Tuesday, October 29, 2019

NCA လက်မှတ်ရေးထိုးခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) မတက်ရောက်နိုင်ခဲ့ခြင်းအပေါ် တပ်မတော်မှသတင်းထုတ်ပြန်

No photo description available.

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အနေဖြင့် အောက်တိုဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် NCA လက်မှတ်ရေးထိုးခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် နိုင်ခြင်းမရှိသည့်အပေါ် တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ခရီးစဉ်လုံခြုံရေးနှင့်ပတ်သက်၍ RCSS/SSA နှင့် ဖြတ်သန်းရမည့်ဒေသအတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများ အကြား တင်းမာမှုဖြစ် ပွားနေသည့် နယ်မြေဖြစ်သောကြောင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၌ ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုးပွဲအပါအဝင် ၎င်းနောက်ပိုင်း နေပြည်တော်သို့ (၃)ကြိမ်တိုင်လာရောက်ခဲ့သည့် ခရီးစဉ်အတိုင်း တာချီလိတ်မှတစ်ဆင့်သာ လေယာဉ်ဖြင့် လာရောက် သင့် ကြောင်း နိုင်ငံတော်သမ္မတရုံးသို့ အကြံပြုတင်ပြခဲ့ခြင်းဖြစ်သည်။
NRPC တာဝန်ရှိသူများက NCA နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်နိုင်ရေးအတွက် ထပ်မံညှိ နှိုင်းသော်လည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီအနေဖြင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်မြို့သို့ သွားရမည်ဆိုလျှင် ထိုင်းနိုင်ငံ အာဏာပိုင်များအား (၃)ရက်မှ (၅)ရက်အထိ ကြိုတင် အကြောင်းကြား ခွင့်တောင်းရမည်ဟု အကြောင်း ပြန်ကြားချက်အရ NRPC မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံ မှတစ်ဆင့် နေ့ချင်း သွားလာနိုင်ရန် စီစဉ်ဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့သည့်အပြင် တာချီလိတ်မှ တစ်ဆင့် စင်းလုံးငှား လေယာဉ်ဖြင့် နေပြည်တော်သို့ လာရောက်ရန် အသင့်စီစဉ်ပေးခဲ့ကြောင်းလည်း သိရှိရပါသည်။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအရ အကောင်းမွန်ဆုံး ခရီးစဉ်ဖြစ်အောင် အကြံပြုစီစဉ် ပေးခဲ့သော်လည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် NCA လက်မှတ်ရေး ထိုးခြင်း(၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ မတက်ရောက်ခဲ့ကြောင်းနှင့် ထိုကဲ့သို့ မတက် ရောက်နိုင်ခြင်းမှာ သက်ဆိုင်ရာ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ကိစ္စရပ်သာဖြစ်ကြောင်း တပ်မတော်မှသတင်းထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
<zawgyi>
NCA လက်မှတ်ရေးထိုးခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) မတက်ရောက်နိုင်ခဲ့ခြင်းအပေါ် တပ်မတော်မှသတင်းထုတ်ပြန်
Wednesday , October 30 , 2019

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အနေဖြင့် အောက်တိုဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် NCA လက်မှတ်ရေးထိုးခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် နိုင်ခြင်းမရှိသည့်အပေါ် တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
ခရီးစဉ်လုံခြုံရေးနှင့်ပတ်သက်၍ RCSS/SSA နှင့် ဖြတ်သန်းရမည့်ဒေသအတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများ အကြား တင်းမာမှုဖြစ် ပွားနေသည့် နယ်မြေဖြစ်သောကြောင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၌ ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုးပွဲအပါအဝင် ၎င်းနောက်ပိုင်း နေပြည်တော်သို့ (၃)ကြိမ်တိုင်လာရောက်ခဲ့သည့် ခရီးစဉ်အတိုင်း တာချီလိတ်မှတစ်ဆင့်သာ လေယာဉ်ဖြင့် လာရောက် သင့် ကြောင်း နိုင်ငံတော်သမ္မတရုံးသို့ အကြံပြုတင်ပြခဲ့ခြင်းဖြစ်သည်။
NRPC တာဝန်ရှိသူများက NCA နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်နိုင်ရေးအတွက် ထပ်မံညှိ နှိုင်းသော်လည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီအနေဖြင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ်မြို့သို့ သွားရမည်ဆိုလျှင် ထိုင်းနိုင်ငံ အာဏာပိုင်များအား (၃)ရက်မှ (၅)ရက်အထိ ကြိုတင် အကြောင်းကြား ခွင့်တောင်းရမည်ဟု အကြောင်း ပြန်ကြားချက်အရ NRPC မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံ မှတစ်ဆင့် နေ့ချင်း သွားလာနိုင်ရန် စီစဉ်ဆောင်ရွက်မှုများကို ပြုလုပ်ပေးခဲ့သည့်အပြင် တာချီလိတ်မှ တစ်ဆင့် စင်းလုံးငှား လေယာဉ်ဖြင့် နေပြည်တော်သို့ လာရောက်ရန် အသင့်စီစဉ်ပေးခဲ့ကြောင်းလည်း သိရှိရပါသည်။
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအရ အကောင်းမွန်ဆုံး ခရီးစဉ်ဖြစ်အောင် အကြံပြုစီစဉ် ပေးခဲ့သော်လည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့တို့သည် NCA လက်မှတ်ရေး ထိုးခြင်း(၄)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ မတက်ရောက်ခဲ့ကြောင်းနှင့် ထိုကဲ့သို့ မတက် ရောက်နိုင်ခြင်းမှာ သက်ဆိုင်ရာ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ကိစ္စရပ်သာဖြစ်ကြောင်း တပ်မတော်မှသတင်းထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment