Wednesday, October 30, 2019

ထိုင်းနိုင်ငံ၊ အူဒွန်ဌာနီပြည်နယ်ရှိ ပြည်သူ့ဆေးရုံကြီးရှေ့တွင်ရပ်တန့်ထားသောဆိုင်ကယ် ၃၄ စီး ရုတ်တရက် ထူးဆန်းစွာ မီးလောင်မှုဖြစ်ပွား

Image may contain: outdoor

ထိုင်းနိုင်ငံ အူဒွန်ဌာနီပြည်နယ်မြို့တော် မတ်ခဲန့်ရပ်ကွက် ၊ ဖော့နိယုမ်းလမ်းမကြီးဘေးရှိ ပြည်သူ့ဆေးရုံကြီးပရဝုဏ်အတွင်းအောက်တိုဘာ ၃၀ ရက်နေ့က ရပ်တန့်ထားသောဆိုင်ကယ် ၃၄ စီးထဲမှ ရုတ်တရက်ပေါက်ကွဲသံမတိုးမကျယ်ထွက်ပေါ်လာပြီး မိနစ် ၂၀ အကြာမီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဆိုင်ကယ် ၃၄ စီးစလုံးပျက်ဆီးဆုံးရှုံးသွားကြောင်းသတင်းရရှိပါသည် ။

ဖြစ်စဉ်မှာမျက်မြင်သက်သေများ၏ပြောကြားချက်အရ ဆိုင်ကယ်ရပ်တန့်ထားသည့်နေရာတွင် မည်သူမှရှိမနေဘဲ ပေါက်ကွဲသံသည်လည်း ခပ်တိုးတိုးလေးထွက်ပေါ်လာပြီးမီးခိုးများစတင်ထွက်ရှိလာကာ မီးစတင်လောင်ကျွမ်းခဲ့သည်ဟုဆိုပါသည် ၊ မီးသတ်ယာဉ် ၂ စီးဖြင့် မိနစ် ၂၀ အကြာမီးငြိမ်းသတ်နိုင်ခဲ့ပေမယ့်လည်း မီးလောင်မှုကြောင့် ဆိုင်ကယ် ၁၂ စီးမှာလုံးဝအရိုးစုသာကျန်ရှိပြီး ၁၅ စီးမှာအသုံးပြု၍မရတော့ပါ ၊ ၇ စီးမှာ အနည်းငယ်ပျက်စီးသွားပြီး ဆလွန်းကားတစ်စီးမှာလည်းမီလောင်ကျွမ်းမှုခံခဲ့ရသည်ဟုသိရှိရသည် ။
ရဲတပ်ဖွဲ့၏သုံးသပ်ချက်အရ ဆိုင်ကယ်ထိုင်ခုံအောက်တွင် Power Bank သို့ ဂက်စ်အငွေပါဝင်သောမီးခြစ်တစ်ခုခုများထည့်ထားပြီးအပူလွန်ကဲရာမှ ရုတ်တရက်ပေါက်ကွဲပြီးမီးလောင်မှုဖြစ်နိုင်ကြောင်းထင်မြင်ယူဆရသော်လည်း အဓိကမီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းပေါ်ပေါက်စေရန် အနီးရှိ CCTV မှတမ်းများနှင့် ဆိုင်ကယ်ပိုင်ရှင်များအားလုံးတစ်ဦးချင်းစီ မိမိတို့ရဲ့ဆိုင်ကယ်ထိုင်ခုံအောက်တွင်ဘာတွေသိမ်းဆည်းထားကြတယ်ဆိုတာကိုခေါ်ယူစစ်ဆေးလျှက်ရှိနေကြောင်းသိရှိရသည် ။
Image may contain: one or more people, motorcycle and outdoor

Image may contain: 1 person, motorcycle and outdoor
Image may contain: 4 people, motorcycle and outdoor
<zawgyi>
ထိုင်းနိုင်ငံ၊ အူဒွန်ဌာနီပြည်နယ်ရှိ ပြည်သူ့ဆေးရုံကြီးရှေ့တွင်ရပ်တန့်ထားသောဆိုင်ကယ် ၃၄ စီး ရုတ်တရက် ထူးဆန်းစွာ မီးလောင်မှုဖြစ်ပွား
Thursday , October 31 , 2019

ထိုင်းနိုင်ငံ အူဒွန်ဌာနီပြည်နယ်မြို့တော် မတ်ခဲန့်ရပ်ကွက် ၊ ဖော့နိယုမ်းလမ်းမကြီးဘေးရှိ ပြည်သူ့ဆေးရုံကြီးပရဝုဏ်အတွင်းအောက်တိုဘာ ၃၀ ရက်နေ့က ရပ်တန့်ထားသောဆိုင်ကယ် ၃၄ စီးထဲမှ ရုတ်တရက်ပေါက်ကွဲသံမတိုးမကျယ်ထွက်ပေါ်လာပြီး မိနစ် ၂၀ အကြာမီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဆိုင်ကယ် ၃၄ စီးစလုံးပျက်ဆီးဆုံးရှုံးသွားကြောင်းသတင်းရရှိပါသည် ။
ဖြစ်စဉ်မှာမျက်မြင်သက်သေများ၏ပြောကြားချက်အရ ဆိုင်ကယ်ရပ်တန့်ထားသည့်နေရာတွင် မည်သူမှရှိမနေဘဲ ပေါက်ကွဲသံသည်လည်း ခပ်တိုးတိုးလေးထွက်ပေါ်လာပြီးမီးခိုးများစတင်ထွက်ရှိလာကာ မီးစတင်လောင်ကျွမ်းခဲ့သည်ဟုဆိုပါသည် ၊ မီးသတ်ယာဉ် ၂ စီးဖြင့် မိနစ် ၂၀ အကြာမီးငြိမ်းသတ်နိုင်ခဲ့ပေမယ့်လည်း မီးလောင်မှုကြောင့် ဆိုင်ကယ် ၁၂ စီးမှာလုံးဝအရိုးစုသာကျန်ရှိပြီး ၁၅ စီးမှာအသုံးပြု၍မရတော့ပါ ၊ ၇ စီးမှာ အနည်းငယ်ပျက်စီးသွားပြီး ဆလွန်းကားတစ်စီးမှာလည်းမီလောင်ကျွမ်းမှုခံခဲ့ရသည်ဟုသိရှိရသည် ။
ရဲတပ်ဖွဲ့၏သုံးသပ်ချက်အရ ဆိုင်ကယ်ထိုင်ခုံအောက်တွင် Power Bank သို့ ဂက်စ်အငွေပါဝင်သောမီးခြစ်တစ်ခုခုများထည့်ထားပြီးအပူလွန်ကဲရာမှ ရုတ်တရက်ပေါက်ကွဲပြီးမီးလောင်မှုဖြစ်နိုင်ကြောင်းထင်မြင်ယူဆရသော်လည်း အဓိကမီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းပေါ်ပေါက်စေရန် အနီးရှိ CCTV မှတမ်းများနှင့် ဆိုင်ကယ်ပိုင်ရှင်များအားလုံးတစ်ဦးချင်းစီ မိမိတို့ရဲ့ဆိုင်ကယ်ထိုင်ခုံအောက်တွင်ဘာတွေသိမ်းဆည်းထားကြတယ်ဆိုတာကိုခေါ်ယူစစ်ဆေးလျှက်ရှိနေကြောင်းသိရှိရသည် ။

0 comments:

Post a Comment