Monday, October 28, 2019

ပါကစ္စတန်တွင် အရည်အချင်း မပြည့်မီတဲ့ ဆရာဝန် ၆ သိန်းနီးပါးရှိပြီး ဆရာဝန်တစ်ဦးကြောင့် ကလေး ၉၀၀ နီးပါး HIV ကူးစက်ခဲ့ရ

Image may contain: 7 people, people sitting, child, table and indoorImage may contain: 2 people, people sitting and shoes

ပါကစ္စတန်နိုင်ငံတောင်ပိုင်းက ရာတိုဒီရိုမြို့မှာ ဆေးထိုးအပ်တွေကို အကြိမ်ကြိမ် ပြန်သုံးခဲ့တဲ့ ကလေးရောဂါကု ဆရာဝန်တစ်ဦးကြောင့် ကလေးဦးရေ ၉၀၀ နီးပါးအထိ HIV ပိုး ကူးစက်ခံခဲ့ရတာကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး အရာရှိတွေက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ခုနှစ်အစောပိုင်းကစလို့ ကလေးတွေမှာ ရောဂါပိုးစတင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဆေးကုသမှု လုပ်ထုံးလုပ်နည်း အလွဲတွေလုပ်နေခဲ့ကြောင်း မိဘတွေရဲ့ တိုင်ကြားမှုကြောင့် ကျန်းမာရေး အရာရှိတွေ ပါဝင်တဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့အပြီးမှာ ဆင့်ရှ်ပြည်နယ် ရာတိုဒီရိုမြို့ငယ်လေးမှ ကလေးကု ဆရာဝန်ဖြစ်သူ ဒေါက်တာ မူဇက်ဖာ ဂန်ဂါရိုကို မေလအတွင်းမှာ ဖမ်းဆီးခဲ့ကာ တာဝန်ပေါ့လျော့မှု၊ လူသတ်မှုတွေနဲ့ စွဲချက်တင်ခဲ့ဖြစ်ကြောင်း သိရှိရသည်။
ယင်း မြို့မှာ ဧပြီလကစလို့ HIV ကူးစက်ခံခဲ့ရတဲ့ အရွယ်ရောက် ပြီးသူ ၂၀၀ ခန့်ရှိခဲ့ကြောင်း
ဒါပေမဲ့ အခု တွေ့ရှိမှုဟာ လူဦးရေ ၂ သိန်းလောက်ရှိတဲ့ ရာတိုဒီရိုမြို့မှာ လူဦးရေ လေးပုံ တစ်ပုံလောက်ကိုသာ စမ်းသပ်ပြီးထားသေးတဲ့ ရလဒ်ဖြစ်တာကြောင့် ရောဂါပိုးတွေ့ရှိတဲ့ ဦးရေ တိုးလာ ဖွယ်ရှိနေတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဂန်ဂါရိုရဲ့ ဖြစ်ရပ်ဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ကူးစက်မှု နှစ်ဆကျော်ရှိသွားခဲ့တဲ့ ရောဂါပိုးနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံမှာ အသိပညာဗဟုသုတ နည်းပါးမှု ကျယ်ကျယ်ပြန့်ပြန့်ရှိနေသေးတယ်ဆိုတာ ရောင်ပြန်ဟပ် နေကြောင်း အရည်အချင်း မပြည့်မီတဲ့ ဆရာဝန် ၆ သိန်းလောက်ဟာ ပါကစ္စတန်နိုင်ငံမှာ ဥပဒေနဲ့မညီဘဲ ဆေးကုသမှုတွေ လုပ်နေတယ်လို့ ခန့်မှန်းထားကာ ၎င်းတို့ထဲက ထက်ဝက်နီးပါးလောက်ဟာ အခု ရာတိုဒီရိုမြို့တည်ရှိတဲ့ ပြည်နယ်တခွင်မှာ လုပ်ကိုင်နေကြတာဖြစ်ကြောင်း ကုလအဖွဲ့အစည်းက ပြောဆိုခဲ့ကြောင်း သိရှိရသည်။
<<zawgyi>>
ပါကစ္စတန်တွင် အရည်အချင်း မပြည့်မီတဲ့ ဆရာဝန် ၆ သိန်းနီးပါးရှိပြီး ဆရာဝန်တစ်ဦးကြောင့် ကလေး ၉၀၀ နီးပါး HIV ကူးစက်ခဲ့ရ
Tuesday , October 29 , 2019

ပါကစ္စတန်နိုင်ငံတောင်ပိုင်းက ရာတိုဒီရိုမြို့မှာ ဆေးထိုးအပ်တွေကို အကြိမ်ကြိမ် ပြန်သုံးခဲ့တဲ့ ကလေးရောဂါကု ဆရာဝန်တစ်ဦးကြောင့် ကလေးဦးရေ ၉၀၀ နီးပါးအထိ HIV ပိုး ကူးစက်ခံခဲ့ရတာကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး အရာရှိတွေက ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ခုနှစ်အစောပိုင်းကစလို့ ကလေးတွေမှာ ရောဂါပိုးစတင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဆေးကုသမှု လုပ်ထုံးလုပ်နည်း အလွဲတွေလုပ်နေခဲ့ကြောင်း မိဘတွေရဲ့ တိုင်ကြားမှုကြောင့် ကျန်းမာရေး အရာရှိတွေ ပါဝင်တဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့အပြီးမှာ ဆင့်ရှ်ပြည်နယ် ရာတိုဒီရိုမြို့ငယ်လေးမှ ကလေးကု ဆရာဝန်ဖြစ်သူ ဒေါက်တာ မူဇက်ဖာ ဂန်ဂါရိုကို မေလအတွင်းမှာ ဖမ်းဆီးခဲ့ကာ တာဝန်ပေါ့လျော့မှု၊ လူသတ်မှုတွေနဲ့ စွဲချက်တင်ခဲ့ဖြစ်ကြောင်း သိရှိရသည်။
ယင်း မြို့မှာ ဧပြီလကစလို့ HIV ကူးစက်ခံခဲ့ရတဲ့ အရွယ်ရောက် ပြီးသူ ၂၀၀ ခန့်ရှိခဲ့ကြောင်း
ဒါပေမဲ့ အခု တွေ့ရှိမှုဟာ လူဦးရေ ၂ သိန်းလောက်ရှိတဲ့ ရာတိုဒီရိုမြို့မှာ လူဦးရေ လေးပုံ တစ်ပုံလောက်ကိုသာ စမ်းသပ်ပြီးထားသေးတဲ့ ရလဒ်ဖြစ်တာကြောင့် ရောဂါပိုးတွေ့ရှိတဲ့ ဦးရေ တိုးလာ ဖွယ်ရှိနေတယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဂန်ဂါရိုရဲ့ ဖြစ်ရပ်ဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ကူးစက်မှု နှစ်ဆကျော်ရှိသွားခဲ့တဲ့ ရောဂါပိုးနဲ့ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံမှာ အသိပညာဗဟုသုတ နည်းပါးမှု ကျယ်ကျယ်ပြန့်ပြန့်ရှိနေသေးတယ်ဆိုတာ ရောင်ပြန်ဟပ် နေကြောင်း အရည်အချင်း မပြည့်မီတဲ့ ဆရာဝန် ၆ သိန်းလောက်ဟာ ပါကစ္စတန်နိုင်ငံမှာ ဥပဒေနဲ့မညီဘဲ ဆေးကုသမှုတွေ လုပ်နေတယ်လို့ ခန့်မှန်းထားကာ ၎င်းတို့ထဲက ထက်ဝက်နီးပါးလောက်ဟာ အခု ရာတိုဒီရိုမြို့တည်ရှိတဲ့ ပြည်နယ်တခွင်မှာ လုပ်ကိုင်နေကြတာဖြစ်ကြောင်း ကုလအဖွဲ့အစည်းက ပြောဆိုခဲ့ကြောင်း သိရှိရသည်။
#Dhaka_Tribune #Myanmar_Online_News

0 comments:

Post a Comment