Thursday, October 31, 2019

တွစ်တာပေါ်မှာ ကမ္ဘာတစ်ဝန်းက နိုင်ငံရေးနဲ့ပတ်သတ်တဲ့ ကြေငြာတွေအတွက် နေရာမပေးနိုင်

No photo description available.Image may contain: 1 person

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးကြေငြာတွေကို တွစ်တာ (Twitter) က ပိတ်ပင်တားမြစ်သွားမယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂျက် ဒေါ်ဆေ က မနေ့က ပြောကြားပါတယ်။ လူမှုမီဒီယာတွေကို အသုံးချပြီး နိုင်ငံရေးသမားတွေက သတင်းမှားတွေကို ထုတ်ပြန်တဲ့အပေါ် ဝေဖန်မှုတွေ ကြီးထားလာစဉ်မှာ အမှုဆောင်အရာရှိချုပ် ဂျက် က အခုလို တွစ်တာကနေ တဆင့် ပြောကြားတာဖြစ်ပါတယ်။

အခုတားမြစ်ချက်ကို နိုဝင်ဘာလ ၂၂ ရက်နေ့က စပြီး အသက်ဝင်မှာ ဖြစ်ရာ စည်းမျဉ်းအသေးစိတ်ကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်မှာဖြစ်ပါတယ်။
တွစ်တာရဲ့ ဆုံးဖြတ်ချက်ကို ၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတလောင်း ဖြစ်ခဲ့တဲ့ ဟီလာရီ ကလင်တန် ကြိုဆို ကြောင်း သူမရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။
ဖေ့စ်ဘွတ် (Facebook) တည်ထောင်သူ မက်ခ် ဇူကာဘတ် ကတော့ သူ့ကုမ္ပဏီရဲ့ စည်းမျဉ်းကို ကာကွယ်တဲ့အနေနဲ့ ဒီမိုကရေစီစနစ်မှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ကနေ သတင်းတွေနဲ့ နိုင်ငံရေးသမားတွေကို ဆင်ဆာဖြတ်ဖို့ဆိုတာ မသင့်တော်ဘူးလို့ သူ့အနေနဲ့ ထင်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားပါတယ်။

Ref ; AFP
<zawgyi>
တွစ်တာပေါ်မှာ ကမ္ဘာတစ်ဝန်းက နိုင်ငံရေးနဲ့ပတ်သတ်တဲ့ ကြေငြာတွေအတွက် နေရာမပေးနိုင်
Friday , November 1 , 2019

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးကြေငြာတွေကို တွစ်တာ (Twitter) က ပိတ်ပင်တားမြစ်သွားမယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂျက် ဒေါ်ဆေ က မနေ့က ပြောကြားပါတယ်။ လူမှုမီဒီယာတွေကို အသုံးချပြီး နိုင်ငံရေးသမားတွေက သတင်းမှားတွေကို ထုတ်ပြန်တဲ့အပေါ် ဝေဖန်မှုတွေ ကြီးထားလာစဉ်မှာ အမှုဆောင်အရာရှိချုပ် ဂျက် က အခုလို တွစ်တာကနေ တဆင့် ပြောကြားတာဖြစ်ပါတယ်။
အခုတားမြစ်ချက်ကို နိုဝင်ဘာလ ၂၂ ရက်နေ့က စပြီး အသက်ဝင်မှာ ဖြစ်ရာ စည်းမျဉ်းအသေးစိတ်ကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်မှာဖြစ်ပါတယ်။
တွစ်တာရဲ့ ဆုံးဖြတ်ချက်ကို ၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတလောင်း ဖြစ်ခဲ့တဲ့ ဟီလာရီ ကလင်တန် ကြိုဆို ကြောင်း သူမရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။
ဖေ့စ်ဘွတ် (Facebook) တည်ထောင်သူ မက်ခ် ဇူကာဘတ် ကတော့ သူ့ကုမ္ပဏီရဲ့ စည်းမျဉ်းကို ကာကွယ်တဲ့အနေနဲ့ ဒီမိုကရေစီစနစ်မှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ကနေ သတင်းတွေနဲ့ နိုင်ငံရေးသမားတွေကို ဆင်ဆာဖြတ်ဖို့ဆိုတာ မသင့်တော်ဘူးလို့ သူ့အနေနဲ့ ထင်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားသွားပါတယ်။
Ref ; AFP
#Myanmar_Online_News

0 comments:

Post a Comment