Tuesday, October 29, 2019

မူးယစ်ဆေးဝါးများ ခိုးသွင်းလိမ့်မည်ဟု သတင်းပေးချက်ကြောင့် ဘင်္ဂါလီတစ်ဦးကို ယာဘဆေးပြား ၈၀၀၀၀၀ နှင့်အတူ ဖမ်းဆီးရမိ

Image may contain: 2 people, people standing

ဘင်္ဂလားဒေ့ရှ် လျှပ်တစ်ပြက် တုံ့ပြန်ရေး တပ်ရင်း (RAP) က ကော့ဘဇားဒေသမှာ ဘင်္ဂါလီ(မူရင်းအသုံး ရိုဟင်ဂျာ) အမျိုသားတစ်ဦးကို ယာဘ စိတ်ကြွဆေးပြား ၈ သိန်းနဲ့အတူ ဖမ်းဆီးရမိလိုက်ကြောင်း သိရပါတယ်။

၎င်းဟာ တနင်္လာနေ့(အောက်တိုဘာ ၂၈) မနက် အစောပိုင်းက မူးယစ်ဆေးဝါးတွေကို ရေလမ်းကြောင်းကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခိုးသွင်းဖို့ လုပ်နေစဉ် အူခီယာ အူပါဇီလာဒေသ Inani ကမ်းခြေဧရိယာမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိခဲ့သူဟာ အသက် ၂၆ နှစ်အရွယ် ဂျမဲလ် အူဒင် ဆိုသူဖြစ်ပြီး တာ့ခ်နက်ဖ်ခရိုင် အန်ချီပရန် ဘင်္ဂါလီဒုက္ခသည်စခန်းမှာ နေထိုင်သူဖြစ်ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရေလမ်းကြောင်းကတဆင့် မူးယစ်ဆေးဝါးတွေ ခိုးသွင်းလိမ့်မယ်ဆိုတဲ့ သတင်းပေးချက်ကြောင့် ဘင်္ဂလားပင်လယ်အော်တလျှောက် နေရာအသီးသီးမှာ စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့ တာဖြစ်ကြောင်း RAB တပ်ဖွဲ့ အရာရှိတစ်ဦးက ပြောဆိုပါတယ်။
နောက်ပိုင်းမှာ Inani ကမ်းခြေနေရာကနေ ဂျမဲလ်ကို မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီး လိုက်နိုင်ကြောင်း သို့ပေမဲ့လည်း ယခုဖြစ်စဉ်မှာ နောက်ထပ် ဘင်္ဂါလီအမျိုးသားတွေလည်း ပါဝင်ခဲ့ပြီး ၎င်းတို့ကတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း အရာရှိက ပြောဆိုခဲ့ပါတယ်။
<zawgyi>
မူးယစ်ဆေးဝါးများ ခိုးသွင်းလိမ့်မည်ဟု သတင်းပေးချက်ကြောင့် ဘင်္ဂါလီတစ်ဦးကို ယာဘဆေးပြား ၈၀၀၀၀၀ နှင့်အတူ ဖမ်းဆီးရမိ
Tuesday , October 29 , 2019

ဘင်္ဂလားဒေ့ရှ် လျှပ်တစ်ပြက် တုံ့ပြန်ရေး တပ်ရင်း (RAP) က ကော့ဘဇားဒေသမှာ ဘင်္ဂါလီ(မူရင်းအသုံး ရိုဟင်ဂျာ) အမျိုသားတစ်ဦးကို ယာဘ စိတ်ကြွဆေးပြား ၈ သိန်းနဲ့အတူ ဖမ်းဆီးရမိလိုက်ကြောင်း သိရပါတယ်။
၎င်းဟာ တနင်္လာနေ့(အောက်တိုဘာ ၂၈) မနက် အစောပိုင်းက မူးယစ်ဆေးဝါးတွေကို ရေလမ်းကြောင်းကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခိုးသွင်းဖို့ လုပ်နေစဉ် အူခီယာ အူပါဇီလာဒေသ Inani ကမ်းခြေဧရိယာမှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိခဲ့သူဟာ အသက် ၂၆ နှစ်အရွယ် ဂျမဲလ် အူဒင် ဆိုသူဖြစ်ပြီး တာ့ခ်နက်ဖ်ခရိုင် အန်ချီပရန် ဘင်္ဂါလီဒုက္ခသည်စခန်းမှာ နေထိုင်သူဖြစ်ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ရေလမ်းကြောင်းကတဆင့် မူးယစ်ဆေးဝါးတွေ ခိုးသွင်းလိမ့်မယ်ဆိုတဲ့ သတင်းပေးချက်ကြောင့် ဘင်္ဂလားပင်လယ်အော်တလျှောက် နေရာအသီးသီးမှာ စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့ တာဖြစ်ကြောင်း RAB တပ်ဖွဲ့ အရာရှိတစ်ဦးက ပြောဆိုပါတယ်။
နောက်ပိုင်းမှာ Inani ကမ်းခြေနေရာကနေ ဂျမဲလ်ကို မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီး လိုက်နိုင်ကြောင်း သို့ပေမဲ့လည်း ယခုဖြစ်စဉ်မှာ နောက်ထပ် ဘင်္ဂါလီအမျိုးသားတွေလည်း ပါဝင်ခဲ့ပြီး ၎င်းတို့ကတော့ ထွက်ပြေးလွတ်မြောက်သွားကြောင်း အရာရှိက ပြောဆိုခဲ့ပါတယ်။

0 comments:

Post a Comment