က ဖမ်းဆီးခဲ့ပြီးနောက် ငွေကျပ် သိန်း ၇၀ ဖြင့် လာရောက်ရွေးယူရန် ပြောဆိုခဲ့သော်လည်း စရန်ငွေဝက် ၃၅ သိန်းပေးပြီးနောက် ငွေမပြည့်သဖြင့် သွားရောက် ခေါ်ဆောင်စဉ် ငွေကျပ် သိန်း ၇၀၀ တောင်းဆိုခဲ့သဖြင့် ရွေးယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“ဩဂုတ်လနောက်ပိုင်းတွင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များသည် ငွေအတောင်းကြမ်းလာကြောင်းသိရှိရပြီး မိသားစုတွေလည်း နောက်ပိုင်းက ငွေပေးဖို့ ဘယ်လိုမှ မတက်နိုင်ကြရဘဲ ဖြစ်နေရကြောင်း သိရှိရသည်။

0 comments:

Post a Comment